၂၇-၁၁-၂၀၂၁ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၃)၊ အမှတ် (၄၈)ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၃)၊ အမှတ် (၄၈)၌ အဘိုးလှိုင်၏ သူ၏မြေးများကို အမျိုးသားအောင်ပွဲ နေ့ဖြစ်ပေါ်လာပုံအကြောင်း ရှင်းပြပုံကို သရုပ်ဖော်ထားသည့် “အမျိုးသားအောင်ပွဲနေ့” မျက်နှာဖုံး ကာတွန်း၊ ကိုထက်၏ သရက်သီးစားနိုင်ရန် အကြံပေးမှုအပေါ် အချက်ကျကျ ပြန်လည်တုံ့ပြန် လိုက်နိုင်သော ဖြိုးရဲအကြောင်းကို သရုပ်ဖော်ထားသည့် “ဖြိုးရဲ” နှစ်မျက်နှာကာတွန်း၊  ကောင်းမွန် သော ဆောင်ရွက်ချက်များသည် ပျော်ရွှင်မှုကို ပေးစွမ်းနိုင်ပုံအကြောင်း ရေးဖွဲ့ထားသည့် “ရိုးသား သော ပုချို” နှစ်မျက်နှာကာတွန်း၊ မြန်မာ့တိုင်းရင်းဆေးနည်းများကို ပတ်ဝန်းကျင်ဗဟုသုတကုသမှု အနေဖြင့်လည်း သိထားသင့်ပုံအကြောင်း တင်ဆက်ထားသည့် “ပေါက်ကျော်- ကုသမှု ဗဟုသုတ” နှစ်မျက်နှာကာတွန်း၊ မိုးပျံ ပူဖောင်းလွှတ်နေသော အာတူးကို သရုပ်ဖော်ထားသည့် တစ်မျက်နှာ ကာတွန်းနှင့် လက်သည်းများတွင် အဆိပ်ထက်ပြင်းသော ရောဂါပိုးများ ခိုအောင်းနေနိုင်ကြောင်းကို သရုပ်ဖော်ထားသည့် “ကြယ်စင်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။ 

သုတဆောင်းပါးကဏ္ဍတွင် အနောက်ဥရောပနိုင်ငံများတွင်သာမက အာရှတိုက်ရှိနိုင်ငံများ အထိပါ နေရာယူလာသော ပီဇာအစားအစာအကြောင်းကို တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍတွင် ကျား၊ မျောက်၊ ယုန်နှင့် ညစောင့်ကြီးတို့အကြောင်းကို ဟာသဖြစ်ဖွယ် တင်ဆက်ထားပါသည်။ ဝတ္ထု ကဏ္ဍအနေဖြင့် သားဖြစ်သူ နှစ်သက်လွန်းသဖြင့် မိဘက အကြွေးဖြင့် ဝယ်ပေးသော ဘောလုံးကန် ဖိနပ်ကို မယူဘဲ ဆိုင်ကိုပြန်သွားသွင်းလိုက်သည့် သားလိမ္မာလေး အောင်အောင်အကြောင်းကို ဖတ်ရှု ရမည် ဖြစ်ပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်မည့် ဉာဏ်စမ်းကဏ္ဍကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် ခွဲစိတ်ကုသမှုခံယူရန် စိတ်လှုပ်ရှားကြောက်ရွံ့ နေသောသူနှင့်  သူ့မိတ်ဆွေတို့ အပြန်အလှန်ပြောဆိုပုံနှင့် အလုပ်ပြုတ်တော့မည့် ဖခင်အတွက် စိုးရိမ်ပူပန်ကြောင်း သူငယ်ချင်းနှစ်ယောက်တို့ အပြန်အလှန်ပြောထားသည့် သင်ခန်းစာသစ်အချို့ကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၃၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ