အမျိုးသားစာပေဆုရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ လက်ခံလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မေလ (၁၂) ရက်တွင် စာအုပ် (၁၆၀) မျိုး ထပ်မံရရှိ

၂၀၂၆ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၂၆ ခုနှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများအုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူ၊ ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။

အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၂၆ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၃) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက် ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ ppd Website တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၉) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။

၂၀၂၆ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရန် မူပိုင်ခွင့်နှင့်မှတ်ပုံ တင်ဌာနခွဲမှ ၂၀-၃-၂၀၂၆ ရက်တွင် ၂၀၂၅ ခုနှစ်အတွက် အကျုံးဝင်သည့် စာအုပ် ၆ မျိုး ၁၂ အုပ်၊ ၂၀၂၆ ခုနှစ်အတွက် အကျုံးဝင်သည့်စာအုပ် ၉၅ မျိုး ၁၉၀ အုပ်နှင့် ၂၀၂၅ ခုနှစ်အတွက် အကျုံးမဝင်သည့် စာအုပ် ၆ မျိုး ၁၂ အုပ် နှင့် ၂၀၂၆ ခုနှစ်အတွက် အကျုံးမဝင်သည့်စာအုပ် ၅၃ မျိုး ၁၀၆ အုပ်ကို လက်ခံရရှိခဲ့ပါသည်။ ယင်းစာအုပ်များစာရင်းကို အောက်ပါအတိုင်း စုစည်းဖော်ပြအပ်ပါသည် -

1-416
2-348

3-181

4-107

 

5-69

6-54

7-34

8-28

9-18

အကြံပြုစာ/တိုင်ကြားစာ