“မင်းလှပြည့် (ဟားခါး)” ရေးသားသည့် “မိုးယံထက်ကအလှပန်းများနှင့် အခြားဝတ္ထုတိုများ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဝတ္ထုတိုပေါင်းချုပ် ဒုတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“မိုးယံထက်ကအလှပန်းများနှင့် အခြားဝတ္ထုတိုများ” စာအုပ်တွင် ၁၄ ပုဒ်ပါရှိပြီး ချင်းတိုင်းရင်းသား လူမျိုးတို့၏ ယဉ်ကျေးမှုရိုးရာ ဓလေ့၊ ရိုးရာပွဲတော်များဖြစ်ကြသည့်“ကျားအောင်ပွဲ”၊ “ပိုက် (နပန်းလုံးပြိုင်ပွဲ)”၊ “သားရေထိုးပွဲ” များ၏နှစ်သက်မြတ်နိုးဖွယ် စည်းလုံးညီညွတ်မှုများ၊ ထိုချင်း မျိုးနွယ်စု၏ ပါးရဲထိုး (ပန်းမျက်နှာ) အလှ အလေ့အထများ၊ ခွန်အားကြီးမားကြံ့ခိုင်ပြီး ရန်သူကို အရှုံးမပေးတတ်သည့် နွားနောက်ကို ပမာပြုကာ ရှာလ်လုမ်ခံတပ်ကြီးတည်ဆောက်ပြီး အသက်၊ သွေးချွေးများကို စတေး၍ နယ်ချဲ့တို့ကို ရွပ်ရွပ်ချွံချွံတိုက်ထုတ်ခဲ့ကြပုံများ၊ ဇာတိသွေး၊ ဇာတိမာန် ထက်သန်ပုံများအပြင် မိရိုးဖလာရိုးရာ ယဉ်ကျေးမှုများကို သားစဉ်မြေးဆက် ထိန်းသိမ်းစောင့်ရှောက် သွားကြရန်၊ သစ်တောနှင့် သစ်ပင်များကို ချစ်ခင်သွားကြရန်၊ အောက်ချင်းငှက်ကဲ့သို့ သစ္စာရှိ မေတ္တာထားကြရန် ညွှန်းဆိုခြင်းများကို ဝတ္ထုတိုတစ်ပုဒ်ချင်းတွင် ရသပါပါရေးဖွဲ့ထားသည့် စာအုပ် ကောင်းတစ်အုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၂၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ်(တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။