Skip to main content

Dec 10, 2024

ကမ္ဘောဒီးယားနိုင်ငံ စာရေးဆရာအသင်း၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) နှင့် အဖွဲ့သည် ဒီဇင်ဘာ ၆ ရက် ညပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့သို့ ရောက်ရှိကြပြီး ဒီဇင်ဘာ ၇ ရက်တွင် Ministry of Culture and Fine Arts ခေတ္တဝန်ကြီး H.E. Hab Touch တက်ရောက်သော ကမ္ဘောဒီးယားနိုင်ငံ ပထမအကြိမ် အမျိုးသားစာဆိုတော်နေ့ (The 1st National Writer’s Day 2024) အခမ်းအနားသို့လည်းကောင်း၊ ဒီဇင်ဘာ ၈ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Hun Mani တက်ရောက်သော မဲခေါင် ခြောက်နိုင်ငံ စာပေယဉ်ကျေးမှု ပူးပေါင်းဖလှယ်ရေးအစည်းအဝေးသို့လည်းကောင်း၊ ယနေ့နံနက်ပိုင်းတွင် ဖနွမ်းပင်မြို့ရှိ Win-Win Memorial အထိမ်းအမှတ်ပြခန်း အစည်းအဝေးခန်းမ၌ ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  General Nem Sovath ဦးဆောင်ပြုလုပ်သော အစည်းအဝေးသို့လည်းကောင်း တက်ရောက် သည်။

ဆက်လက်ဖတ်ရှုရန်

Dec 10, 2024

ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့တွင် ဒီဇင်ဘာ ၆ ရက်မှ ၇ ရက် အထိ ကျင်းပသည့် အကြိမ် (၆၀) မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌများကွန်ဖရင့်၊ အဆင့်မြင့်အရာထမ်း များ ဆွေးနွေးပွဲနှင့် (၄၄) ကြိမ်မြောက် အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့ဥက္ကဋ္ဌများ အစည်း အဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 10, 2024

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် မြန်မာနိုင်ငံ၌ ရောက်ရှိနေသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့အခြေစိုက် အာဆီယံ-တရုတ်စင်တာ၏ အတွင်းရေးမှူးချုပ် Mr. Shi Zhongjun ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 10, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့ မွန်းလွဲပိုင်းတွင် အာဆီယံ-တရုတ်စင်တာ၏ အတွင်းရေးမှူးချုပ် Mr. Shi Zhongiun ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 10, 2024

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) မှ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera နှင့် ICRC ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အသစ်အဖြစ် ခန့်အပ်ခြင်းခံရသည့် Mr. Arnaud de Baecque တို့ကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။

ဆက်လက်ဖတ်ရှုရန်

Dec 10, 2024

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အရာထမ်းအခြေခံသင်တန်း အမှတ်စဉ် (၂၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် အဆိုပါတက္ကသိုလ်ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 10, 2024

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်စာအုပ်အသင်းက စာပေဗိမာန်စာမူဆု၊ စာပဒေသာ ဒုတိယဆုရ “အောင်ဘ(အုတ်ဖို)” ရေးသားသည့် “လူဆိုးပြေးတော့ လူကောင်းရောက်ပြီ” စာအုပ်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ  အသင်းပေးစာအုပ်အဖြစ် စာအုပ်အသင်း ဝင်များထံသို့ ဖြန့်ချိလျက်ရှိသည်။ ရန်ကုန်မြို့ရှိ စာအုပ်အသင်းဝင်များသည် အမှတ် (၅၂၉/၅၃၁) ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်အသင်းတွင် လာရောက်ထုတ်ယူနိုင်ပြီး ကျန်အသင်းဝင်များသို့ စာတိုက်မှတစ်ဆင့် ပေးပို့လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 10, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 10, 2024

ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်၌ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝါးဖြူချောင်းကျေးရွာနှင့် ချောင်းစောက်ကျေးရွာတို့ကို ဒီဇင်ဘာ ၈ ရက်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသားဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 10, 2024

၁။ လူသားအားလုံးအတွက် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို ထည့်သွင်းဖော်ပြထားသော ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို ကုလသမဂ္ဂက ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ထိုနေ့ကို အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်မှာ ယနေ့တွင် (၇၆) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်