Skip to main content

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော စစ်ကိုင်းမြို့၊ လေးကျွန်းမာရ်အောင် မြတ်စွာဘုရား ပန္နက်တင်မင်္ဂလာနှင့် အုတ်မြစ်ချမင်္ဂလာ အခမ်းအနားပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ သောတပန်ရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော လေးကျွန်းမာရ်အောင်မြတ်စွာဘုရား ပန္နက်တင်ခြင်းမင်္ဂလာနှင့် အုတ်မြစ်ချခြင်းမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ပါမောက္ခချုပ် ဆရာတော်၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ မဟာဂန္ထဝါစကပဏ္ဍိတ ဓမ္မကထိကဗဟုဇနဟိတဓရ၊ အဂ္ဂမဟာပဏ္ဍိတမဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ စည်သူဘွဲ့ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒအမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးမည်

ယနေ့ညနေ ၅ နာရီခွဲ တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံ‌လေအားအသင့်အတင့်မှ အားကောင်းနေခြင်းကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏အရှိန်ကြောင့် လည်းကောင်း၊ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏အရှိန်ကြောင့် လည်းကောင်း ယနေ့ညမှ ဇူလိုင် ၇ ရက်အတွင်း မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးမည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက် လေပြင်းကျစဉ်ရေပြင်၊ မြေပြင်လေသည် တစ်နာရီ လျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၁ ပေ မှ ၁၃ ပေ ခန့်ရှိနိုင်သည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ်ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ခုနစ်ပေမှ ကိုးပေခန့် ရှိနိုင်သည်။

မန္တလေးငလျင်ကြီးကြောင့် တိုက်ပိတိုက်ပြားပျက်စီးခဲ့သည့် ဝန်ထမ်းမိသားစုများကို ထောက်ပံ့ပစ္စည်းများပေးအပ်

မန္တလေးငလျင်ကြီးကြောင့် နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများတွင် တိုက်ပိတိုက်ပြားပျက်စီးခဲ့ကြ သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်မှ ထောက်ပံ့ပေးအပ်သည့် အိမ်သုံးပစ္စည်းများကို ယမန်နေ့က သက်ဆိုင်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

EV အသိပညာများကို ပြည်သူများအပါအဝင် EV Stakeholder များ၏ လက်ဝယ်အရောက် ထိရောက်ကျယ်ပြန့်စွာ ဖြန့်ဝေပေးနိုင်ရေး အလေးထားဆောင်ရွက်ရန်မှာကြား

လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့ညနေပိုင်းတွင် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ် (TTTC ဘယ်လင်း)တွင် ကျင်းပသည့် EV ပြုပြင်ထိန်းသိမ်းမှုသင်တန်း (၂/၂၀၂၅)ဆင်းပွဲအခမ်းအနားကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။

သံ၊ သံမဏိများ၏ အရည်အသွေးစစ်ဆေးရေးအတွက် ဓာတ်ခွဲခန်းတည်ထောင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

သံ၊ သံမဏိများ၏ အရည်အသွေးစစ်ဆေးရေးအတွက် ဓာတ်ခွဲခန်းတည်ထောင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်မြို့နယ်ရှိ MSME ထုတ်ကုန်ပြခန်း၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတို့မှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံသံနှင့် သံမဏိလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံစက်မှု ကုန်ထုတ်လုပ်သူများအသင်းနှင့် မြန်မာနိုင်ငံဘိလပ်မြေ ထုတ်လုပ်သူများအသင်းတို့မှ တာဝန်ရှိသူများနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်သည်။

ပြည်ထောင်စုဝန်ကြီးဦးလှမိုး (၁၀၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အခမ်းအနား တက်ရောက်

(၁၀၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ သမဝါယမစီးပွားရေးဗဟိုဌာန၌ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဗဟိုသမဝါယမအသင်းလီမိတက် နာယက၊ ဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ သမဝါယမကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမအသင်းစုချုပ်များမှ ဥက္ကဋ္ဌများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၂၀၂၅ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေပြည်တော် ဗဟိုသင်တန်းကျောင်းဝင်း အတွင်းကျင်းပသည်။

ကျန်းမာရေးဝန်ကြီးဌာန မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

နိုင်ငံတစ်ဝန်းကျေးလက် မြို့ပြများအားလုံးစိမ်းလန်းစိုပြည်သာယာစေရန်၊ မိမိပတ်ဝန်းကျင်နှင့် ကမ္ဘာ မြေငြိမ်းချမ်းသာယာစေရန်ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် လယ်ဝေးခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
Subscribe to Other News