Skip to main content

Oct 06, 2024

ရေကြီးနစ်မြုပ်မှုကြောင့် သီးနှံများ ထိခိုက်ခဲ့ရသည့် တောင်ငူ၊ ထန်းတပင်၊ ဖြူး၊ ရေတာရှည်၊ အုတ်တွင်းမြို့နယ်တို့မှ တောင်သူများသည် ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာန စပါးသီးနှံသုတေသနဌာနခွဲ၌ သုတေသနပြုစိုက်ပျိုးထားရှိသော ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိသည့် မျိုးသစ်များ စိုက်ပျိုးထားရှိမှုကို လာရောက်လေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2024

ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းမှုများပြားခဲ့ပြီး ပေါင်းလောင်းဆည်ရေသောက်စနစ် တူးမြောင်းများနှင့် ရေပေးအဆောက်အအုံအချို့ ရေတိုက်စားထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ရာ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Oct 06, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၃ ရက်နှင့် ၄ ရက်တို့တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၃၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Profia Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)ကို လည်းကောင်း၊ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ ၄၆ လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းကိုးမျိုး၊ လူသုံးကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၂၅၄၈၃၆၄၆) ကိုလည်းကောင်း၊ ရွာသာကြီး Dry Port ၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးနှင့် ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးတို့ပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး၊ လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၄၆၇၄၂၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီးနှင့် Hino Profia Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၈၆၂၅၁၀၆၆ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2024

၂၀၂၄ ခုနှစ် နိုင်ငံတကာခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုပြပွဲနှင့် ဆွေးနွေးပွဲများကို “ရှေးဟောင်းအမွေအနှစ်များဖြင့် အနာဂတ်ကာလများကို ပုံဖော်ရာတွင် ယဉ်ကျေးမှုအမွေအနှစ်များအား တာဝန်သိစွာဖြင့် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ခြင်း” ခေါင်းစဉ်ဖြင့် အောက်တိုဘာ ၃ ရက်မှ ၆ ရက်အထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ၌ ကျင်းပလျက်ရှိရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးလှိုင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ကြီး၏ အမုန်းစကား အမုန်းတရားများ မပြန့်ပွားရေး ဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့အမျိုးသားဇာတ်ရုံ၌ ကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များကို ဖွဲ့စည်း၍လည်းကောင်း၊ အကောက်ခွန်ဦးစီးဌာနက ဦးဆောင်သည့် One Stop Service ဌာနဆိုင်ရာအဖွဲ့များ ဖွဲ့စည်း၍လည်းကောင်း၊ နယ်စပ်ဝင်/ ထွက်ဂိတ်များ၊ နယ်စပ်ကုန်သွယ်ရေးရုံးနှင့် စခန်းများ၊ အမြဲတမ်းစစ်ဆေးရေးစခန်းများ၊ ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်နှင့် ကုန်ပစ္စည်းသိုလှောင်ရုံများ၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနှင့် လေဆိပ်များ၊ ကမ်းရိုးတန်းဆိပ်ကမ်းများတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိရာ သတင်းအချက်အလက်ရရှိမှုသည် အလွန်အရေးပါလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2024

၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ် ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့် စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနသို့ ၁ အုပ် ပေးပို့လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2024

ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်း စာရင်းစစ်၊ စာရင်းကောက်များက ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2024

၁။ ပြည်ပတွင် သွားရောက်လုပ်ကိုင်မည့်သူများအနေဖြင့် ဥပဒေနှင့်အညီ မှတ်ပုံတင်ခြင်း၊ ပြည်ပအလုပ်အကိုင်အတွက် နိုင်ငံကူးလက်မှတ် (Passport for Job-PJ) လျှောက်ထားရယူခြင်း၊ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) လျှောက်ထားရယူခြင်းတို့မရှိဘဲ ပြည်ပအလည်အပတ်နိုင်ငံကူးလက်မှတ် (Pass-port for Visit-PV) ကိုသာ လျှောက်ထားရယူထားပြီး ပြည်ပအလုပ်အကိုင်ဗီဇာများ ရယူကာ လေကြောင်းခရီးဖြင့် ပြည်ပထွက်ခွာရန် ဆောင်ရွက်လျက်ရှိကြသဖြင့် သက်ဆိုင်ရာက လေဆိပ်တွင် စိစစ်သည့်အခါ သတ်မှတ်ချက်များနှင့် မကိုက်ညီသည့်အတွက် ပြည်ပသို့ ထွက်ခွာခွင့်မရခြင်းများကြောင့် လေယာဉ်လက်မှတ်ခအပါအဝင် အခြားသောကုန်ကျစရိတ်များဆုံးရှုံးရသည့် ဖြစ်စဉ်များဖြစ်ပေါ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2024

စက္ကူစက်ရုံ (ရေနီ) ရေဘေးသင့်ဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး စက္ကူစက်ရုံ (ရေနီ) ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း တက်ရောက်ပြီး စာနာနားလည်စိတ်၊ ကူညီရိုင်းပင်းစိတ်၊ လူမှုတာဝန်သိစိတ်တို့ဖြင့် ထောက်ပံ့ပေးအပ်သည့်အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် စက်ရုံမှ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြင့်ဆောင်ရွက်နိုင်ရေး၊ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရပါက ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရေး အစီအမံများ ကြိုတင်ဆောင်ရွက်ရန်ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2024

ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ အသားကဏ္ဍ တိုးချဲ့မွေးမြူနိုင်ရေးနှင့် အဆင့်မြင့်ကုန်ချောများ ထုတ်လုပ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2024

နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် သရက်တောပရိယတ္တိစာသင်တိုက်၌ ရေဘေးရှောင်နေသော ဘုန်းတော်ကြီးကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၂၆ ကျောင်းမှ ဆရာတော်သံဃာတော်များအား သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက သရက်တောပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2024

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုကြောင့် ပြိုလဲပျက်စီးသွားသည့် ၂၃၀ ကေဗွီ ရွှေမြို့ - နေပြည်တော် (၂) ဓာတ်အားလိုင်း ပြန်လည်ပြုပြင်ခြင်း၊ ဓာတ်အားလိုင်းအူကြောင်း ပြောင်းလဲတည်ဆောက်ခြင်းနှင့် ၂၃၀ ကေဗွီ သာစည် - ရွှေမြို့ဓာတ်အားလိုင်း ပြုပြင်တည်ဆောက်ပြီးစီး၍ ဓာတ်အားပြန်လည်ပို့လွှတ်ထားမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2024

၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2024

နိုင်ငံတစ်နိုင်ငံ တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးရေးသည် အရေးကြီးသော လုပ်ငန်းစဉ်ဖြစ်သည်။ တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးပါမှ အဆိုပါနိုင်ငံတွင် မှီတင်းနေထိုင်ကြသော ပြည်သူအားလုံး ကိုယ်စိတ်နှလုံးအေးချမ်းပြီး လုံခြုံစိတ်ချရသော လူ့ဘောင်အသိုက်အဝန်းတွင် အေးချမ်းစွာ နေထိုင်လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ သို့မှသာ ပြည်သူများ၏ လူမှုဘဝနှင့် စီးပွားရေးပါ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2024

ကျောင်းနေအရွယ် အသက်ငါးနှစ်မှစကာ ကလေးငယ်တို့ စာသင်ဖို့ ကျောင်းသို့ရောက်ကြသည်။ ထိုအရွယ်သည် စာသင်ရန်၊ ရွတ်ဆိုရန်၊ ရေးသားရန်၊ မှတ်သားရန် ဦးနှောက်မှတ်ဉာဏ်နှင့် ရုပ်ခန္ဓာတို့ ဖွံ့ဖြိုးနေပြီး စွမ်းရည်တို့လည်း ပြည့်စုံနေပြီဖြစ်သည်။ ကကြီး၊ ခခွေးမှစကာ အရေး၊ အဖတ်အခြေခံတို့ သင်ကြား လေ့ကျင့်မှုများပြုပြီးသည်နောက် နှစ်နှစ်၊ သုံးနှစ်အတွင်း ၎င်းတို့အရွယ်နှင့်လိုက်သည့်စာကို ကောင်းစွာဖတ်နိုင်ကြပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 05, 2024

၂၀၂၄ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို သက်ဆိုင်ရာအားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်း/ ရုံများတွင် ဆက်လက်ယှဉ်ပြိုင်ကစားကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား ဘောလုံးပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် ဇေယျာသီရိ တပ်မတော်အားကစားကွင်း၌ အကြိုဗိုလ်လုပွဲစဉ်အဖြစ် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းက နေပြည်တော်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းက ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 05, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 05, 2024

နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ ကျေးရွာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း နေပြည်တော်ကောင်စီနယ်မြေအတွင်းတွင်လည်းကောင်း၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင်လည်းကောင်း စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ ဌာနဆိုင်ရာအဆောက်အဦများတွင် လိုအပ်သည်များ ကူညီရွှေ့ပြောင်းပေးခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ လမ်း၊ တံတားများ၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တင်ကျန်ခဲ့သည့်နုန်းများ၊ သစ်ပင်သစ်ကိုင်းများ ဖယ်ရှားပေးခြင်းအပါအဝင် အခြားလိုအပ်သည်များကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့များက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ တက်ကြွစွာ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်