ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

Jul 25, 2023
Snowbirds Travel & Tours Company Limited မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ၃၅၇ နှင့် လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ၂၁၁ အရ (အစုရှင်များ၏ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း)၊   တို့ ပါဝင်ပါသည်။
Jul 21, 2023

နိုင်ငံရပ်ခြားသို့ သွားရောက်သည့် အရာထမ်း၊ အမှုထမ်းများ၏ အတွေ့အကြုံဗဟုသုတများကို ပြန်လည် တင်ပြသည့် အခမ်းအနားများ၊ လုပ်ငန်းလိုအပ်ချက်အရ အများပြည်သူနှင့် ဝန်ထမ်းများကို တင်ပြရသည့် အခမ်းအနားများကို ကျင်းပရာ၌ ပရိသတ်နှင့် ထိတွေ့မှုအလေ့အကျင့် ရှိစေရေး၊ တင်ပြမှု အားကောင်းစေရေးနှင့် ဆွေးနွေးသည့် အလေ့အထများ ထွန်းကားစေရေး ရည်ရွယ်ချက်များဖြင့် စာပေဗိမာန်ရုံးမှ စာတည်းအရာထမ်းများက Powerpoint Presentation အကြို ပြင်ဆင်လေ့ကျင့် မှုများ ပြုလုပ်ကြသည်။

Jul 21, 2023
အဆိုပါ အစည်းအဝေးကို အစီအစဉ် (၅) ရပ်ဖြင့် ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းအောင်ကျော် က အဖွင့်အမှာစကားပြောကြားပြီး စာတည်းမှူးချုပ် ဦးတိုးကျော်က လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းတင်ပြခဲ့ပါသည်။

PPD Office's Photo

အကြံပြုစာ/တိုင်ကြားစာ