Sep 16, 2024
မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (ဗဟို) နှင့် နေပြည်တော် အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းတို့မှ ယနေ့နေ့လယ်ပိုင်းတွင် ပြည်ထောင်နယ်မြေ နေပြည်တော်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဘေးသင့်ပြည်သူများအား နေပြည်တော် လယ်ဝေးမြို့နယ် ဗောဓိကုန်းကျေးရွာ ဗောဓိကုန်းမိုးကုတ်ဝိပဿနာဓမ္မရိပ်သာကျောင်းတိုက်နှင့် ပျံချီအုပ်စုဧလာတိဏ္ဏကျောင်းတိုက်များသို့ သွားရောက်၍ အားပေးလှူဒါန်းသည်။
Sep 16, 2024
တရုတ်နိုင်ငံ ပေကျင်းမြို့၌ ရောက်ရှိနေသော မြန်မာနိုင်ငံစာရေးဆရာအဖွဲ့သည် စက်တင်ဘာ ၁၃ ရက် နံနက် ၉ နာရီတွင် တရုတ်နိုင်ငံခေတ်ပေါ်စာပေပြတိုက်သို့ သွားရောက်လေ့လာရာ တရုတ်နိုင်ငံ ခေတ်ပေါ်စာပေပြတိုက်၏ ပြတိုက်မှူး ဝမ်ကျင်း (Wang Jin) နှင့်အဖွဲ့မှ ကြိုဆိုကြပြီး ပြတိုက်အတွင်း ခင်းကျင်းပြသထားသော တရုတ်နိုင်ငံ စာပေပညာရှင်များ၏ စာပေလက်ရာများ၊ အမှတ်တရပစ္စည်းများ၊ တရုတ်စာပေသမိုင်းအချက်အလက်များကို အသေးစိတ်လိုက်လံရှင်းလင်းပြသပေးသည်။
Sep 16, 2024
မြန်မာနိုင်ငံဆေးကောင်စီ ဒုတိယလေးနှစ်သက်တမ်း တတိယအကြိမ် ဗဟိုကောင်စီအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံဆေးကောင်စီနာယက ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် နာယကအဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌ ပါမောက္ခဒေါက်တာခင်မောင်အေးနှင့် ကောင်စီဝင်များ တက်ရောက်ကြသည်။
Sep 16, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ တာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးကြီးကာ ရေနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သည့် ပုဗ္ဗသီရိ၊ ဇေယျာသီရိနှင့် လယ်ဝေးမြို့နယ်တို့ရှိ အခြေခံပညာကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Sep 16, 2024
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဋ္ဌ (၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကား ပြောကြားပြီး ရေဘေးရှောင်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
Sep 16, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရေကြီးရေလျှံမှုကြောင့် မိုးသီးနှံများ ထိခိုက်ပျက်စီးခဲ့သည့် ပုဗ္ဗသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်တို့မှ တောင်သူများနှင့်တွေ့ဆုံပြီး စိုက်ပျိုးထွန်ယက်ခြင်းနှင့် သီးနှံအစားထိုးစိုက်ပျိုးခြင်းဆိုင်ရာ နည်းပညာများကို ရှင်းလင်းဆွေးနွေးသည်။
Sep 16, 2024
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် စက်မှုဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ဝင်များဖြစ်ကြသည့် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် လှေခွင်းတောင်သာသနာ့နယ်မြေရှိ ဓမ္မာရုံ၌ ရေဘေးသင့်ခဲ့သည့် ဇေယျာသီရိမြို့နယ်ရှိ ညောင်ပင်ကြီးရွာ၊ ချောင်းကမ်းကြီးရွာ၊ ရွာသစ်ကြီးရွာ၊ စည်ပင်ကြီးရွာ၊ စည်ပင်သာယာရွာ၊ ကန်ဦးရွာ၊ ဝက်စုရွာ၊ ကျည်တောင်ကျေးရွာတို့မှ ပြည်သူ ၃၅၀၀ နှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုသည်။
Sep 16, 2024
ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ စက်တင်ဘာ ၁၅ ရက်မှ ၂၃ ရက်အထိ ကျင်းပမည့် (၅၆) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ လာအိုနိုင်ငံသို့ ထွက်ခွာသွားသည်။
Sep 16, 2024
မြန်မာနိုင်ငံသည် ၄-၃-၁၉၅၅ ခုနှစ်တွင် အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၂၉ ကို လက်ခံကျင့်သုံးလိုက်နာဆောင်ရွက်ခဲ့ပြီး အဓမ္မခိုင်းစေမှုပပျောက်စေရေးဆောင်ရွက်ရာ၌ မြန်မာနိုင်ငံအစိုးရကို ပိုမိုထိရောက်စွာအထောက်အကူပြုနိုင်ရန် ၂၀၀၂ ခုနှစ်တွင် ILO ဆက်သွယ်ရေးအရာရှိတစ်ဦးကို မြန်မာနိုင်ငံတွင် လက်ခံထားရှိရန် မြန်မာနိုင်ငံအစိုးရနှင့် ILO တို့အကြား နားလည်မှုစာချွန်လွှာတစ်ရပ် (Memorandum of Understanding-MoU) ကို လက်မှတ်ရေးထိုးခဲ့သည်။
Sep 16, 2024
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။
Sep 16, 2024
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အင်ဂျင်နီယာချုပ်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ငူမြို့ရှိ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Sep 16, 2024
BRICS Media Summit ကို စက်တင်ဘာ ၁၄ ရက်တွင် မော်စကိုမြို့ရှိ World Trade Centre (WTC) ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
Sep 16, 2024
မျက်မှောက်ကာလတွင် ရာသီဥတုပြောင်းလဲမှု၏ နောက်ဆက်တွဲအကျိုးဆက်ဖြစ်သည့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ကို ကမ္ဘာပေါ်ရှိ နိုင်ငံအများစု ရင်ဆိုင်ကြုံတွေ့နေရသည်။ နွေ၊ မိုး၊ ဆောင်းဟူသော ပုံမှန်အလှည့်ကျရာသီဥတုဖြစ်စဉ်များ ပျက်ပြားပြီး အစွန်းရောက်ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လာသည်။ မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ အပူလွန်ကဲခြင်း၊ အအေးပြင်းထန်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်းစသည့် သဘာဝဘေးအန္တရာယ်များကို ကမ္ဘာ့ပြည်သူများအားလုံး ကြုံတွေ့ခံစားနေရပြီဖြစ်သည်။
Sep 16, 2024
မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအနက် သစ်တောဧရိယာ ဒုတိယအများဆုံးပိုင်ဆိုင်သည့်နိုင်ငံဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် အက်ဖ်အေအိုအစီရင်ခံစာအရ နိုင်ငဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းတွင် သစ်တောများ ဖုံးလွှမ်းလျက်ရှိသည်။ သစ်တောများ ပြန်လည်တည်ထောင်ရေးနှင့် မပျက်စီးအောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးတို့ကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ နှစ်စဉ် သစ်တောပြုန်းတီးမှုရာခိုင်နှုန်းသည် ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ၀ ဒသမ ၉ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သည်။ လက်ရှိအခြေအနေတွင် နိုင်ငံအတွင်း သစ်တောများ ဖုံးလွှမ်းတည်ရှိသည့် ဒေသအချို့ရှိ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများနှင့် အပေါင်းပါများက သစ်များကို ဥပဒေမဲ့ခုတ်လှဲရောင်းချစီးပွားရှာနေကြကြောင်း ဒေသသတင်းများအရ သိရှိရသည်။
Sep 15, 2024
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁) ရပ်ကွက်၊ ၇၁ လမ်းနှင့် ၁၀၁ (B) လမ်းထောင့်နေ “ချောင်ချောင်” ရွှေဆိုင်ပိုင်ရှင်ဖြစ်သူ ဦးရွှေဝင်း (၅၇) နှစ် (ဘ) ဦးဝမ်ချောင်သည် ၎င်းဖွင့်လှစ်ထားသည့် မန္တလေးမြို့အတွင်းရှိ “ချောင်ချောင်”ရွှေဆိုင်သုံးဆိုင်သို့ သွားရောက်ရန် ရွှေထည်ပစ္စည်းများနှင့် ငွေသားများအား ကားပေါ်သို့ တင်နေစဉ် 3J/8313 ADVAN အမျိုးအစားမော်တော်ယာဉ်ဖြင့် အမျိုးသား ၇ ဦး (စိစစ်ဆဲ) က သေနတ်များ ကိုင်ဆောင်ကာ ရောက်ရှိလာပြီး ရွှေ ၁၀ ပိဿာကျော်နှင့် ငွေကျပ်သိန်း ၁,၀၀၀ ခန့်တို့အား ဓားပြတိုက်လုယက်ယူဆောင်ထွက်ပြေးသွားကြောင်းသတင်းအရ တရားခံများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၁၁) နယ်မြေရဲစခန်း (ပ)၂၂၀/ ၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ခဲ့သည်။
Sep 15, 2024
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုများ ဖြစ်ပွားခဲ့ပြီး ချောင်းရေ၊ မြစ်ရေများ မြင့်တက်ကာ မြို့နယ်အချို့ရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ကာ ကားလမ်း၊ ရထားလမ်းများ ရေကျော်ခြင်း၊ တံတားအချို့ ပျက်စီးခြင်း၊ လျှပ်စစ်မီးတိုင်များနှင့် အဆောက်အဦများ ထိခိုက်ပျက်စီးခြင်း၊ လူနေအိမ်များ ပျက်စီးခြင်းစသည့်တို့ ဖြစ်ပွားခဲ့သည်။
Sep 15, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Sep 15, 2024
ဒီနေ့မှာတော့ ဆိုင်ကလုန်းမုန်တိုင်း ရာဂိနဲ့ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပွားခဲ့တဲ့ မုန်တိုင်းငယ်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှုများနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်များအကြောင်း ပြောကြားလိုပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်ခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းနဲ့ပတ်သက်ပြီး သတိပေးချက်တွေကို ဩဂုတ်လ ၂၉ ရက်နေ့ကနေစပြီး ထုတ်ပြန်ခဲ့ပါတယ်။ အလားတူ တောင်တရုတ်ပင်လယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ အင်အားကြီးဆိုင်ကလုန်းမုန်တိုင်း ရာဂိရဲ့အရှိန်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ ရေကြီးရေလျှံမှု၊ မိုးသည်းထန်စွာရွာသွန်းမှု၊ မြေပြိုနိုင်မှုအခြေအနေတွေကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာလ ၉ ရက်နေ့ကစပြီး ကျယ်ကျယ်ပြန့်ပြန့်သတိပေးလှုံ့ဆော်ခဲ့ပါတယ်။ ဒီလစက်တင်ဘာလ ၉ ရက်နေ့ တစ်ညတည်းမှာပဲ တပ်ကုန်း၊ နေပြည်တော်တစ်ဝိုက်မှာ မိုးရေချိန် ၁၁ လက်မခန့် ရွာသွန်းခဲ့ပြီး ချောင်းများ ရေကြီးရေလျှံမှုဖြစ်ပွားပြီး ကျေးရွာများ၊ လူနေရပ်ကွက်များ ရေကြီးမှုတွေ၊ အိမ်ခြေ၊ လမ်းတံတားပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။
Sep 15, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးတင်ဦးလွင်၊ ဦးလှမိုး၊ ဦးမျိုးသန့်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သွားရောက်၍ ရှေးဟောင်းသမိုင်းဝင်စေတီတော်မြတ်ကြီးများ ရေရှည်တည်တံ့ခိုင်မြဲစေရေး ပြုပြင်ထိန်းသိမ်းလျက်ရှိမှုအခြေအနေများနှင့် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့စဉ် ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့်နေရာများအား လိုက်လံကြည့်ရှုစစ်ဆေးသည်။
Sep 15, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်းတံတားများအား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုနှင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့မှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
