Sep 17, 2024
နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်ဦးသန်းထွန်းဦးသည် ကော်မတီဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်း၍ ရေတိုက်စားမှုကြောင့် ပြည်စံအောင်မှ စစ်မှုထမ်းမြို့ကွက်သစ်ကို ဆက်သွယ်သော ဥယျာဉ်ဆင်သေချောင်းကူး တံတားချဉ်းကပ်လမ်းနှင့် ပုဗ္ဗသီရိမြို့နယ် ဇီးကုန်းကျေးရွာနှင့် ဇေယျာသီရိမြို့နယ် လေသာကျေးရွာသို့ ဆက်သွယ်ထားသည့် လေသာ-ဇီးကုန်းတံတား ချဉ်းကပ်လမ်းများပျက်စီးနေမှုနှင့် မြေထိန်းနံရံများ ပြိုကျပျက်စီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Sep 17, 2024
ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ကျင်းပမည့် သတ္တမအကြိမ်ကမ္ဘာလုံးဆိုင်ရာ ငါးလုပ်ငန်းဖိုရမ်နှင့် ရေထွက်ကုန်စည်ပြပွဲ (VII Global Fishery Forum & Seafood Expo Russia) တက်ရောက်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၄ ရက် ညနေပိုင်းက ရန်ကုန်မြို့မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာသွားသည်။
Sep 17, 2024
တောင်တရုတ်ပင်လယ်တွင်ဖြစ်ပွားခဲ့သော ရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေးဒဏ်ခံစားရသည့်ဒေသများအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အလှူငွေများလက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
Sep 17, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး တင်အောင်စန်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ်ကြီးတုန်ကျွင်း (Admiral Dong Jun)၏ ဖိတ်ကြားချက်အရ ပေကျင်းမြို့၌ ကျင်းပပြုလုပ်သည့် (၁၁) ကြိမ်မြောက် ပေကျင်းရှန်ကျန်း ဖိုရမ် (11th Beijing Xiangshan Forum) သို့ ပါဝင်တက်ရောက်ခဲ့ပြီး စက်တင်ဘာ ၁၅ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စစ်သံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
Sep 17, 2024
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး (၂/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပရာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
Sep 17, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများအား ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ ပုဂံယဉ်ကျေးမှုပြတိုက်၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။
Sep 17, 2024
လူတိုင်းလူတိုင်း လိုက်နာစောင့်ထိန်းအပ်သော အကျင့်တရားမှာ ငါးပါးသီလဖြစ်သည်။ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာအများဆုံး ယုံကြည်ကိုးကွယ်ဆည်းကပ်သောနိုင်ငံဖြစ်သည်။ ထေရဝါဒဗုဒ္ဓဘာသာဝင်အပေါင်းတို့ လိုက်နာစောင့်ထိန်းကြသော ငါးပါးသီလသည် ဂရုဓမ္မသီလပင်ဖြစ်သည်။ အမျိုးကောင်းသား သူတော်ကောင်းအပေါင်းတို့ အရေးတယူ ဂရုတစိုက်ကျင့်သုံးကြသောသီလဖြစ်၍ ဂရုဓမ္မသီလဟု ခေါ်တွင်ခြင်းဖြစ်သည်။
Sep 17, 2024
ကမ္ဘာ့မီဒီယာများ၏အစသည် သတင်းစာကဖြစ်၍ သတင်းစာများ၏ အစသည် ၁၇ ရာစုကာလ ဥရောပကဖြစ်သည်။ သတင်းစာလုပ်ငန်း စဦးတီထွင်ခဲ့သည့် ဥရောပနိုင်ငံတို့ ကမ္ဘာအရပ်ရပ်တွင် နယ်ချဲ့ကြသည့်အခါ ၎င်းတို့ရောက်လေရာရာတွင် သတင်းစာလုပ်ငန်းများပျံ့နှံ့ခဲ့ပြီး ဝါဒဖြန့်ချိရာတွင်လည်း ကောင်းစွာအသုံးပြုခဲ့ကြသည်။ နှစ်ပေါင်း ၅၀၀ ခန့်ကြာအောင် ကမ္ဘာ့မီဒီယာလောကကို လွှမ်းမိုးချုပ်ကိုင်ဦးဆောင်နိုင်ခဲ့သည့် အနောက်အုပ်စုနိုင်ငံတို့သည် ၎င်းတို့ပိုင်အင်အားကြီးမီဒီယာများမှတစ်ဆင့် ကမ္ဘာကို၎င်းတို့စိတ်ကြိုက်ခြယ်လှယ်ပုံဖော်ခဲ့ကြသည်။
Sep 16, 2024
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၈ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၄၁)ရပ်ကွက်တွင် ကြိုတင်သတင်းရရှိထားသူ ထွန်းထွန်းမြင့်အား စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း ၁ ကီလို၊ Happy Water ၁၀၅ ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ ဘသာဇံအား ယင်းနေ့ မွန်းလွဲ ၁ နာရီအချိန် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ၄၁(တိုးချဲ့)ရပ်ကွက်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ရာ ၎င်း၏ ဖော်ထုတ်ချက်အရ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ (၄၁)ရပ်ကွက်၊ စကားဝါလမ်းရှိ ဖမ်းမိတရားခံ ထွန်းထွန်းမြင့်၏ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၈ သိန်းနှင့် ဘိန်းဖြူ ၅၀ ဂရမ် ဆက်လက်သိမ်းဆည်းရမိခဲ့ကြောင်း၊ ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ စက်တင်ဘာလ ၁၂ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် လှရွှေ(ခ)အဒူရ်မူနနှင့် ဇော်မင်းနိုင် (ခ)အင်မရန်းတို့ ၂ ဦးအား စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၂ သိန်းနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုး ငွေကျပ် ၂ ဒသမ ၄၁ ဘီလီယံကျော်တန်ဖိုးရှိ ကက်တမင်း ၁ ကီလို၊ Happy Water ၁၀၅ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၉ သိန်းနှင့် ဘိန်းဖြူ ၅၀ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင်ဆက်စပ်ပါဝင်သူများနှင့် ၎င်းတို့မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Sep 16, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရေကြီးရေလျှံမှုများနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်မှုမရှိစေရေး ရှေးဟောင်းကန်များ ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Sep 16, 2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း ယာယီရေဘေးရှောင်စခန်း ရွှေဝက်တိုးဘုန်းကြီးကျောင်းတိုက်သို့ ယမန်နေ့နေ့လယ်ပိုင်းက ကျန်းမာရေးအထူးကုဆရာဝန်များ ကွင်းဆင်းဆေးကုသမှုများ ပြုလုပ်ခဲ့သည်။
Sep 16, 2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၊ စိတ္တသုခရေဘေးကယ်ဆယ်ရေးစခန်းမှ ရေဘေးသင့်ပြည်သူများအား အထူးကုဆရာဝန်ကြီးများက ယနေ့နံနက်ပိုင်းက နယ်လှည့်ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
Sep 16, 2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်၊ နေပြည်တော်ကောင်စီဝင် များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်သို့ သွားရောက်၍ ယာယီတည်းခိုနေထိုင်ကြသည့် ရေဘေးသင့်ပြည်သူများအား အားပေးစကား ပြောကြားကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌမှ လှူဒါန်းသည့် ထမင်းဘူး (၁၄၀၀)၊ စားသောက်စရာ များနှင့် ထောက်ပံ့ငွေများ ပေးအပ်ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
Sep 16, 2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ ကယ်ဆယ်ရေးစခန်းများတွင် ရေဘေးသင့်ပြည်သူများအတွက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးတို့က အလှူရှင်များမှ လှူဒါန်းသော ဆေးဝါးနှင့်အခြားပစ္စည်းများကို စက်တင်ဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီက အဆိုပါနေရာများတွင် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 16, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Sep 16, 2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း စက်တင်ဘာ ၁၁ ရက်မှ ၁၂ ရက်ထိ မိုးအဆက်မပြတ်ရွာသွန်းသဖြင့် နဝင်းချောင်းရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် ကျေးရွာလမ်း၊ တံတားများအား နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ခရိုင်ကျေးလက်လမ်းဦးစီးဌာန၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ တပ်ကုန်းမြို့နယ် ရှောက်ကုန်းကျေးရွာအဝင် ကတ္တရာလမ်းနှင့် ချဉ်းကပ်လမ်းပျက်စီးနေမှုအခြေအနေများ၊ ပုဏ္ဏမာကျေးရွာအဝင် ကွန်ကရစ်လမ်းနှင့် ကျေးရွာအတွင်း တင်ကျန်ခဲ့သည့် ရွံ့နွံများအား ရှင်းလင်းဆောင်ရွက်နေမှု၊ မကျီးပင်ကျေးရွာအတွင်း စက်ယန္တရားဖြင့် အမှိုက်၊ ဒိုက်များ သန့်ရှင်းဆောင်ရွက်ခြင်း၊ မကျီးပင်ကျေးရွာနှင့် ချောင်းခြားကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတား ချဉ်းကပ်ပျက်စီးနေမှုများအား ကြည့်ရှု၍ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်းမှာကြားခဲ့သည်။
Sep 16, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ၉၃ ရပ်ကွက်၌ ကျောက်ချရပ်နားထားသည့် ရေယာဉ်တစ်စင်းပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၂၅ မျိုးနှင့် စားသောက်ကုန်ပစ္စည်း ခြောက်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၄၈၄၆၀)ကို သက်ဆိုင် ရာ လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ ၎င်းရေယာဉ်ပေါ်မှ တရားမဝင် စက်သုံးဆီ ဓာတ်ဆီ ၂၆၄ ပီပါ၊ ဒီဇယ် နှစ်ပီပါနှင့် အင်ဂျင်ဝိုင် ငါးပီပါ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀၀၆၇၉၈၀)ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရလည်းကောင်း၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် သံကိုယ်ထည်စက်လှေတစ်စင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၇၂၀၀၀၀၀) ကို ပြည်တွင်းရေကြောင်းသွားလာရေးဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၂၃၁၆၄၄၀) ကို သိမ်းဆည်း အရေးယူဆောင်ရွက်လျက်ရှိသည်။
Sep 16, 2024
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေအရာရှိများ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ဇဝနသိဒ္ဓိရပ်ကွက်ရှိ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကျောင်း၌ ကျင်းပသည်။
Sep 16, 2024
တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်ခဲ့သော တောင်ဖွန်းမုန်တိုင်းရာဂီ၏ အရှိန်နှင့် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ အရှိန်တို့ကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် မိုးအဆက်မပြတ် ရွာသွန်းမှုများဖြစ်ပွားခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြေနိမ့်ပိုင်း ဧရိယာများနှင့် အနီးရှိ ရပ်ကွက်များ၊ ကျေးရွာများတွင် ချောင်းရေ၊ မြစ်ရေများ ဝင်ရောက်နစ်မြုပ်ခဲ့သည့် ဒေသများရှိ ဒေသခံပြည်သူများအား မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက သွားရောက်တွေ့ဆုံ အားပေးစကားများ ပြောကြားခဲ့ကြသည်။
Sep 16, 2024
ယနေ့ ညနေ ၅ နာရီခွဲ တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် ကုန်းတွင်းပိုင်းဒေသများတွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ် (Deep Depression) သည် အနောက် - အနောက်မြောက်ဘက်သို့ ဖြည်းညင်းစွာ ရွေ့လျားခဲ့ပြီး ဆက်လက်တည်ရှိနေပါသည်။
