Skip to main content

Jun 14, 2021

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် ဇွန် ၁၂ ရက်က မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) တို့၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးပြီး ဌာနဆိုင်ရာများ၊ ဒေသနေတောင်သူများနှင့်တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2021

(၇၄)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၇ နာရီခွဲက ဗဟန်းမြို့နယ် အာဇာနည်ဗိမာန် ကွပ်ကဲရေးရုံး ရှင်းလင်း ဆောင်၌ ကျင်းပသည်။ အစည်းအဝေးသို့ (၇၄)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) နှင့်ကော်မတီဝင်များ၊ (၇၄)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေးဆပ်ကော်မတီ အသီးသီးတွင် ပါဝင်သည့် ဌာနမှူးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2021

ပို့ကုန်/ သွင်းကုန်လုပ်ထုံးလုပ်နည်း သင်တန်း(၂/၂၀၂၁) သင်တန်းဆင်းပွဲကို  ယနေ့ နံနက် ၉ နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2021

အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၆၁)နှင့် စာရေးဝန်ထမ်း အခြေခံသင်တန်း အမှတ်စဉ် (၉၇) တို့၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပြည်သူ့ ဝန်ထမ်းအကယ်ဒမီတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2021

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်သည် ယနေ့နံနက်ပိုင်းတွင် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ လောက်ကိုင်မြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့် စက်ရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေး၍ ပြည်သူများ၏ သတင်းအချက်အလက် သိပိုင်ခွင့် ဖြည့်ဆည်း ဆောင်ရွက်ပေးရေး နှင့် အသိပညာ ဖြန့်ဝေရေးကိစ္စများကို ဆွေးနွေးမှာကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2021

တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များ အလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၆/၂၀၂၁ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို ဇွန် ၁၂ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2021

အချိန်နှင့်ဒီရေသည် လူကိုမစောင့်ဟူသော ဆိုရိုးစကား ရှိခဲ့သည်။ အချိန်သည် တစ်ရွှေ့ရွှေ့နှင့် မရပ်မနားခရီးနှင်နေဆဲ ဖြစ်သည်။ မိမိတို့ နိုင်ငံကို အရေးပေါ် အခြေအနေကြေညာကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဦးဆောင်မောင်းနှင်၍ ဖြတ်သန်းလာခဲ့သည်မှာ ယခုဆိုလျှင် လေးလတာခရီးကို လွန်မြောက်ခဲ့ပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2021

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ဇွန် ၁၂ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် အဖွဲ့ဝင်များက ကလေးဝမြို့နယ်ခန်းမ၌ တွေ့ဆုံ၍ ကြက်ဥအလုံး ၅၀၀၊ ကုလားပဲ ပိဿာ ၅၀၊ ရွှေဖီဦး လက်ဖက် ခြောက်ထုပ်အထုပ် ၅၀၊ စားသောက် ဖွယ်ရာများနှင့် နှာခေါင်းစည်းအခု ၅၀၀၀ တို့ကို ပေးအပ်ရာ ကလေးဝမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် ဒေသခံပြည်သူများက လက်ခံရယူကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2021

ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင် လွိုင်လင်မြို့ မင်္ဂလာအနောက် ကျောင်းတိုက်၌ ကျင်းပသည့် (၁၆) ကြိမ်မြောက် အစိုးရပါဠိပထမပြန် စာမေးပွဲ အောင်မြင်တော်မူကြသော စာအောင် သံဃာတော်များအား ဂုဏ်ပြုချီးမြှင့်ခြင်း စူဠဘွဲ့နှင်း သဘင်ကို ယနေ့နံနက်ပိုင်း တွင် အဆိုပါ ကျောင်းတိုက်၌ ပြုလုပ်ရာ လွိုင်လင်မြို့ သာသနာ ဝိပုလ ဓာတ်တော်စာသင်တိုက် ပဓာနနာယက ရှမ်းပြည်နယ် လုံးဆိုင်ရာ သံဃအဖွဲ့ချုပ် ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ပညာနန္ဒနှင့် လွိုင်လင်မြို့ ရတနာ စည်စာသင်တိုက် ပဓာနနာယက ဆရာတော် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တသီလာနန္ဒတို့ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်လှမိုးနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2021

၂၀၂၁ ခုနှစ်၊ ဇွန်လ (ပထမပတ်) အတွင်းတွင် အထက်မြန်မာပြည် အစိုးရပုံနှိပ်စက်ရုံ (မန္တလေး) မှ ဟားခါးခရိုင်ပညာရေး ဦးစီးဌာနအတွက် (KG)တန်းမှ (Grade-4)တန်းအထိ ကျောင်းသုံးပုံနှိပ်စာအုပ် ၁၂၇၇၉၇ (တစ်သိန်းနှစ်သောင်းခုနှစ်ထောင် ခုနှစ်ရာကိုးဆယ့်ခုနှစ်) အုပ် တင်ဆောင်လာသော ကုန်တင် ယာဉ် ၂ စီးအား ရွာဗန်းကျေးရွာအနီး ဂန့်ဂေါ-ဟားခါး သွားကားလမ်း မိုင်တိုင် ၃၅ နှင့် ၄၀ အကြားတွင် လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူအင်အားစုများမှ တားဆီးထိန်းသိမ်းခဲ့ပြီး ယာဉ်ပေါ် တင်ဆောင်လာသော ကျောင်းသုံးပုံနှိပ်စာအုပ်များအား ယာဉ်ပေါ်မှချထားခိုင်းကာ ယာဉ်များအား နောက်ကြောင်းသို့ ထွက်ခွာစေခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2021

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကကြီးမှူး၍ နှစ်စဉ်ကျင်းပ ပြုလုပ်သော ၂၀၂၁ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ (ပထမကြီး) သတ္တမနေ့ကို ဇွန် ၁၃ ရက်၌ နိုင်ငံ တစ်ဝန်းလုံးရှိ စာဖြေဌာန ၂၄၁ ဌာနတို့တွင် စာရင်းသွင်းသံဃာနှင့် သီလရှင် စုစုပေါင်း ၈၀၄၉ ပါး အနက် ၄၉၀၃ ပါး ဖြေဆိုကြသဖြင့် ၆၀ ဒဿမ ၉၁ ရာခိုင်နှုန်း ဖြေဆိုကြကြောင်း သာသနာရေး ဦးစီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2021

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ အစယ်ကျေးရွာအုပ်စု၊ အိုးလည်ပင်း ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲအား မေ ၂၄ ရက် ည ၁၀ နာရီခန့်တွင် ကျောင်းဝန်းတံခါးအား ဖျက်၍ ကျောင်းဝန်းအတွင်းဝင်ရောက်ကာ ကျောင်းအတွင်းရှိ လက်ဆေးဘေစင် ၄ ခုနှင့် သောက်ရေသန့်စတီးရေစင်တို့အား တွန်းလှဖျက်ဆီးခဲ့ပြီး ကျောင်းခြံဝန်းတံခါး၌ ခြိမ်းခြောက်စာ ရေးသားထားသည့် ဗီနိုင်းများကပ်ခဲ့သည့် အဆိုပါကျေးရွာနေ ထိန်းလင်းဦး(ဘ)ဦးလှကို အား ဇွန် ၁၂ ရက်တွင် ထူးကြီးမြို့၊ အမှတ်(၁) ရပ်ကွက်၊ သမာဓီလမ်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2021

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်းခွဲအား အကြမ်းဖက်သူများမှ မီးရှို့ဖျက်ဆီးခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2021

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တွီဒိန်ကျေးရွာရှိ ထေရဝါဒဗုဒ္ဓသာသနာပြု ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ပညာဇောတ သည် ဇွန် ၇ ရက်နေ့တွင် ဟားခါးမြို့၌ ကျင်းပပြုလုပ်မည့် အစိုးရပထမပြန်စာမေးပွဲဖြေဆိုရန်အတွက် ဇွန် ၄ ရက်နေ့တွင် ကျောင်းပိုင် Nissan Note မော်တော်ယာဉ်ဖြင့် တစ်ပါးတည်းထွက်ခွာခဲ့ပြီး ပျောက်ဆုံးလျက်ရှိကြောင်းနှင့် မြေပြင်သတင်းအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း ဇွန် ၆ ရက်နေ့တွင် သတင်းထုတ်ပြန်ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2021

ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် အတွက် နယ်မြေခံတပ်မှ တာဝန်ယူဆောက်လုပ်လျက်ရှိသည့် ဝေါလေမြို့၊ ကနဲလေးကျေးရွာအနီး ကနဲလေး- မော်ခီးသွားကားလမ်းပေါ်ရှိ အူးဟူ ချောင်းတံတား တည်ဆောက်ရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသည့် အပြစ်မဲ့ အရပ်သား အလုပ်သမား ၄၇ ဦးအား မေ ၃၁ ရက်တွင် KNDO အဖွဲ့မှ ဗိုလ်ကြီး အဆင့်ရှိသူ စောပါဝါး ဦးစီးသည့်အဖွဲ့က အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်ပြီး အချို့အား ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ စေခိုင်းချက်အရ ဘီးလင်းမြို့နယ်ရှိ KNU တပ်မဟာ(၅) နယ်မြေတွင် စစ်သင်တန်းနှင့် ဖောက်ခွဲဖျက်ဆီးရေးသင်တန်း တက်ရောက်ခဲ့ပြီး လက်နက်ခဲယမ်း ဝယ်ယူရေး ကိစ္စရပ်များအား ချိတ်ဆက်ဆောင်ရွက်ပေးခဲ့သည့် ငြိမ်းချမ်း(ခ)ခိုင်ကိုမွန်နှင့် ရွှန်းစိမ့်စိမ့် တို့အား မရမ်းကုန်းမြို့နယ်တွင် ၁၃-၅-၂၀၂၁ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2021

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်မှ စ၍ ကျန်းမာရေးဝန်ကြီးဌာနနှင့် အဆက်အသွယ်ဖြတ်ကာ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်း လက်ကျန်ငွေ ကျပ် ၁၆၁.၁၉၈ သန်းအား ငွေစာရင်း ရှင်းလင်းခြင်းမရှိဘဲ CDM ဝန်ထမ်းအဖြစ် ခံယူသွားခဲ့သူဖြစ်ပါသည်။ ထို့ကြောင့် ဒေါက်တာ ထားထားလင်း အား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်တွင် ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းမြို့မ ရဲစခန်းမှ (ပ)၁၁/၂၀၂၁ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီးနောက် ဆက်လက်ရှာဖွေစုံစမ်းခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၀ ရက်တွင် ဒဂုံမြို့နယ်၊ ယောမင်းကြီး ရပ်ကွက်၊ နဝဒေးလမ်းဘေးတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2021

လိုင်ဇာရှိ KIA လက်နက်ကိုင်အဖွဲ့ဌာနချုပ်သို့ စစ်သင်တန်းစေလွှတ်ခဲ့မှု၊ ဖောက်ခွဲရေး ပစ္စည်းများ ပြုလုပ်ရာ၌ ပါဝင်မှုတို့နှင့်ဆက်စပ်၍ အောင်ခန့်(ရွှေသီဟ ဆန်စက်ပိုင်ရှင်၊ ရွှေဘိုမြို့နေထိုင်သူ)အား ၂၁-၅-၂၀၂၁ ရက်တွင် ဖမ်းဆီးရမိခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2021

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ ဩရိဿမြောက်ပိုင်းကမ်းခြေနှင့် အနောက်ဘင်္ဂလားကမ်းခြေတို့အနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ဆက်လက် တည်ရှိနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပါသည်။

ဆက်လက်ဖတ်ရှုရန်