Oct 12, 2024
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ မဟာကုသိုလ်တော်ကျောင်းတိုက်ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
Oct 12, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Oct 12, 2024
၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ညနေပိုင်းတွင် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
Oct 12, 2024
NLD ပါတီသည် ပြည်သူ့ပါတီဟူ၍တစ်မျိုး၊ ပြည်သူ့အစိုးရဟူ၍တစ်ဖုံ ၎င်းတို့အား မြန်မာပြည်သူလူထုတစ်ရပ်လုံးက အားပေးထောက်ခံသည့်အသွင်ဖြင့် မိုးခါးရေသောက်ပြောဆိုကာ အများ၏အမြင်ကိုဝေဝါးစေခဲ့သည်မှာ ကြာပြီဖြစ်ပါသည်။ ထိုသို့သာ အမှန်ဖြစ်ပါက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ မဲမသမာမှုဖြစ်ပေါ်ရန်အကြောင်းမရှိပေ။ ယခုမူ NLD ပါတီမှ ရွေးကောက်ပွဲတွင်အနိုင်ရရန် မယုံကြည်သဖြင့် အများပြည်သူများ၏ ဆန္ဒမဲများကိုခိုးယူကာ ဆန္ဒမဲအရေအတွက်ပေါင်း ၁၁ သန်း ၃ သိန်းကျော်ကို မဲမသမာမှုပြုလုပ်ခဲ့ကြောင်း ပြည်သူများသိရှိပြီးဖြစ်သည်။ ၎င်းတို့ ကြွေးကြော်ထားသည့်အတိုင်း ပြည်သူတစ်ရပ်လုံးကိုကိုယ်စားပြုသည့် ပါတီမဟုတ်ခဲ့သည်ကိုသိရှိ၍ ယခုကဲ့သို့ မဲခိုးခြင်းဖြစ်နိုင်ပါသည်။ ထို့အတွက်ကြောင့် မြန်မာပြည်သူတစ်ရပ်လုံးက ထောက်ခံအားပေးသည်ဟူသည့်အချက်မှာ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မဲလိမ်မဲခိုးခဲ့ရသည့်အတွက် ပျက်ပြယ်ပြီဖြစ်ပါသည်။
Oct 12, 2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေဘေးသင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။
Oct 12, 2024
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် သီတင်းကျွတ်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာခရီးသွားလာနိုင်ရန်အတွက် ရန်ကုန်-ပြည်-ရန်ကုန် နှင့် ရန်ကုန် - မော်လမြိုင် - ရန်ကုန် ခရီးစဉ်များကို ပုံမှန်ရထားများအပြင် အထူးရထားများအား အောက်ပါနေ့ရက်များအတိုင်း တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်သည်-
Oct 12, 2024
(၈၆) ကြိမ်မြောက် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို စင်ကာပူနိုင်ငံ၌ အောက်တိုဘာ ၇ ရက်မှ ၁၁ ရက်အထိ ကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးများသို့ မြန်မာနိုင်ငံမှ အာဆီယံသိပ္ပံ၊ နည်းပညာနှင့်တီထွင်ဆန်းသစ်မှုကော်မတီ National COSTI Chair၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံဆွေးနွေးဖက် Dialogue Partners နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးကြသည်။
Oct 12, 2024
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့သည် ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ရေနီမြို့ရှိ စက္ကူစက်ရုံ(ရေနီ)သို့ ရောက်ရှိပြီးကောက်ရိုးမှ တစ်ပိုင်တစ်နိုင်ပျော့ဖတ်များ ထုတ်လုပ်နိုင်ရေးအတွက် ဓာတ်ခွဲခန်းသုံး ပျော့ဖတ်ချက်အိုးငယ်ဖြင့် ကောက်ရိုးပျော့ဖတ်များ စမ်းသပ်ချက်လုပ်နေမှု၊ အသေးစားစက္ကူစက် ငယ်ဖြင့် စက္ကူထုတ်လုပ်နေမှု၊ ကောက်ရိုးမှ ပျော့ဖတ်များ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
Oct 12, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆီထွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေးသည်။
Oct 12, 2024
ချင်းပြည်နယ် မင်းတပ်မြို့တွင် လူမနေသည့် အိမ်များကို တပ်မတော်က မီးရှို့ဖျက်ဆီးနေခြင်းကြောင့် အိမ်ခြေ ၈၀ နီးပါးပျက်စီးခဲ့ကြောင်း သတင်းတု၊ သတင်းမှားများကို တရားမဝင်မီဒီယာများက လုပ်ကြံရေးသား ဝါဒဖြန့်ဝေလျက်ရှိသည်။