မြန်မာ့စွယ်စုံကျမ်းများ ပြန်လည်ထုတ်ဝေရေးအတွက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်နှင့် ထွန်းဖောင်ဒေးရှင်းတို့၏ လုပ်ငန်းတာဝန်ခွဲဝေရေးဆိုင်ရာ မူဘောင်သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပ

မြန်မာ့စွယ်စုံကျမ်းများ ပြန်လည်ထုတ်ဝေရေးအတွက် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်နှင့် ထွန်းဖောင်ဒေးရှင်းတို့၏ လုပ်ငန်းတာဝန်ခွဲဝေမှုဆိုင်ရာ မူဘောင်သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို (၁၄-၈-၂၀၂၀) ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ကုန်သည်လမ်း၊ အမှတ် (၅၂၉/၅၃၁) ရှိ စာပေဗိမာန်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ထွန်းဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့် ဆရာကြီးစည်သူဒေါက်တာသော်ကောင်းတို့က အမှာစကားများ ပြောကြားသည်။

ထို့နောက် မြန်မာ့စွယ်စုံကျမ်းများ ပြည်လည်ထုတ်ဝေရေးအတွက် လုပ်ငန်းတာဝန်ခွဲဝေရေးဆိုင်ရာ မူဘောင်သဘောတူညီချက်ကို ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်နှင့် ထွန်းဖောင်ဒေးရှင်းတို့မှ ဒေါက်တာတင်လှိုင် (ဘိုးလှိုင်)တို့က ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ရှေ့မှောက်၌ လက်မှတ်ရေးထိုးကြပြီး စာချုပ်များကို လဲလှယ်ကြကြောင်း သိရသည်။

14-8photo

14-8photo-1

14-8-20photo-2

14-8-2photo-3

 

အကြံပြုစာ/တိုင်ကြားစာ