Skip to main content

ပြင်ဦးလွင်မြို့နယ်၌ ငွေကျပ်သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော် ဒီဇင်ဘာ ၂

ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ်သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁ ရက် နံနက် ၆ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မြို့ရှောင်လမ်းအဝင်တွင် မူဆယ်မှ မန္တလေးဘက်သို့ ဝင်းနိုင်(၄၉)နှစ် မောင်းနှင်လာသည့်ယာဉ်ကို စစ်ဆေးရှာဖွေရာ ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂ ဒသမ ၃၁ ကီလိုနှင့် စိတ်ကြွရူးသွပ် ဆေးပြား ၁ ဒသမ ၆ သိန်းကျော်သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါး များကို ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ ကချင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)