Skip to main content

Jun 07, 2024

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄) ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီ စိစစ်၍ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေးလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2024

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Midmay Group Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် GAC Toyota bZ4X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ N.P.K Motors Co.,Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် MG, MG4 (MULAN) အမျိုးအစားလျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Myanmar New Energy Motor (MNEM) Co.,Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် HYCAN Z03 နှင့် HYCAN A06PLUS အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် များနှင့် Grand Sirius Co.,Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် NETA NEOMOR D05 လျှပ်စစ်သုံး မော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ဇွန် ၆ ရက်တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2024

ပြည်တွင်းမွေးမြူရေးငါးများဖြစ်သည့် ငါးမြစ်ချင်း၊ ငါးတန်၊ ငါးသိုင်းခေါင်းပွ စသည့်ရေချိုငါးများကို အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အဓိကအများဆုံး ဝယ်ယူလျက်ရှိရာ ယခင်က စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ စစ်ဆေးမှုများပြုလုပ်ပြီး တင်ပို့ခဲ့သော်လည်း ယခုအခါ ပို့ကုန်လမ်းကြောင်းသစ်အဖြစ် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တင်ပို့မည့် ရေချိုငါးများအား အဆင်ပြေချောမွေ့စွာ တင်ပို့နိုင်ရေးအတွက် စံပြငါးဈေး (အောင်မင်္ဂလာဆိပ်ကမ်း) ကို ယာယီဆိပ်ကမ်းအဖြစ် သတ်မှတ်ပြီး အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ရေကြောင်းရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့ပါဝင်သည့် One Stop Services(OSS) အဖွဲ့ကို ဖွဲ့စည်းဆောင်ရွက် ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2024

ဇွန် ၁ ရက်‌မှ ၉ ရက်‌နေ့အထိ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၌ ကျင်းပလျက်ရှိသည့် (၁၃) ကြိမ်မြောက် အာဆီယံကျောင်းသား အားကစားပြိုင်ပွဲတွင် မြန်မာဗိုဗီနမ်အားကစားအဖွဲ့ ရွှေနှစ်ခု၊ ငွေတစ်ခု၊ ကြေး‌လေးခုဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ 

ဆက်လက်ဖတ်ရှုရန်

Jun 07, 2024

၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကိုယ်စားပြု သတ်မှတ်အသုံးပြုမည့် အထိမ်းအမှတ်တံဆိပ် (Logo) ပြိုင်ပွဲကို ဇွန် ၁၃ ရက်မှ ဇူလိုင် ၁၂ ရက်အတွင်း ကျင်းပမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2024

ယခုကာလ၌ မြန်မာနိုင်ငံတွင်တစ်နိုင်တစ်ပိုင် ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်လိုပါက မွေးမြူရေးငါးခူမွေးခြင်းဖြင့် ဝင်ငွေတိုးလာစေနိုင်ကြောင်း ငါးသားပေါက်မွေးမြူရေးလုပ်ငန်း အသိုင်းအဝိုင်းမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2024

AML/CFT ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2024

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဇွန် ၄ ရက် နံနက်ပိုင်းက ရန်ကုန်ရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (သုဝဏ္ဏ) သို့ရောက်ရှိပြီး အေးချမ်းပျော်ရွှင်စွာ အတန်းတက်ရောက် ပညာသင်ကြားနေသည့် ကျောင်းသားကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ပြည်သူ့အကျိုးပြု စက်မှုကျွမ်းကျင် လုပ်သားများ၊ နည်းပညာရှင်များဖြစ်စေရေး ရည်မှန်းချက်ထား၍ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2024

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့က ဇွန် ၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမိသားစုဝင်များ၏ ပညာရေးထောက်ပံ့မှုအတွက် ဗဟိုဥက္ကဋ္ဌ ဦးဝဏ္ဏနှင့်ဒေါက်တာအောင်မိုးတို့က ငွေကျပ်သုံးသိန်းလှူဒါန်းရာ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ နာယကဦးအောင်လွင်နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များက လက်ခံရယူကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2024

တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၄) နှစ်ပြည့် အထိမ်းအမှတ်ပညာ သင်ကြားရေးအထောက်အကူပြုပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် အမှတ် (၁၄) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2024

ရေစွမ်းအင်နှင့် အစိမ်းရောင်ခရီးသွားလုပ်ငန်း ဖော်ဆောင်ရေးနှင့် အဓိကခရီးစဉ်ဒေသများတွင် ဂေါ့ဖ်ခရီးသွားလုပ်ငန်း (Golf Tourism) အပါအဝင် အားကစားခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2024

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) ရှိ ဒဂုံတက္ကသိုလ်သို့ရောက်ရှိပြီး စာသင်ဆောင်များ ဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာရေးဆောင်ရွက်ထားမှုနှင့် ကျောင်းဝင်းလုံခြုံမှုရှိစေရေး ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2024

ကျွမ်းကျင်လုပ်သားများနှင့် စီးပွားရေးလုပ်ငန်း လာရောက်လုပ်ကိုင်သူများ ရွှေ့ပြောင်းသွားလာ လုပ်ကိုင်မှုလွယ်ကူချောမွေ့စေရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ (၁/၂၀၂၄) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ဇွန် ၅ ရက်က အလုပ်သမားဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ လုပ်ငန်းကော်မတီဝင်များ၊ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2024

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့နေရပါက နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထားသည့် အနေဖြင့် မည်သို့သောအခြေအနေတွင် တွေ့ကြုံရသည့်တိုင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး မြန်မာသံရုံးနှင့် သက်ဆိုင်ရာနိုင်ငံသံရုံးများချိတ်ဆက်၍ အမိနိုင်ငံသားများမြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည် ရောက်ရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2024

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာပညာရေးဒီဂရီ ကောလိပ်သို့ရောက်ရှိပြီး ပညာရေးဒီဂရီကောလိပ် လေးနှစ်သင်ကျောင်းသား ကျောင်းသူများနှင့်လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ် သင်တန်းသားသင်တန်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သည်များကို မှာကြားဖြည့်ဆည်းပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2024

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးရဲမိုးဦးစီး၍ ဌာနဆိုင်ရာများပါဝင်သောအဖွဲ့သည် တောင်ပေါ်ဒေသများတွင်နေထိုင်ကြသည့် ပြည်သများ ဒေသလူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတက်စေရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ရန် ယနေ့တွင် နေပြည်တော်ပျဉ်းမနားမြို့နယ်အတွင်းရှိ ဝေသာလီကျေးရွာသို့ ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2024

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန် - မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၂၄၅/၇) တွင် တံတားဦးစီးဌာန တံတားအထူးဖွဲ့ (၆) မှ တာဝန်ယူတည်ဆောက်နေသည့် နဝင်းချောင်းတံတားအရှည် ပေ ၁၉၀ အား မူလနှစ်လမ်းသွားတံတားမှ လေးလမ်းသွားတံတားအဖြစ် အဆင့်မြှင့်တင်တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်