Skip to main content

Dec 12, 2023

နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ တောင်စဉ်အေးကျေးရွာအနီး၌ ဒီဇင်ဘာလ ၁ ရက် ည ၇ နာရီခန့်တွင် တင်ဇော်လတ်မောင်းနှင်၍ ကျော်စန်းဌေးလိုက်ပါလာသည့် CHENGLONG TIPPER မော်တော်ယာဉ်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် ဘိလပ်မြေအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၂ သိန်း တွေ့ရှိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများ တာဝန်ခံသယ်ဆောင်သူထန်ခိုဆေးအား ယင်းနေ့ ည ၁၁ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ၂၇ x ၂၈ ကြား၊ ၆၃ (C)လမ်းရှိ Hotel တွင် ဖမ်းဆီးရမိခဲ့၍ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာရှိ ၎င်း၏နေအိမ်မှ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာတွင် အသုံးပြုသည့် TOYOTA LANDCRUISER မော်တော်ယာဉ် ၁ စီးနှင့် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကျပ် ၁,၂၀၂ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊

ဆက်လက်ဖတ်ရှုရန်

Dec 12, 2023

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွတ်စွန့်စားလိုစိတ်ထက်သန်စွာဖြင့် စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်ပြည်သူအများက အလှူငွေများပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2023

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိ သောလုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2023

“ဧရာဝတီတိုင်းတွင် NLD အစိုးရလက်ထက် ထုတ်ချေးထားသည့် စိုက်ပျိုးစရိတ်ချေးငွေ အကြွေးကျန်များကို ပြန်မဆပ်ပါက အရေးယူမည်ဆိုပြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သတိပေးစာပို့ကာ ဖိအားပေးတောင်းယူနေသည်” ဟု ကောလာဟလ သတင်းတုသတင်းမှားများ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2023

“အင်းစိန် နည်းပညာတက္ကသိုလ်ကျောင်းဝင်းအတွင်းရှိ CDM ဝန်ထမ်းများ၏ နေအိမ်များကိုပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက်နေ့တွင် Non CDM ဒုတိယပါမောက္ခချုပ်အဖွဲ့မှ စစ်တပ်နှင့်ပူးပေါင်းကာ ဦးဆောင်ဖျက်ဆီးဖယ်ရှားခဲ့ဟု တရားမဝင်ပြည်ဖျက် မီဒီယာများမှ မဟုတ်မမှန် ကောလာဟလသတင်းအမှားများအား ရေးသားဖြန့်ဝေထားကြောင်း တွေ့ရှိရပါသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ “ရန်ကုန်နည်းပညာတက္ကသိုလ်ဝင်းအတွင်း CDM ဝန်ထမ်းလိုင်းခန်းများအား ဖျက်ဆီးခြင်းမရှိပါကြောင်း၊ သတင်းအမှားသာ ဖြစ်ကြောင်း” သိရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2023

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ခရီးသည်တင် ဝိုင်ဘီအက်စ်ယာဉ်များအား လိုက်ပါစီးနင်းနေသည့် ခရီးသွားပြည်သူများအနေဖြင့် YPS QR Code ဖြင့် ယာဉ်စီးခပေးချေနိုင်တော့မည်ဖြစ်ကြောင်း ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့တာမွေမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)ရုံးချုပ်၌ ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2023

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဒီဇင်ဘာ ၉ ရက်နှင့် ၁၀ ရက်တို့တွင် လယ်ဝေးမြို့နယ်၌ တရားမဝင် ကျွန်းသစ် ၁ ဒသမ ၈၁၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂၅၄၈၄)ကိုလည်းကောင်း၊ ဥတ္တရသီရိခရိုင် တပ်ကုန်းမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့၌ တရားမဝင် သစ်မာ ၂၀ ဒသမ ၇၄ တန်နှင့် အခြားသစ် ၁၈ ဒသမ ၇၆၄ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၆၀၃၀၄၀)ကို လည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၂၈၅၂၄ ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2023

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Dec 12, 2023

(၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ ကျင်းပနိုင်ရေး ဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ဦးစီးကော်မတီဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ဆပ်ကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က မကွေးတိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနရုံးတွင် တိုင်းဒေသကြီးအဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မိုးစပါး၊ နွေစပါး၊ ဆီထွက်သီးနှံနှင့် သီးထပ်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် လယ်ယာကုန်ထုတ်လုပ်ငန်းများတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတိုးမြှင့် ဆောင်ရွက်ရေး၊ ရေရရှိရေးနှင့် စက်မှုလယ်ယာစနစ်ဖော်ဆောင် ပေးနိုင်ရေး၊ သွင်းအားစုမှန်ကန်အကျိုးရှိစွာ အသုံးပြုနိုင်ရေး၊ စိုက်ပျိုးရေ စီမံခန့်ခွဲအသုံးပြုခြင်း၊ မျိုးစေ့ထုတ်လုပ်ခြင်းနှင့် သုတေသနလုပ်ငန်းများတွင် တောင်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်မှုမြှင့်တင်နိုင်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2023

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်၌ နေပူခံကျောက်ပြားများ ခင်းကျင်းဆောင်ရွက်နေမှု၊ တောင်ဘက်တန်ဆောင်းရှိ Pagoda Digital Directory Control Center ထားရှိမည့်နေရာ၊ တောင်ဘက်တန်ဆောင်းလှေကားများ ပြုပြင်မှုနှင့် ပုညကုသလဗဟုကရအသင်းစောင်းတန်း အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ဂေါပကအဖွဲ့ဝင်များအား လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2023

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ညောင်ဦးခရိုင်အတွင်းရှိ အဆောက်အဦ၊ လမ်း၊ တံတားတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံရာ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မန္တလေးတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် အင်ဂျင်နီယာချုပ်များက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက စည်းလုံးညီညွတ်စွာ လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်ရန်၊ ဘဏ္ဍာရေးနှစ် နောက်ဆုံးသုံးလပတ် နီးကပ်လာပြီဖြစ်၍ လုပ်ငန်းများ အမြန်ပြီးပြတ်ရန်နှင့် စာရင်း၊ ဇယားများ ရှင်းလင်းစွာဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2023

လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၃)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2023

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Ramanathan Balakrishnan အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရုံးအမှတ်(၁)၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2023

ရွှေတိဂုံစေတီတော်ကြီးသို့ လှူဒါန်းထားသော အလှူငွေများနှင့် ဝင်ကြေးများမှ ဘဏ်များတွင် အပ်ငွေအဖြစ် အပ်နှံထားသော အမေရိကန်ဒေါ်လာများကို တစ်ဒေါ်လာ လျှင် ငွေကျပ် ၂၁၀၀ နှုန်းဖြင့် တန်ဖိုးဖြတ်သိမ်းယူပြီး မြန်မာကျပ်ငွေများ ပြန်လည်ထုတ်ပေးခဲ့ကြောင်း၊ ထို့အတူဗိုလ်တထောင်စေတီ၏ အလှူငွေနှင့်ဝင်ကြေး အမေရိကန်ဒေါ်လာများကိုလည်း တစ်ဒေါ်လာလျှင် ငွေကျပ် ၂၁၀၀ ငွေလဲနှုန်းဖြင့် တန်ဖိုးဖြတ်၍ မြန်မာကျပ်ငွေများ ပြန်လည်ထုတ်ပေးခဲ့ကြောင်း ဂေါပကအဖွဲ့၊ ဘဏ္ဍာရေးနှင့်နီးစပ်သော သတင်းအရင်းအမြစ်က ပြောသည်ဟု လုပ်ကြံသတင်းတုများအား တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit မှ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2023

မလေးရှားနိုင်ငံ ပီနန်မြို့၌ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ကျင်းပခဲ့သည့် PENANG INVITATIONAL JUDO CHAMPIONSHIP 2023 ပြိုင်ပွဲ အမျိုးသား (-28) kg ပြိုင်ပွဲတွင် မောင်အောင်ဇေထက်က ရွှေတံဆိပ်တစ်ခု၊ (-66)kg ပြိုင်ပွဲတွင် မောင်ထက်အောင်က ရွှေတံဆိပ်တစ်ခု၊ (-73)kg ပြိုင်ပွဲတွင် မောင်ကျော်ခန့်စိုးက ရွှေတံဆိပ်တစ်ခုနှင့် အမျိုးသမီး (-32)kg ပြိုင်ပွဲတွင် မနှင်းဦးဝတ်ရည်က ရွှေတံဆိပ်တစ်ခု၊ အမျိုးသား (-24) kg ပြိုင်ပွဲတွင် မောင်ဘုန်းပြည့်ချမ်းသာထွန်းက ငွေတံဆိပ်တစ်ခု၊ (-90)kg ပြိုင်ပွဲတွင် မောင်အောင်ဝေဖြိုးက ငွေတံဆိပ်တစ်ခု၊ အမျိုးသား (-50)kg ပြိုင်ပွဲတွင် မောင်ခိုင်ခန့်က ကြေးတံဆိပ်တစ်ခု၊ အမျိုးသမီး(-57)kg ပြိုင်ပွဲတွင် မငွေပုံချစ်က ကြေးတံဆိပ်တစ်ခု ဆွတ်ခူးရရှိခဲ့ပြီး မြန်မာဂျူဒိုအားကစားအဖွဲ့အနေဖြင့် ပြိုင်ပွဲဝင်အားကစားသမားကိုးဦး ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ရာ ပြိုင်ပွဲများအပြီးတွင် ရွှေတံဆိပ်လေးခု၊ ငွေတံဆိပ်နှစ်ခုနှင့် ကြေးတံဆိပ်နှစ်ခု စုစုပေါင်းဆုတံဆိပ်ရှစ်ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2023

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း(တိုင်းအဆင့်) အမှတ်စဉ် (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2023

နိုင်ငံတော်မှ အားထားရသည့် လူငယ်များဖြစ်လာစေရန်၊ ပညာရေးကိုအခြေခံပြီး ကျန်းမာကြံ့ခိုင်သည့် လူငယ်များဖြစ်လာစေရန်နှင့် အတွေးအခေါ်မှန်ကန်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီမှ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်