Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး အမှတ်(၁)ရေနံချက်စက်ရုံ (သန်လျင်)၊ သီလဝါ ဓာတ်အားပေးစက်ရုံ နှင့် ၂၃၀ ကေဗွီ သီလဝါဓာတ်အားခွဲရုံသို့ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၂၇

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် ယနေ့ နံနက်ပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)၊ သီလဝါ ဓာတ်အားပေး စက်ရုံနှင့် ၂၃၀ ကေဗွီ သီလဝါ ဓာတ်အားခွဲရုံတို့သို့ ကြည့်ရှုစစ်ဆေး သည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သန်လျင်မြို့နယ်ရှိ မြန်မာ့ရေနံဓာတု ဗေဒလုပ်ငန်း၊ အမှတ်(၁) ရေနံချက်စက်ရုံဝင်းအတွင်းရှိ စက်ဆီ/ချောဆီ ရောစပ်စက်ရုံသို့ ရောက်ရှိရာ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မြင့်နှင့်တာဝန်ရှိသူများက လုပ်ငန်းများ ဆောင်ရွက်နေမှု တို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ပြီး စက်ဆီ/ချောဆီ စက်ရုံအတွင်း ပြုပြင်မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်တန်းမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ သီလဝါသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံဝင်း အတွင်းရှိ ၂၃၀ ကေဗွီသီလဝါဓာတ်အားခွဲရုံသို့ရောက်ရှိရာ စက်ရုံမှူးက ဓာတ်အားပေးစက်ရုံနှင့် ဓာတ်အား ခွဲရုံဆိုင်ရာ အချက်အလက်များ၊ ဓာတ်အားပေးစက်ကြီးများ မောင်းနှင်နေမှုနှင့် ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနေမှုတို့ကို ရှင်းလင်းတင်ပြရာ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးနှင့် တာဝန်ရှိသူများက ဖြည့်စွက် ရှင်းလင်း တင်ပြကြသည်။ တင်ပြမှုများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ဓာတ်အားပေး စက်ရုံနှင့် ဓာတ်အားခွဲရုံ ရေရှည်တည်တံ့ခိုင်မြဲရေး၊ စက်စွမ်းအားပြည့် မောင်းနှင်နိုင်ရေးအတွက် ဓာတ်အားပေးစက်များ၊ ဓာတ်အားခွဲရုံများ ကြံ့ခိုင်ရေးကို စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရန်၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ်စေရေး အလေးထား ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ဓာတ်အားပေး စက်ရုံနှင့် ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)