၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၁) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှတစ်ဆင့် စတင်ဖြန့်ချိ e-book

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၁) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှတစ်ဆင့် စတင်ဖြန့်ချိ ရောင်းချနေပြီ ဖြစ်ပါသည်။ ယခုအပတ်ထုတ် မြန်မာနိုင်ငံတော် ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။

အပိုင်း (၁) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အမိန့်ကြော်ငြာစာ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အမိန့်ကြော်ငြာစာ၊ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီ အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့် ကြော်ငြာစာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စက်မှုဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ပညာရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ အမိန့်ကြော်ငြာစာ၊  မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမိန့်ကြော်ငြာစာ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အမိန့်ကြော်ငြာစာတို့ ပါဝင်ပါသည်။ 

အပိုင်း (၂) တွင် အကောက်ခွန်ဦးစီးဌာန အမိန့်ကြော်ငြာစာ၊ ကုသရေးဦးစီးဌာန အမိန့်ကြော်ငြာစာ၊ စီမံရေးရာဦးစီးဌာန အမိန့်ကြော်ငြာစာတို့ ပါဝင်ပါ သည်။ 

အပိုင်း (၄) တွင် GABAR & KAY COMPANY LIMITED လူမွဲခံယူခြင်းဆိုင်ရာဥပဒေအရ ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းကြောင်းကြေညာခြင်း၊ SINOMA INTERNATIONAL ENGINEERING (MYANMAR) COMPANY LIMITED Notice Under Section Insolvency Law (Members Voluntary Winding-up) တို့ ပါဝင်ပါသည်။

ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းဈေးမှာ တစ်စောင်လျှင် ၁၂၂၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြန်တမ်းကို  အမှတ်-၅၂၉-၅၃၁ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် ဖုန်း-၀၁၈၂၄၉၀၃၁ နှင့်   ၀၁-၈၃၈၁၄၄၈၊ အမှတ်- ၅၅ (တ)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင်  ဖုန်း-၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇ တို့တွင် ဖြန့်ချိရောင်းချလျက်ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ အမှတ်-၂၂၈၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ ရန်ကုန်ရုံးခွဲ ဖုန်း ၀၁-၂၅၁၈၉၂၊ ၀၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်း နိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ