ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

Dec 11, 2023
သုတကဏ္ဍတွင် ပေသီးသင်္ချာအကြောင်း ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုရမည်ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့် မိဘတို့၏ သားသမီးများအပေါ်ထားရှိသည့် မေတ္တာကရုဏာကြီးမားပုံ အကြောင်း တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍတွင် ပန်းဥယျာဉ်ကြီးထဲတွင် ပျားကလေးနဲ့အတူ အချိန်အကြာကြီးနေနိုင်ရန် ဒေစီပန်းအဖြစ်ကို အပြီးတိုင် ပြောင်းလဲလိုက်သော နှင်းဆီပန်းလေး အကြောင်း ရေးဖွဲ့ထားပါသည်။
Dec 05, 2023
မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဝန်ထမ်းများထောက်ပံ့ချီးမြှင့်ခြင်း သီးသန့်ရန်ပုံငွေ ဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း အမိန့်ကြော်ငြာစာ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမိန့်ကြော်ငြာစာ၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနအမိန့်ကြော်ငြာစာတို့ ပါဝင်ပါသည်။
Dec 01, 2023
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက် (စနေနေ့) တွင်ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၅)၊ အမှတ် (၄၈) ၌ သူတစ်ပါး ဒုက္ခရောက်နေပါက ကူညီသင့်ပုံနှင့် လိုအပ်သူကို အကူအညီပေးပါ က မိမိတွင်လည်း အကူအညီပြန်လည်ရရှိနိုင်ပုံကို တင်ဆက်ထားသည့် “မာန်တက်တဲ့ ညောင်ပင်” မျက်နှာဖုံးကာတွန်း၊ ကလေးများအနေဖြင့် ကျောင်းတက်ရာတွင် ပျော်ရွှင်ရပုံနှင့် စာကြိုးစားသင့်ပုံ

PPD Office's Photo

အကြံပြုစာ/တိုင်ကြားစာ