စာပေပညာရှင်များအတွက် နိုင်ငံတော်က ချီးမြှင့်သော ငွေကြေးထောက်ပံ့ပွဲ အခမ်းအနားကို ၂၁-၁၂-၂၀၂၂ ရက်၊ နေ့လယ် (၂:၀၀) နာရီတွင် စာပေဗိမာန်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေးကို အစီအစဉ် (၅) ရပ်ဖြင့် ကျင်းပခဲ့ပြီး အစီအစဉ် (၁) တွင် စာပေဗိမာန်ရုံး၊ စာတည်းမှူးချုပ် ဦးတိုးကျော်က စာပေဖြင့် နိုင်ငံတော်ကို အကျိုးပြုနေသော ပညာရှင်များအား ကျေးဇူးတင်ကြောင်းနှင့် ဆက်လက်၍ စာပေဖြင့် နိုင်ငံတော်အကျိုးကို ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံခြင်းဖြင့် အခမ်းအနားကို စတင်ခဲ့သည်။
အစီအစဉ် (၂) တွင် စာတည်းမှူးချုပ် ဦးတိုးကျော်က စာပေပညာရှင်ကြီးများအတွက် နိုင်ငံတော်က လှူဒါန်းသော ငွေကြေးထောက်ပံ့ငွေ တစ်ဦးလျှင် ငါးသိန်းကျပ်စီကို နေရာအရောက် ပေးအပ်ချီးမြှင့်ခဲ့သည်။
အစီအစဉ် (၃) တွင် နိုင်ငံတော်မှ ငွေကြေးထောက်ပံ့မှုအတွက် စာပေပညာရှင်ကြီးများအားလုံး ကိုယ်စား ဒေါ်ချိုချိုတင် (ဆရာမ မစန္ဒာ) က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး နိုင်ငံတော်မှ စာပေ ပညာရှင်များအား အလေးထားဂုဏ်ပြုခြင်း၊ စေတနာပေးခြင်းအပေါ် မိမိတို့စာပေပညာရှင်များ အနေဖြင့် လွန်စွာ ဝမ်းမြောက်မိကြောင်းနှင့် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
အစီအစဉ် (၄) တွင် တက်ရောက်လာသော စာပေပညာရှင်များအား လက်ဖက်ရည်နှင့် မုန်းများ ဧည့်ခံကျွေးမွေးခဲ့သည်။ ထို့နောက် နေ့လယ် (၃:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။