ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

Dec 12, 2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးရဲတင့်သည် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံး သို့ (၁၂-၁၂-၂၀၂၂)ရက် နံနက် (၉:၃၀) နာရီတွင် စာပေဗိမာန်ရုံးသို့ ရောက်ရှိ၍ စာပေဗိမာန် အရောင်းဆိုင်နှင့် စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်တို့အား လိုက်လံကြည့်ရှုကာ လိုအပ်သည်များ မှာကြားလမ်းညွှန်ပါသည်။
Dec 09, 2022
သုတကဏ္ဍအနေဖြင့် လူတို့၏ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့် ဗီတာမင်ကြွယ်ဝသော ကျွဲကောသီးအကြောင်းကို ဗဟုသုတရဖွယ် တင်ဆက်ထားသည့် “ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေသည့် ကျွဲကောသီး” သုတဆောင်းပါးကို တင်ဆက်ထားပါသည်။ မိဘများနှင့်အတူ တိရစ္ဆာန်ရုံသို့ သွားရာ၌ မြင်မြင်သမျှ တိရစ္ဆာန်များကို သူတို့၏သဘာဝအလိုက် ဝေဖန်
Dec 08, 2022
၂ဝ၂၂ ခုနှစ် နိုဝင်ဘာလအတွက် အသင်းပေးစာအုပ်အဖြစ် “ယဉ်ယဉ်မွန် (ရှေးဟောင်းသုတေသန)” ရေးသားသည့် “ဒွတ္တပေါင်မင်းကြီးနှင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာ” စာအုပ်ကို ဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။ အဆိုပါ စာအုပ်သည် စာပေဗိမာန် စာမူဆုပြိုင်ပွဲတွင် သုတပဒေသာ (ဝိဇ္ဇာ) ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲ စာစဉ်အဖြစ် ထုတ်ဝေ လိုက်ခြင်းဖြစ်သည်။

PPD Office's Photo

အကြံပြုစာ/တိုင်ကြားစာ