ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

Mar 01, 2024
၂၀၂၄ ခုနှစ်၊ မတ်လ ၂ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၆)၊ အမှတ်(၉) ၌ လူတော်ဟုဆိုရာတွင် ကိုယ်တစ်ဦးတည်း သိနေ၊ တတ်နေရုံမျှမက မိမိပတ်ဝန်းကျင်ကိုလည်း မိမိကဲ့သို့ပင် သိအောင်၊ တတ်အောင် စွမ်းဆောင်ပေးသင့်ကြောင်း တင်ဆက်ထားသည့် “ပုပုပါဝင်သည့် လူတော်ဆိုတာ” မျက်နှာဖုံးကာတွန်း၊ သားသမီးများသည် မိဘများ သက်ရှိထင်ရှား နေချိန်တွင် မိဘများကို ပြုစုစောင့်ရှောက်တတ်ရမည်ဖြစ်ကြောင်း
Feb 27, 2024
အဆိုပါအစည်းအဝေးတွင် အစီအစဉ် (၅) ရပ်ဖြင့် ကျင်းပခဲ့ပြီး မြန်မာ့ရည်ညွှန်းကျမ်း စီစဉ်ရေး အဖွဲ့ဥက္ကဋ္ဌ ဆရာကြီးဒေါက်တာမောင်သင်း (မောင်သင်း-သပြေ) က အဖွင့်အမှာစကားပြောကြားပြီး မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ အတွင်းရေးမှူး စာပေဗိမာန် စာတည်းမှူးချုပ် ဦးတိုးကျော်က မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၄) နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
Feb 27, 2024
INFINITE NETWORKS COMPANY LIMITED (Notice Under Section 357 A) (In Voluntary Liquidation) In the matter of the Myanmar Companies Act and Insolvency Law၊ စင်ထရယ်(လ်) မယ်ဒီကယ်(လ်) ဆားဗစ်စစ် ကုမ္ပဏီလီမိတက် (CENTRAL MEDICAL SERVICES COMPANY LIMITED) မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့် လူမွဲခံယူခြင်း ဥပဒေအရ နောက်ဆုံးအစည်းအဝေးဖိတ်ကြားခြင်းတို့ ပါဝင်ပါသည်။

PPD Office's Photo

အကြံပြုစာ/တိုင်ကြားစာ