“မြေလတ်မင်းလွင်” ရေးသားသည့် “ဆိုင်းဂီတဖြင့် တိုင်းပြည်အလှဆင်သူ (သို့) အလင်္ကာကျော်စွာ စိန်စတင်း ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် စာပဒေသာ ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“ဆိုင်းဂီတဖြင့် တိုင်းပြည်အလှဆင်သူ (သို့) အလင်္ကာကျော်စွာ စိန်စတင်း” စာအုပ်တွင် မြန်မာ့ဆိုင်းဂီတလောက၌ တစ်ခေတ်တွင် တစ်ယောက် လျှမ်းလျှမ်းတောက် ထွန်းပေါက်ထင်ရှား ပေသော အလင်္ကာကျော်စွာဘွဲ့ရ ဆိုင်းပညာရှင် စိန်စတင်း၏ ဘဝနှင့်ပန်တျာဂီတ ပြည့်ဝသော ဆိုင်းပညာ၊ ပီသကြည်မြသော တစ်မူထူးသည့်လက်သံ၊ ရေးဖွဲ့သည့် တေးသီချင်း၊ ဆိုင်းလောက၏ အနာဂတ် စသည့်အကြောင်းအရာတို့ကို စေ့စုံစွာ ရေးသားထားသည်။ ဧရာဝတီတိုင်းမှ ထွက်ပေါ်လာ သော ဆိုင်းပညာရှင် စိန်စတင်း၏ ပန်တျာဂီတ လေ့လာဆည်းပူး တီထွင်မှု အံ့မခန်းသည့် လက်စွမ်း အကြောင်းရပ်တို့မှာ စိတ်ဝင်စားဖွယ်ဖြစ်ပြီး ဆိုင်းလောက၏ ရှေ့ဆောင်အဖြစ် ထင်ရှားစေသူ ဖြစ်ကြောင်း ပေါ်လွင်အောင် ရေးဖွဲ့ထားသည်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အထောက်အကူပြုပြီး ခိုင်မာသော အချက်အလက်များကို စုစည်းရေးသားထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၂၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။