Skip to main content

Oct 09, 2024

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၆ ရက် ညနေ ၅ နာရီတွင် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိ လောက်တန် (ခ) လောက်စန်၏ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀၀၀ ကိုလည်းကောင်း။

ဆက်လက်ဖတ်ရှုရန်

Oct 09, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၇ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာခုနစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၂၉၉၆၀၁၄) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 09, 2024

စက်မှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများနှင့်အလှူရှင်များ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရေဘေးသင့်ခဲ့သည့် နေပြည်တော်ပုဗ္ဗသီရိမြို့နယ် ရွာတော်ကျေးရွာအုပ်စု ကြံဖိုစုကျေးရွာ လျှပ်စစ်မီးပြန်လည် သုံးစွဲနိုင်ခြင်းအခမ်းအနားကို အဆိုပါကျေးရွာ၌ ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ စက်မှုဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 09, 2024

အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 09, 2024

ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် နေပြည်တော်ကောင်စီ သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် ပေါက်မြိုင်ကျေးရွာရှိ ပေါက်မြိုင် တိုက်သစ်ကျောင်းတိုက် ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပြီး ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်မှုများကို လျှောက်ထားကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 09, 2024

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM) ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Mr. Daihei Mochizuki ဦးဆောင်သောအဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီတွင် အဆိုပါဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 09, 2024

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တိုင်းဒေသကြီးရုံးသို့ရောက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့်တွေ့ဆုံကာ တင်ပြချက်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 09, 2024

ရေဘေးဒဏ်ခံစားရသောဒေသများအတွက် စင်ကာပူနိုင်ငံ Ma-hakaruna Buddhist Society ၊ Singapore Sinhala Buddhist Association နှင့် Willing Hearts Foundation တို့က အစားအစာ၊ အဝတ်အထည်နှင့် စာရေးကိရိယာများလွှဲပြောင်းပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (DMC) ၌ကျင်းပရာ ဒုတိယဝန်ကြီး ဦးစိုးကြည်ကလက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 09, 2024

မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ဂုဏ်ပြုကျင်းပမည့် Engineering Technology and Education Forum ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကို ယနေ့နံနက်ပိုင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ရုံးအမှတ် (၂၁) ၌ Hybrid စနစ်ဖြင့်ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 09, 2024

သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (DMC) ၌ကျင်းပရာ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအောက်ရှိ လုပ်ငန်းကော်မတီ ၁၂ ခုမှ အတွင်းရေးမှူးများ၊ ရေဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုများပြားခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 09, 2024

အလုပ်သမားဝန်ကြီးဌာန ပြေးခုန်ပစ်ပြိုင်ပွဲဖွင့်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများ၏ အုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားသမားများ၊ ဝန်ထမ်းမိသားစုများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 09, 2024

မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီဝန်ကြီးဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၇ ရက်က ကျင်းပသည့် (၂၄) ကြိမ်မြောက် အာဆီယံစီးပွားရေး အသိုက်အဝန်းကောင်စီ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 09, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး၊ လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂအေဂျင်စီများမှကိုယ်စားလှယ်များ တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 09, 2024

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် အိမ်မဲမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး အဆိုပါကျောင်း၌ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်များ၊ ဆရာ ဆရာမများနှင့်တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 09, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM) ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်မည့် Mr. Daihei Mochizuki သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၎င်း၏ခန့်အပ်လွှာကို လာရောက်ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 09, 2024

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားကပြည်သူ့စကား” အစီအစဉ်မှ “အစိုးရရဲ့ကမ်းလှမ်းမှုမှာ PDF တွေ ဘာဆက်လုပ်သင့်လဲ” ခေါင်းစဉ်ဖြင့် အောက်တိုဘာ ၉ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 09, 2024

၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဦးတည်ချက် (၄) ရပ်

ဆက်လက်ဖတ်ရှုရန်

Oct 09, 2024

၁။ ပြည်ပတွင် သွားရောက်လုပ်ကိုင်မည့်သူများအနေဖြင့် ဥပဒေနှင့်အညီ မှတ်ပုံတင်ခြင်း၊ ပြည်ပအလုပ်အကိုင်အတွက် နိုင်ငံကူးလက်မှတ် (Passport for Job-PJ) လျှောက်ထားရယူခြင်း၊ ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် (OWIC) လျှောက်ထားရယူခြင်းတို့မရှိဘဲ ပြည်ပအလည်အပတ် နိုင်ငံကူးလက်မှတ် (Passport for Visit-PV) ကိုသာ လျှောက်ထားရယူထားပြီး ပြည်ပအလုပ်အကိုင်ဗီဇာများရယူကာ လေကြောင်းခရီးဖြင့် ပြည်ပထွက်ခွာရန် ဆောင်ရွက်လျက်ရှိကြသဖြင့် သက်ဆိုင်ရာက လေဆိပ်တွင် စိစစ်သည့်အခါ သတ်မှတ်ချက်များနှင့် မကိုက်ညီသည့်အတွက် ပြည်ပသို့ထွက်ခွာခွင့်မရခြင်းများကြောင့် လေယာဉ်လက်မှတ်ခအပါအဝင် အခြားသော ကုန်ကျစရိတ်များဆုံးရှုံးရသည့် ဖြစ်စဉ်များဖြစ်ပေါ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 09, 2024

သယ်ယူပို့ဆောင်ရေးကဏ္ဍ၌ ကုန်ကျစရိတ်အသက်သာဆုံးနှင့် ခရီးသည်နှင့် ကုန်စည်ဝန်ဆောင်မှုများစွာ ဆောင်ရွက်နိုင်သောကဏ္ဍတစ်ခုမှာ ရထားပို့ဆောင်ရေးကဏ္ဍဖြစ်သည်။ မြန်မာနိုင်ငံ သယ်ယူပို့ဆောင်မှုသမိုင်းကြောင်း၌ ပထမဦးဆုံး အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းဖြစ်သည့် နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိသော မြန်မာ့မီးရထားသည် နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူများကို များစွာအကျိုးပြုလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်