Skip to main content

Sep 23, 2024

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း သဘာဝဘေး ကြောင့်ပျက်စီးခဲ့သော လမ်း၊ တံတားများ ယာယီပြင်ဆင်ပြီးစီးမှုအခြေအနေ၊ လမ်း၊ တံတားများ၏ ကြံ့ခိုင်မှုအခြေအနေ၊ ကုန်စည်ပို့ဆောင်သည့် မော်တော်ယာဉ်များနှင့်ခရီးသည်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ပြုထားမှုအခြေအနေနှင့် မူလအခြေအနေအတိုင်း အခိုင်အမာပြန်လည်တည်ဆောက်မည့် အခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 23, 2024

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တုံ့ပြန်ကာကွယ်ဆေး (OCV) တိုက်ကျွေးခြင်းလုပ်ငန်း စတင်ဆောင်ရွက်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ကနောင်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 23, 2024

အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် တပ်ကုန်းမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေဘေးသင့်ခဲ့သည့် ကျေးရွာများသို့သွားရောက်အားပေးပြီး ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းဆောင်ရွက်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 23, 2024

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့၌ ရေတိုက်စားမှုကြောင့် ယိုင်လဲပျက်စီးသွားခဲ့သည့် ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ်၌ ရေကြီးရေလျှံမှုများကြောင့် ဓာတ်အားခွဲရုံ၊ ဓာတ်အားလိုင်းများ ပျက်စီးဆုံးရှုံးမှုနှင့်ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး ယာယီဓာတ်အား ဖြတ်တောက် ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 23, 2024

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် ပုဗ္ဗသီရိ၊ ဇေယျာသီရိနှင့် ပျဉ်းမနားမြို့နယ်တို့ရှိ အခြေခံပညာကျောင်းများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 23, 2024

ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးဥက္ကဋ္ဌ H.E. Mr.Nakharin Mektrairat ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဘန်ကောက်မြို့၌ “The Constitutional Courts and Equivalent Instituti-ons in Strengthening Constitutional Justice for Sustainable Society” ခေါင်းစဉ်ဖြင့် စက်တင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိကျင်းပသည့် အာရှဒေသဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာတရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်း (Association of Asian Constitutional Courts and Equivalent Institutions- AACC)၏ (၆) ကြိမ်မြောက်ညီလာခံနှင့် ဘုတ်အဖွဲ့ဝင်နိုင်ငံများအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 23, 2024

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်တွင်ကျရောက်မည့် နှစ် (၆၀) ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ ဇမ္ဗူသီရိမြို့နယ်ရှိ (ခုတင်- ၁၀၀၀) ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 23, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် စက်တင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းက ရှမ်းပြည်နယ်ရွာငံမြို့နယ် မြို့ကြီးကျေးရွာအနီးရှိ မြို့ကြီးရေလှောင်တမံသို့သွားရောက်ပြီး ရာဂီမုန်တိုင်းအကြွင်းအကျန် လေပွေလှိုင်းအရှိန်ဖြင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ တမံကြံ့ခိုင်မှုနှင့် ရေပိုလွှဲမှ ရေကျော်ကျခဲ့မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ရေလှောင်တမံ ဘေးကင်းလုံခြုံရေးအတွက် နေ့ညမပြတ် စောင့်ကြည့်စစ်ဆေးကြရန်၊ ကြိုတင်ကာကွယ်ရေးအစီအမံများ ဆောင်ရွက်ရန်နှင့် ဇော်ဂျီရေသောက်စနစ်အတွင်းရှိ မိုးစပါး၊ နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးရေ ပိုမိုပေးဝေနိုင်ရေးအတွက် လုံလောက်သည့်ရေပမာဏ သိုလှောင်ထားရှိရေး စီမံဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 23, 2024

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရှမ်းပြည်နယ် ပြန်/ဆက် ညွှန်ကြားရေးမှူးတို့နှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ရေဘေးသင့်ခံရသော ညောင်ရွှေမြို့သို့ရောက်ရှိပြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ စိန်ရတုဆွမ်းစားဆောင် ရေဘေးကူညီကယ်ဆယ်ရေးစခန်းသို့ရောက်ရှိကာ ရေဘေးသင့်မိသားစုများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်အားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 23, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာလ ၁၈ ရက်နေ့က ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာသာသနာ့ဗိမာန် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းရှိ ရေဘေး သင့်ပြည်သူများအား သွားရောက်တွေ့ဆုံအားပေးစကားပြောကြားကာ ထောက်ပံ့ရေးပစ္စည်းများပေးအပ်ခဲ့စဉ် မူလအခြေအနေပြန်လည်ရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် ပျက်စီးဆုံးရှုံးခဲ့သည့်နေရာများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် နိုင်ငံတော်ကဦးဆောင်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်