Prizes

၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆုအဖွဲ့ငယ် (ပဏာမအဆင့်) အစည်းအဝေး ကျင်းပ

၂ဝ၂၂ ခုနှစ် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက် လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (ပဏာမအဆင့်) အစည်းအဝေးကို ၂ဝ၂၃ ခုနှစ် ဧပြီလ ၂၅ ရက် နံနက် ၁၀ : ၃၀ မှ ၁၁ : ၃၀ နာရီအထိ လည်းကောင်း၊ နံနက်  ၁၁ : ၃၀ မှ နေ့လယ် ၁၂ : ၃၀ နာရီအထိ လည်းကောင်း၊ ရန်ကုန်မြို့  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် ၂ဝ၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆုရွေးချယ်နိုင်ရေးအတွက်   ဘာသာရပ်ဆိုင်ရာ စာမူများ ပဏာမအဆင့် ရွေးချယ်ထားမှုအခြေအနေကို စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များက ဆွေးနွေးကြကြောင်း သိရသည်။

 

၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆုရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ လက်ခံလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၅) ရက်တွင် စာအုပ် (၁) မျိုး ထပ်မံရရှိ

၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၂၂ ခုနှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများအုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူ၊ ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံး ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပ

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံး၏ ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကို (၆-၄-၂၀၂၃) ရက် နံနက် (၁၀:၃၀) နာရီတွင် စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲကို အစီအစဉ် (၅) ရပ်ဖြင့် ကျင်းပခဲ့ရာ စာတည်းမှူးချုပ် ဦးတိုးကျော်က အဖွင့်အမှာစကားပြောကြားပြီး ဌာနစိတ်အသီးသီးက တင်ပြခဲ့ကြပြီးနောက် စာပေဗိမာန်၏ ဆောင်ပုဒ်ဖြစ်သည့် “အမှောင်ခွင်း၍ အလင်းဆောင်အံ့” ကို (၃) ကြိမ် ဟစ်ကြွေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။ အဆိုပါ ဆန္ဒဖော်ထုတ်ပွဲသို့ အရာထမ်း (၁၉) ဦး၊ အမှုထမ်း (၇၁) ဦး၊ စုစုပေါင်း ဝန်ထမ်း (၉၀) ဦးတို့ တက်ရောက်ခဲ့ကြသည်။

စာပေဗိမာန်ရုံး၊ စာတည်းမှူးချုပ်နှင့် အရာထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စာပေဗိမာန်၊ စာတည်းမှူးချုပ်နှင့် အရာထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၂-၉-၂ဝ၂၂) ရက်၊ နံနက် (၁ဝ : ၄၅) နာရီတွင် စာပေဗိမာန်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် စာတည်းမှူးချုပ် ဦးတိုးကျော်က လုပ်ငန်းကိစ္စများနှင့်ပတ်သက်၍ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန် ကျန်ရှိသည်များကို အားသာချက်၊ အားနည်းချက်များ နှင့်တကွ ကနဦး ဆွေးနွေးပြောကြားသည်။ ယင်းနောက် တက်ရောက်လာကြသည့် တာဝန်ခံအရာထမ်း တို့က မိမိတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းများကို အသီးသီးဆွေးနွေးတင်ပြကြသည်။

၂၀၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုဆိုင်ရာ အစည်းအဝေးကျင်းပ

 ၂၀၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုဆိုင်ရာ အစည်းအဝေးကို (၁၅-၉-၂၀၂၂) ရက်၊ နေ့လယ်  (၁ : ၃ဝ) နာရီတွင် အမှတ် (၅၂၉ - ၅၃၁)၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ ပါသည်။

အစည်းအဝေးတွင် ၂၀၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုဆိုင်ရာကိစ္စရပ်များကို တက်ရောက်လာ ကြသူများက ဆွေးနွေးကြကာ အစည်းအဝေးကို နေ့လယ် (၂ : ၃ဝ) နာရီတွင် ရုပ်သိမ်းခဲ့သည်။

1-188

၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုဆိုင်ရာ အစည်းအဝေးကျင်းပ

 ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုဆိုင်ရာ အစည်းအဝေးကို (၁၅-၉-၂၀၂၂) ရက်၊ နံနက်  (၁ဝ : ၃ဝ) နာရီတွင် အမှတ် (၅၂၉ - ၅၃၁)၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုဆိုင်ရာကိစ္စရပ်များကို တက်ရောက်လာ ကြသူများက ဆွေးနွေးကြကာ အစည်းအဝေးကို မွန်းတည့် (၁၂ : ဝဝ) နာရီတွင် ရုပ်သိမ်းခဲ့သည်။

1-179

၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုဆိုင်ရာ အစည်းအဝေးကျင်းပ

 ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုဆိုင်ရာ အစည်းအဝေးကို (၁၃-၉-၂၀၂၂) ရက်၊ နံနက်   (၁ဝ : ၃ဝ) နာရီတွင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး၊ ကလေးစာကြည့်တိုက်  အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

၂၀၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု အဖွဲ့ငယ် အစည်းအဝေးကျင်းပ

 ၂၀၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ ဘာသာရပ်အလိုက် အစည်းအဝေးကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၇ ရက် နံနက် ၁၁ : ၀၀ နာရီက ရန်ကုန်မြို့၊  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

၂၀၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု အဖွဲ့ငယ် အစည်းအဝေးကျင်းပ

၂၀၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ ဘာသာရပ်အလိုက် အစည်းအဝေးကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၇ ရက် နံနက် ၁၀ : ၃၀ နာရီက ရန်ကုန်မြို့၊  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးသို့ စာပေဗိမာန်စာမူဆုများ စိစစ်ရွေးချယ်ရေး ကော်မတီဝင်များဖြစ်ကြသည့် ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ဦးစိန်လှိုင် (သူရဇော်)၊ ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး) နှင့် ဦးတိုးကျော် (စာတည်းမှူးချုပ်) တို့ တက်ရောက်ခဲ့ကြပါသည်။ 

မြန်မာ့စွယ်စုံကျမ်း (၂ဝ၂၃) ပြုစုထုတ်ဝေရေးဆိုင်ရာ မြန်မာ့ရည်ညွှန်းကျမ်း စီစဉ်ရေးအဖွဲ့ အစည်းအဝေးကျင်းပခြင်း

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က နှစ်စဉ်ထုတ်ဝေလျက်ရှိ သည့် မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်ဆိုင်ရာ မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ အစည်းအဝေးကို ကုန်သည် လမ်းနှင့် ၃၇ လမ်းထောင့်၊ ကျောက်တံတားမြို့နယ်ရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ၆-၉-၂၀၂၂ ရက် မွန်းလွဲ (၂ : ဝဝ) နာရီတွင် ကျင်းပခဲ့ပါသည်။

Subscribe to Prizes

အကြံပြုစာ/တိုင်ကြားစာ