Skip to main content

Jun 12, 2021

ကမ္ဘာတစ်ဝန်းတွင် ကလေးလုပ်သားအရေအတွက် သန်း ၁၆ဝ အထိ မြင့်တက်လာသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သန်းနှင့်ချီသည့် ကလေးများအတွက် ပိုမိုအန္တရာယ်ရှိလာသည်ဟု အိုင်အယ်လ်အိုနှင့် ယူနီဆက်ဖ်တို့၏ အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 12, 2021

နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေရန်ရည်ရွယ် ချက်ဖြင့် သွေးထိုးလှုံ့ဆော်သူနှင့် အကြမ်းဖက်သမားများသည် ရပ်ရွာများတွင် နေ့စဉ်နှင့်အမျှ နှောင့်ယှက် ဖျက်ဆီးနေကြသည်။ ၎င်းတို့သည် အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့သက်သက် တိတ်တဆိတ်လုပ်ကြံခြင်း၊ အုပ်စုဖွဲ့၍ ရက်စက်စွာ အကြမ်းဖက်သတ်ဖြတ်ခြင်း၊ စာသင်ကျောင်း များအပါအဝင် အများပြည်သူဆိုင်ရာ နေရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးများ၊ အစိုးရဌာနများ အား မီးရှို့ဖျက်ဆီးခြင်း စသည့် အဖျက်လုပ်ရပ်များကို ကျူးလွန်နေကြသည်။ ။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2021

အမျိုးသားမြေအသုံးချမှုကောင်စီ (ပထမအကြိမ်) အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အင်ကြင်း ခန်းမ၌ ကျင်းပရာ အမျိုးသားမြေအသုံးချမှု ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2021

ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည့် နေပြည်တော်၊ ပျဉ်းမနားမြို့၊ ဈေးကုန်း ပရိယတ္တိ စာသင်တိုက် ဦးစီးပဓာန မဟာနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇ မဟာရဋ္ဌဂုရု ဒေါက်တာ ဘဒ္ဒန္တကဝိသာရ၏ ဥတုဇရုပ်ကလာပ်တော်အား ယနေ့ညနေပိုင်း တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် သွားရောက်ဖူးမြော်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2021

(၂၀၂၁) ပညာသင်နှစ်၌ ဆေးတကသိုလ်များနှင့်ဆေးပညာနှီးနွယ် တကသိုလ်များတွင် ဖွင့်လှစ်မည့် ဘွဲ့လွန်ဆေး ပညာသင်တန်းများ ဝင်ခွင့်အရည်အချင်းစစ်ရေးဖြေစာစစ် ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2021

ကူးစက်မြန်ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ အကြပ်အတည်းမှ ပြန်လည်ရုန်း ထနိုင်ရန်နှင့် မြန်မာနိုင်ငံ၏ စီးပွားရေးပြန်လည်ဦးမော့လာစေရန် အဓိက အားထားရမည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သမဝါယမကဏ္ဍများ အနေဖြင့် ပါဝင်သူအား လုံး၏ အင်အားကို ရယူအသုံးချ နိုင်ရေးအတွက် အားလုံးပူးပေါင်း ဆောင်ရွက်သည့် ချဉ်းကပ်မှုပုံစံဖြင့် ဆောင်ရွက်နိုင်ရေးနှင့် ရရှိထားသောချေးငွေ များကို အလေအလွင့်မရှိ ထိရောက်စွာအသုံးချရေးကို အထူးအလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း ယနေ့ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ် (၁၆)တွင် ကျင်းပသည့် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချေးငွေ ကြီးကြပ်မှု ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2021

ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် လျှောက်ထားခြင်းဆိုင်ရာကိစ္စများကို ကိုယ်စားဆောင်ရွက် ရမည့် ကိုယ်စားလှယ်များသတ်မှတ်ခြင်း နှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2021

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်များတွင် သင်ကြားရေးနှင့် သုတေသနဆိုင်ရာ သင်ထောက်ကူပစ္စည်းများ ဖြည့်တင်းရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2021

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် ယနေ့ နံနက် ၁၁ နာရီတွင် မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာ နှင့် အဖွဲ့အား တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2021

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကကြီးမှူး၍ နှစ်စဉ်ကျင်းပ ပြုလုပ်သော ၂၀၂၁ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ (ပထမကြီး၊ ပထမလတ်၊ ပထမငယ်) ပဉ္စမနေ့ကို ၁၁-၆-၂၀၂၁ ရက်နေ့၌ နိုင်ငံတစ်ဝန်းလုံးရှိ စာဖြေဌာန ၂၄၁ ဌာနတို့တွင် စာရင်းသွင်းသံဃာနှင့် သီလရှင် စုစုပေါင်း ၂၉၅၁၅ ပါး အနက် ၁၇၇၄၄ ပါး ဖြေဆိုကြသဖြင့် ၆၀ ဒဿမ ၁၂ ရာခိုင်နှုန်း ဖြေဆိုကြ ကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2021

ရန်ကုန်မြို့တွင် ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသ ကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မင်္ဂလာခန်းမ၌ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်/ ကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးအဖွဲ့မှူးများအား တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ဇွန် ၁၀ ရက် ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ နယ်မြေခံလုံခြုံရေးရဲတပ်ဖွဲ့ခွဲရှိ တပ်ဖွဲ့ဝင်နှင့် မိသားစုများအား တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2021

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၏ လုပ်ငန်း များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ဖွဲ့စည်းထားသည့် လုပ်ငန်း ကော်မတီများအနက် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းကော်မတီ၏ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2021

လှော်ကားရေလှောင်ကန်ရှိ ရေဝေရေလဲ သစ်တောမြေနေရာ က ၅ဝ တွင် ကျွန်း၊ ပျဉ်းကတိုးနှင့် အရိပ်ရ သစ်ပင်ပေါင်း ၈ဝဝဝဝ ကျော်ကို ယခု မိုးရာသီတွင် ရန်ကုန်မြို့တော်  စည်ပင်သာယာရေးကော်မတီက စိုက်ပျိုး ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2021

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (မေလထိ) မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု (ယာယီစာရင်းအရ) ပြည်ပပို့ကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၉.၆၉) ဘီလီယံ၊ ပြည်ပသွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ

ဆက်လက်ဖတ်ရှုရန်

Jun 11, 2021

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ပြီးခဲ့သော ဇွန် ၁ ရက်မှစတင်ကာ နိုင်ငံတစ်ဝန်းလုံးမှ အခြေခံပညာကျောင်းများ ဖြစ်သောထက်/လယ်/မူ ကျောင်းများအားလုံး ၂၀၂၁၂၀၂၂ ပညာသစ်နှစ်ကို စတင် ဖွင့်လှစ်ခဲ့ပြီဖြစ်သည်။ ယင်းသို့ စတင် ဖွင့်လှစ်နိုင်ရန် ကျောင်းအပ်နှံရေး ရက်သတ္တပတ် ကိုလည်း ဇွန်လမတိုင်မီ မေ ၂၄ ရက်မှ ၃၁ ရက်အထိ ကြိုတင်သတ်မှတ်ကာ ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များကို သက်ဆိုင် ရာကျောင်းများမှ စတင် လက်ခံခဲ့ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2021

သုတဝေဖြာသီရိဂေဟာမိသားစုပြိုင်ပွဲ အသိပညာပေး အစီအစဉ် (Family Quiz) ပွဲစဉ် (၁၈)ကို ဇွန် ( ၁၁ ရက် ညနေတွင် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ ဆက်လက်ထုတ်လွှင့်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2021

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်သည် အမျိုးသားစာပေဆုနှင့် စာပေဗိမာန် စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များ၊ ပြန်ကြားရေး ဝန်ကြီးဌာနအောက်ရှိ အရာထမ်း၊ အမှုထမ်းများနှင့် ဇွန် ၉ ရက်နှင့် ၁၀ ရက်တို့တွင် ရန်ကုန်မြို့၌ တွေ့ဆုံ သည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2021

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေ ဗိမာန်ရုံးက အပတ်စဉ် စနေနေ့ တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေ ဖြန့်ချိလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်