January 2026

၁၇ - ၁ - ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၃) ထွက်ရှိ

ကလေးတို့ ပေးပို့သော ပန်းချီလက်ရာများကို ဖော်ပြထားသည့် “ရွှေသွေးတို့ လက်ရာ” ကဏ္ဍ၊ နောက်ဆုံး၌ y နှင့်ဆုံးသည့် အင်္ဂလိပ်စကားလုံးများကို ရေးသားခြင်းဖြင့် ကလေးတို့ကို အင်္ဂလိပ်စာ ဝေါဟာရ တိုးပွားစေမည့် ဉာဏ်စမ်းကဏ္ဍနှင့် သောက်စားမူးယစ်ခြင်းတွင် ဘီယာ၊ ဝိုင်တို့ပါ ပါဝင်ကြောင်း နှင့် မူးယစ်ဟူသမျှ ရှောင်ရှားရမည်ဖြစ်ကြောင်းတို့ကို သီကုံးရေးစပ်ထားသည့် “ရှောင်လေဝေးဝေး မူးယစ်ဆေး” ကဗျာတို့ ပါဝင်ပါသည်။

စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ

မိသားစုအတွင်း ငွေကြေးမပြည့်စုံမှု၊ ဖခင်၏သစ္စာမဲ့၍ အိမ်ထောင့်တာဝန် ပျက်ကွက်မှု၊ မိခင်၏ကျန်းမာရေး ချူချာမှု၊ အစ်ကို၏ မလိမ္မာမှုနှင့် အိမ်တွင်းရေး မသာယာမှုများသည် လူငယ် လေးတစ်ယောက်၏ စိတ်ဓာတ်နှင့် ပညာရေးလမ်းကြောင်းအပေါ် ဆိုးကျိုးများစွာ သက်ရောက်နိုင် ကြောင်း မီးမောင်းထိုးပြထားသည်။ 

စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ

ရိုးရိုးအရိပ်သည် အလင်းရောင်ပျောက်ကွယ်သွားချိန်တွင် မရှိတော့ပေမဲ့ အကုသိုလ်ဆိုသည့် အသံမဲ့အရိပ်သည် အကျိုးပေးချိန်တန်လျှင် အမြဲတမ်းရှိနေဆဲဖြစ်ကြောင်း ဘဝနှင့်ရင်းပြီးမှ သိရပုံ၊ မိဘနှင့် သားသမီးတို့ကြား ဖြစ်လေ့ရှိသည့် မိသားစုပြဿနာများ စသည်ဖြင့် ရသသုတစုံလင်စွာဖြင့် စိတ်ဝင်စားဖွယ်ကောင်းစွာ ရေးဖွဲ့ထားသောကြောင့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။

စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ

ယင်းစာအုပ်သည် ပျို့စာဆို ဦးနိုး၏ ဘဝနှင့် ၎င်းရေးဖွဲ့ခဲ့သော စုစုပေါင်း ပျို့ရှစ်စောင်ရှိသည့်အနက် မာတာပီတသင်္ဂဟပျို့နှင့် ဝိဓူရပျို့ နှစ်စောင်မှအပ ကိန္နရာချောင်းခြားပျို့၊ ပဋာစာရီပျို့၊ ဝေဿန္တရာပျို့၊   မဟာမြတ်မုနိ ဘုရားကြီးသမိုင်းပျို့၊ မဟာဇနကပျို့၊ ရှင်မာလဲပျို့ တို့ကို အသေးစိတ်လေ့လာတင်ပြထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။ 

စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ

ဤသည်ကို ဤစာမူ ပြုစုသူက ဖြည့်ဆည်းပံ့ပိုး ပေးသည့်အနေဖြင့် လွတ်လပ်ရေးကြေညာစာတမ်းကို ရေးသားကြသူများ၊ လွတ်လပ်ရေးကြေညာ စာတမ်းပါ အကြောင်းခြင်းရာများနှင့် မြန်မာတိုင်းရင်းသားမျိုးနွယ်များ၏ လွတ်လပ်ရေးရရှိသည် အထိ ကြိုးပမ်းလှုပ်ရှားမှုများကို အထောက်အထားများနှင့်တကွ ပြုစုရေးသားထားရာ ဇာတိသွေး ဇာတိမာန် ထက်သန်စေမည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။ 

စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ နိုင်ငံရေးစာပေ ပထမဆုရရှိသည့် ကိုတိုး (ရန်ကင်း)၏  ‘ဇာတိမာန်စာဆို ပုဂ္ဂိုလ်ကျော်များ’ စာအုပ်ကို ဖြန့်ချိရောင်းချ

စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ နိုင်ငံရေးစာပေ ပထမဆုရရှိသည့် ကိုတိုး (ရန်ကင်း)၏  ‘ဇာတိမာန်စာဆို ပုဂ္ဂိုလ်ကျော်များ’ စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

စာပေဗိမာန်ပြည်သူ့စာကြည့်တိုက် (ရန်ကုန်) တွင် ယခုလ ဖတ်ရှုနိုင်သောစာအုပ်များ

စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်သည် ပြည်သူတို့ ဗဟုသုတဖြစ်စေရန်နှင့် စာဖတ်အလေ့အကျင့် တိုးပွားစေရန်၊ အတွေးအခေါ်ရင့်သန်လာ၍ ဉာဏ်အမြော်အမြင်ကြီးပွားလာစေရန်၊ နိုင်ငံ့သားကောင်း များ ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်များထားရှိကာ သုတ၊ ရသစာအုပ်မျိုးစုံဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည်။

၁၀-၁-၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၂)ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂)နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်းထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၂)၌ မြေခွေးဖိုးရှုပ်၏ အနိုင်ကျင့်မှုကို ခံရသော ဝက်ဝံလေး ညိုညို၏ အခက်အခဲကို ကူညီဖြေရှင်းပေးသော ဉာဏ်ကောင်းသည့် ယုန်လေးဖြူဖြူအကြောင်း သရုပ်ဖော်ထားသည့် “ညိုညိုနဲ့ ဖြူဖြူ” မျက်နှာဖုံးကာတွန်း၊ ရွှေပိုး၏ အိပ်မက်ထဲတွင် လေဆာ ရောင်ခြည်သေနတ်ဖြင့် သစ်ပင်များ ခုတ်လှဲကာ ဓာတ်ကြိုးများ ပြတ်ကျသွား၍ လန့်နိုးသွားသ

အကြံပြုစာ/တိုင်ကြားစာ