ဘာသာပြန်ဌာနစုကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ဘာသာပြန်ဌာနစုအနေဖြင့် အောက်ပါစာအုပ်များကို ထုတ်ဝေနိုင်ခဲ့ပါသည်-
(က) အင်ဒိုနီးရှားနိုင်ငံ၏ မီဒီယာဝါဒ ပုံဖော်မှုစနစ်နှင့် တောင်ကိုရီးယားနိုင်ငံ၏ အသွင် ကူးပြောင်းခြင်းနှင့် မီဒီယာကဏ္ဍစာအုပ်တို့ကို ဌာနတွင်းသုံးစာအုပ်အဖြစ် ထုတ်ဝေခဲ့ခြင်း
(ခ) ဟီလာရီကလင်တန်၏ ခေါင်းဆောင်မှုလျှို့ဝှက်ချက်များ (ဆရာဇင်သန့်)
(ဂ) နိုင်ငံသားဖြစ်ခြင်း၏တန်ဖိုး (ဒေါ်ယဉ်မင်းထွေး-စာတည်း)
စာပေဗိမာန်နှင့် ဂျပန်နိုင်ငံ Shanti Volunteer Association (SVA) တို့ ပူးတွဲလျက် ၂၀၁၅ ခုနှစ် မှစ၍ လူငယ်ဘာသာပြန်ပွဲကို (၃) ကြိမ်ကျင်းပခဲ့ပြီး နေကမ္ဘာ၊ မြေကမ္ဘာ၊ ကြယ်စင်များဆီသို့နှင့် အာရှလူငယ်၀တ္ထုတိုများ စသည့်စာအုပ်များကို ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။ ဆက်လက်၍ စာပေဗိမာန်နှင့် (SVA) တို့ ပူးပေါင်းလျက် ကလေးစာပေ ဘာသာပြန် စာအုပ်များ ထုတ်ဝေနိုင်ရန် ဆောင်ရွက်လျက် ရှိပါသည်။