ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

Apr 09, 2024
ဗားဂျီးနီးယား တိုဘက်ကိုး ကုမ္ပဏီလီမိတက် [လူမွဲခံယူခြင်းဆိုင်ရာဥပဒေ၏ ပုဒ်မ၁၄၇ နှင့် လူမွဲခံယူခြင်းဆိုင်ရာနည်းဥပ ဒေများ၏ နည်းဥပဒေ ၉ နှင့် ၁၅ (ခ) အရ] (စာရင်းရှင်းလင်း ဖျက်သိမ်းဆဲ)၊ IN THE MATTER OF VIRGINIA TOBACCO COMPANY LIMITED [Under Section 147 of Insolvency Law & Rules 9 & 15 (b) of Insolvency Rules] (IN LIQUIDATION)    တို့ ပါဝင်ပါသည်။
Apr 08, 2024

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် သာမန်အသုံးစရိတ်ဖြင့် ကျောင်းသုံးပုံနှိပ်လုပ်ငန်း၊ အခြားပုံနှိပ်လုပ်ငန်းနှင့် အရေးကြီးပုံနှိပ်လုပ်ငန်းများ ရိုက်နှိပ်ရာတွင် လိုအပ်သော မင်နှင့် ပုံနှိပ်ရေးပစ္စည်းများကို ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့် ဝယ်ယူရန် အိတ်ဖွင့်တင်ဒါ ခေါ်ယူ -

 

03-19

Apr 08, 2024

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် သာမန်အသုံးစရိတ်ဖြင့် ကျောင်းသုံးပုံနှိပ်လုပ်ငန်း၊ အခြားပုံနှိပ်လုပ်ငန်းနှင့် အရေးကြီးပုံနှိပ်လုပ်ငန်းများ ရိုက်နှိပ်ရာတွင် လိုအပ်သော ကုန်ကြမ်းစက္ကူများကို ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့် ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူ -

002-0

PPD Office's Photo

အကြံပြုစာ/တိုင်ကြားစာ