“ယဉ်ယဉ် (မင်းကန်)” ရေးသားသည့် “မနွမ်းပန်းခင်းကဗျာများ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ကဗျာပေါင်းချုပ် ပထမဆုရစာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“မနွမ်းပန်းခင်းကဗျာများ” စာအုပ်သည် စိတ်နှင်ရာ၊ အချိုးမညီ ပြဿနာ၊ တောစံပယ်၊ ပိတောက်ချစ်သူ၊ လောကမွန်၏ဗိသုကာ၊ စိန်ပန်းဇာနည်၊ ရတနာမွေးနေ့၊ အသစ်သို့၊ ပင်လုံသစ္စာ စသည့် ကဗျာပုဒ်ပေါင်း (၆၂) ပုဒ်ပါဝင်သည်။ ယင်းစာအုပ်နှင့် ပတ်သက်၍ စာမူဆုရွေးချယ်ရေးအဖွဲ့က “ရေးဖွဲ့ထားသည့် အကြောင်းအရာစုံသည်။ ကဗျာအဖွဲ့ပုံသဏ္ဌာန်စုံသည်။ အကြောင်းအရာနှင့် ကဗျာအဖွဲ့ပုံသဏ္ဌာန်မှာ လိုက်ဖက်သည်ချည်းဖြစ်သည်။ စကားလုံး၏အသံနှင့် အနက်အလှကို မျှတညီညွတ်စွာသုံးထားရာ ခံစားမှုပေါ်လွင်စေသည်။ ကဗျာသက်ဝင်မှု ရှိစေသည်။ တည်ငြိမ်သော ကာရန်စနစ်နှင့် သွက်လက်သော ကာရန်စနစ်ကို အလျဉ်းသင့်သလို ပေါင်းစပ်ဖွဲ့စည်းထားခြင်း၊ သံတူကပ်အလှကို သုံးထားခြင်းတို့ကြောင့် မငြီးငွေ့နိုင်သော အသံစီးဆင်းမှုကို ဖြစ်စေသည်” ဟု မှတ်ချက်ပြုထားသည့် စာအုပ်ကောင်း တစ်အုပ် ဖြစ်ပေသည်။
အဆိုပါစာအုပ်ကို ရောင်းစျေး (၂၅၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။