Aug 12, 2020
၁။ (၁၂-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
Aug 12, 2020
မြန်မာနိုင်ငံ၌ ကုသရေးနှင့်ဆေးရုံပိုင်းဆိုင်ရာ ဝန်ထမ်းအမျိုးမျိုး၏ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရေး လေ့ကျင့်သင်ကြားမှုဆိုင်ရာ ကော်မတီ ပထမအကြိမ် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။
Aug 12, 2020
မြန်မာနိုင်ငံအိုလံပစ်ကော်မတီရုံးနှင့် SOMS Office အဖွဲ့တို့၏ လုပ်ငန်းတာဝန်ခွဲဝေမှု ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီတွင် နေပြည်တော်ရှိ အားကစားနှင့်ကာယပညာဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 12, 2020
မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Aug 12, 2020
မိုးစပါးမျိုးစေ့ ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို "Covid-19 စီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက်"(CERP) ထောက်ပံ့မှုဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့ကျေးရွာတွင် ကျင်းပသည်။
Aug 12, 2020
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ သြဂုတ်လ(၁၂) ရက်နေ့၊ မွန်းလွဲ(၂:၃၀) အချိန်က ပဲခူးတိုင်းဒေသကြီး
Aug 12, 2020
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ သြဂုတ် ၁၂ရက် နံနက် ၁၀နာရီခွဲက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့
Aug 12, 2020
ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် မြစ်ကြီးနား မြို့နယ်အတွင်းရှိ အောင်မြင်သာစံပြကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း၏ ပညာသင်ကြားရေး လိုအပ်ချက်များနှင့် ကျေးရွာဖွံ့ဖြိုးရေးအတွက် အခြေခံ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေး ယနေ့နံနက် ၉ နာရီတွင် အဆိုပါ ကျေးရွာသို့ သွားရောက်ခဲ့ကြသည်။
Aug 12, 2020
ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ကိုဗစ်-၁၉ တားဆီးကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများအား ထိရောက်အောင်မြင်စွာ ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ စေတနာရှင်၊ အလှူရှင်များနှင့် အဖွဲ့အစည်းအသီးသီးမှ လှူဒါန်းသည့် ပစ္စည်းများကို လည်း ပြည်နယ်တွင်းရှိ မြို့နယ်အသီးသီးသို့ အချိန်နှင့် တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိရာ ကယားပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို သည် ယမန်နေ့ မွန်းလွဲပိုင်းက “အပြည်ပြည်ဆိုင်ရာ အကူ အညီပေးရေးအဖွဲ့ International Rescue Committee (IRC)မှ လှူဒါန်းသည့် PPE ဝတ်စုံ (၁၀၀၀) စုံနှင့် PPE ခေါင်းဆောင်း (၁၀၀၀) ခု” အား ၎င်း၏ ရုံးခန်း၌ လက်ခံဆောင်ရွက်ခဲ့ပြီး ဂုဏ်ပြု မှတ်တမ်း လွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
Aug 12, 2020
ကယားပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်အတွင်းရှိ မြို့နယ်များသို့သွားရောက်ပြီး လွှတ်တော် ကိုယ်စားလှယ်များ၊
Aug 12, 2020
မြန်မာအားကစားအဖွဲ့ချုပ်များနှင့် အခြေခံအားကစားနည်း စနစ်များအကြောင်း ဟောပြောပို့ချမှု များအား ရုပ်မြင်သံကြားလိုင်းပေါင်းစုံမှ ရိုက်ကူးထုတ်လွှင့်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း အိုလံပစ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 12, 2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနသည် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ယခင် MCCT အစီအစဉ်ဆောင်ရွက်လျက်ရှိသောဒေသများတွင် ပါဝင်ခြင်းမရှိသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ကိုးခုရှိ ကိုယ်ဝန်ဆောင်မိခင်များအား ငွေကြေးထောက်ပံ့မှု အစီ အစဉ်နှင့်ပတ်သက်၍ သတင်းမီဒီယာများအား အသိပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
Aug 12, 2020
၁။ (၁၁-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
ဒုတိယဝန်ကြီး ဦးလှကျော် CERP အစီအစဉ်ဖြင့် ဆောင်ရွက်သည့် မိုးစပါးစိုက်ခင်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 12, 2020
ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးအစီအစဉ် (CERP) ဖြင့် ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို သြဂုတ် ၈ ရက် နံနက် ၈ နာရီက ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့နယ် နန်းတော်ကုန်းကျေးရွာ မိုးစပါးစိုက်ကွင်းရှင်းလင်းဆောင်၌ ကျင်းပသည်။
Aug 12, 2020
နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန် သည် ယနေ့ နံနက် ၇ နာရီခွဲတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည့် (၁၇) ကြိမ်မြောက် အာဆီယံ-ကနေဒါ ဆွေးနွေးပွဲသို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။
Aug 12, 2020
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးကျင်းပရေးအတွက် ကြိုဆိုနေရာချထားရေးနှင့် တည်းခိုနေထိုင်ရေးလုပ်ငန်းကော်မတီနှင့် ခန်းမတွင်းနေရာချထားရေး လုပ်ငန်းကော်မတီတို့၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 12, 2020
လူ့ဘဝသက်တမ်းတစ်ခုသည် ခဏတာမျှဖြစ်သည်။ တစ်နည်းဆိုလျှင် လူ့ဘဝသည် အလွန်တိုတောင်းလှသည်။ ရက်၊ လ၊ နှစ်တို့သည် တရွေ့ရွေ့ အလျင်အမြန်ကုန်ဆုံးနေရာတွင် ကိုဗစ်-၁၉ ရောဂါဘေးနှင့်ကြုံတွေ့နေကြရသည်။ လက်ရှိတွင် ကိုဗစ်-၁၉ရောဂါရိုက်ခတ်မှုဒဏ်သည် ပြင်းထန်ဆဲဖြစ်ပြီး အန္တရာယ်ဆိုးဆိုးရွားရွား မကျရောက်လာစေရေးအတွက် အထူးသတိထား ဆောင်ရွက်နေရသည်။
Aug 12, 2020
မျက်မှောက်ကာလ ကမ္ဘာ့မြင်ကွင်းကျယ်ကြီးကိုကြည့်လျှင် ကမ္ဘာလုံးချီသည့် ကူးစက်ရောဂါဘေးကြောင့် နိုင်ငံကြီး နိုင်ငံငယ်မဟူကဏ္ဍ ပေါင်းစုံမှာ ထိခိုက်ခံစားနေကြရသည့် မြင်ကွင်းက အထင်ရှားဆုံး ဖြစ်နေသည်ကို တွေ့မြင်ရမည်။ သို့ရာတွင် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှု၊ စားနပ်ရိက္ခာနှင့် သန့်ရှင်းသော သောက်သုံးရေ မလုံလောက်မှု၊ ဆင်းရဲမွဲတေမှု စသည့်ပြဿနာကြီးများကလည်း ကမ္ဘာ့နိုင်ငံများစွာတို့ကို လေးလံစွာ ဖိစီးလျက်ရှိနေသေးသည်။ တစ်ဖက်တွင်လည်း အကြမ်းဖက်ဝါဒနှင့် အုပ်စုဖွဲ့ ဗိုလ်ကျစိုးမိုးလိုသည့် ဝါဒတို့ကို ရင်ဆိုင် နေကြရသည်။
Aug 11, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် စင်ကာပူနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၅၀ အား (၁၃)ကြိမ်မြောက် မြန်မာအမျိူးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေပိုင်းတွင်လည်းကောင်း၊ နိုင်ငံအရပ်ရပ်တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၉၇ ဦးအား ကိုရီးယားသမ္မတနိုင်ငံမှတစ်ဆင့် (၁၇)ကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ညပိုင်းတွင်လည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ အသီးသီး ပြန်လည်ရောက်ရှိကြသည်။
Aug 11, 2020
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အခြေခံပညာအထက်တန်းဆင့်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၃ နာရီတွင် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။