Skip to main content

ဒုတိယဝန်ကြီး ဦးသွင်အောင် စက္ကူစက်ရုံ (ရေနီ) ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၂၇

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသွင်အောင်သည် မေ ၂၅ ရက် မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ရေနီမြို့ရှိ စက္ကူစက်ရုံ (ရေနီ) ၌ အရည်အသွေးထိန်းသိမ်းရေးနှင့် သုတေသနဌာနခွဲတွင် ဝါးမှ ပျော့ဖတ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစဉ် တစ်ရက်လျှင် ထုပ်ပိုးစက္ကူတန် ၈၀ ထုတ်လုပ်နိုင်သည့် စက်ရုံကို ဝန်ထမ်းများ၊ ကျွမ်းကျင်ပညာရှင်များ ပူးပေါင်း၍ အမြန်ဆုံးလည်ပတ်နိုင်ရေးဆောင်ရွက်ရန်၊ လူနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုမရှိစေရေး အစီအမံများ စနစ်တကျရေးဆွဲဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် တန် ၈၀ စက္ကူ စက်ရုံအတွင်း တပ်ဆင်ထားရှိသည့် စက်ပစ္စည်းကိရိယာများ၊ တစ်ရက်လျှင် ကတ်ထူစက္ကူ တန် ၂၀ ထုတ်လုပ်နိုင်သည့် စက်ရုံ၌ ကတ်ထူစက္ကူများ ထုတ်လုပ်နေသည့် နည်းစဉ်အဆင့်ဆင့်နှင့် ထုတ်လုပ်ပြီး ကတ်ထူစက္ကူများကို ဈေးကွက်သို့ တင်ပို့ရန် ပြင်ဆင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်