၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေဆုရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ လက်ခံလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်တွင် စာအုပ် (၂၁) မျိုး ထပ်မံရရှိ

၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၂၄ ခုနှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများအုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူ၊ ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။

အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၂၄ ခုနှစ်အတွင်း ပထမ အကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ ppd Website တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၉) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်တွင် စာအုပ် (၂၁) မျိုး ထပ်မံရရှိခဲ့ရာ လာရောက်ပေးပို့သည့် ရက်များကိုလည်း Website တွင် သတင်းအဖြစ် ဖော်ပြခဲ့ပါသည်။ ယင်းစာအုပ်များစာရင်းကို အောက်ပါအတိုင်း စုစည်း ဖော်ပြအပ်ပါသည် -

(၁) မြန်မာ့ရတနာ ကလေးကဗျာများ - သက်ဦးခင်၊ (၂) ချစ်လင်အားထားရတဲ့ ဇနီးကောင်း - မအေးပွင့်၊ (၃) ပါရမီဖြည့်ဖက် - မအေးပွင့်၊ (၄) သံတမန်စစ်မြေပြင်၏ ရှေ့တန်းတစ်နေရာမှ … - မောင်လွင်မြင့်၊ (၅) ပန်းများကိုမွှေးစေသူ ယဉ်ကျေးလိမ္မာကလေးကဗျာများ - ခိုင်ပန်းဝေ (လက်ပန်လှ)၊ (၆) ဘဝ ဂီတ အသက်သီချင်း - ဆလိုင်းပီတာဒင့်၊ (၇) Microsoft Excel အသုံးပြုပြီး Data Analysis ပြုလုပ်နည်း - Dr Soe Myint၊ (၈) ရွှေရောင်နာရီတစ်လုံးနှင့် အခြားဝတ္ထုတိုများ - မင်းလပြည့် (ဟားခါး)၊ (၉) အချစ်ဦးရဲ့ အလွမ်းဒိုင်ယာရီနှင့် အခြားဝတ္ထုတိုများ - မောင်စိန်လွင် (မင်းကင်း)၊ (၁၀) အရုပ်တွေနဲ့ ကမ္ဘာငယ် သံသာချိုအေး ကလေးကဗျာများ - ရဲမြင့်နောင်၊ (၁၁) ဥပဒေစိုးမိုးခြင်းနှင့် အုပ်ချုပ်ရေးအလုပ် - ဦးကျော်မြင့် G.A၊ (၁၂) သီကုံးပန်ဆင် ကဗျာဗုဒ္ဓဝင် - နေမင်းသန်း၊ (၁၃) ဘိုးပိုင်အကြောင်း သိကောင်းစရာ - ဦးဖိုးဌေး၊ (၁၄) ဘဏ်လုပ်ငန်းကြီးကြပ်စစ်ဆေးခြင်းနှင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲခြင်း - သန့်ဇင်၊ (၁၅) ဗုဒ္ဓမျက်စိ - ဒါရိုက်တာဇွန်မောင်မောင်၊ (၁၆) ဘန်ကောက်ကိုကျော်၍ စင်္ကာပူမှမလေးရှားသို့ - ဒါရိုက်တာဇွန်မောင်မောင်၊ (၁၇) မလှပေမယ့်လှပါတယ်နှင့် လက်ရွေးစင်ဝတ္ထုတိုများ - မြသဲ (သုတေသန)၊ (၁၈) ကျန်းမာသုခနှင့်ပြည့်စုံသည့် လူနေမှုဘဝများဆီသို့ ကျန်းမာရေးစာစုများ - ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး)၊ (၁၉) ကင်ဆာရောဂါ သိမှတ်ဖွယ်ရာအဖြာဖြာ ကျန်းမာရေးဆောင်းပါးများ - ဒေါက်တာကောင်းစံ၊ (၂၀) ကျွန်တော် တတိယ ရန်ကုန်မြို့တော်သား ရသအက်ဆေးများ - မင်းချမ်းမွန်၊ (၂၁) လနှင့်ကြယ် ကာရန်လွဲ - မေဇွန်အေး

အကြံပြုစာ/တိုင်ကြားစာ