Skip to main content

အင်းစိန် နည်းပညာတက္ကသိုလ်ဝင်းအတွင်း CDM ဝန်ထမ်းလိုင်းခန်းများကို ဒုပါမောက္ခချုပ် ဦးဆောင်၍ ဖျက်ဆီးဖယ်ရှားဟု ပြည်ဖျက်မီဒီယာများမှ မဟုတ်မမှန်သတင်းတု သတင်းမှားများ ဖြန့်ဝေလျက်ရှိ

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၂

“အင်းစိန် နည်းပညာတက္ကသိုလ်ကျောင်းဝင်းအတွင်းရှိ CDM ဝန်ထမ်းများ၏ နေအိမ်များကိုပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက်နေ့တွင် Non CDM ဒုတိယပါမောက္ခချုပ်အဖွဲ့မှ စစ်တပ်နှင့်ပူးပေါင်းကာ ဦးဆောင်ဖျက်ဆီးဖယ်ရှားခဲ့ဟု တရားမဝင်ပြည်ဖျက် မီဒီယာများမှ မဟုတ်မမှန် ကောလာဟလသတင်းအမှားများအား ရေးသားဖြန့်ဝေထားကြောင်း တွေ့ရှိရပါသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ “ရန်ကုန်နည်းပညာတက္ကသိုလ်ဝင်းအတွင်း CDM ဝန်ထမ်းလိုင်းခန်းများအား ဖျက်ဆီးခြင်းမရှိပါကြောင်း၊ သတင်းအမှားသာ ဖြစ်ကြောင်း သိရှိရပါသည်။

သို့ဖြစ်ပါ၍ တရားမဝင်ပြည်ဖျက်မီဒီယာများမှ ဖြစ်စဉ်မရှိဘဲ အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်စေရန်ရည်ရွယ်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဇာတ်လမ်းဆင် လုပ်ကြံဖန်တီးရေးသားထားသော သတင်းတုသတင်းမှားသာဖြစ်ကြောင်း သတင်းရရှိသည်။