“ဇာတ်ညွှန်းအကယ်ဒမီ ကိုကိုလေး” ရေးသားသည့် “ဆည်းဆာ ရသစာတမ်းများ ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဝတ္ထုတိုပေါင်းချုပ် ဒုတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“ဆည်းဆာ ရသစာတမ်းများ” စာအုပ်တွင် အသက်အရွယ် ဘဝအတွေ့အကြုံကို အခြေပြုကာ ပတ်ဝန်းကျင်အထိအတွေ့နှင့် ပေါင်းစပ်ပြီး စိတ်ဝင်စားဖွယ် အကြောင်းရပ် ဝေဝေဆာဆာဖြင့် ရေးဖွဲ့ ထားပါသည်။ လောကကြီးတွင် ပတ်ဝန်းကျင်၌ ပြောလေ့ဆိုထရှိပြီး ယဉ်ပါးသော အသုံးအနှုန်းဖြင့် တွင်ကျယ်နေသော အဆိုအမိန့်၊ အပြောအဆို၊ လမ်းညွှန်အမှတ်အသားများထဲက အတွေးကို သမားရိုးကျ မှတ်တမ်းခွဲကာ မျက်မှောက်ခေတ် မြန်မာစာပေလောကတွင် ခေတ်စားလာသော ရသဟန် စာပဒေသာအဖွဲ့ဖြင့် စုစည်းထားသောကြောင့် စာဖတ်ပရိသတ်များ ဖတ်ရှုရာတွင် ရိုးအီ မသွားသည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၂၀ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။