Skip to main content

Apr 17, 2025

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ဧပြီ ၁၅ ရက် နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနပိုင်မြေနေရာ၌ သမဝါယမဦးစီးဌာနမှ ငလျင်ဒဏ်သင့် အမှုထမ်း ၆၀ နှင့် မိသားစုများ ယာယီနေထိုင်နိုင်ရန် လေးခန်းတွဲတစ်ထပ် အိမ်ရာ အလုံး ၂၀၊ အရာထမ်း ၂၀ နှင့် မိသားစုများ ယာယီနေထိုင်နိုင်ရန် နှစ်ခန်းတွဲ တစ်ထပ်အိမ်ရာ အလုံး ၂၀ တည်ဆောက်မည့်နေရာကိုလည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အမှုထမ်း ၂၈ ဦးနှင့် မိသားစုများ ယာယီနေထိုင်နိုင်ရန် လေးခန်းတွဲတစ်ထပ်အိမ်ရာ ခုနစ်လုံး၊ အရာ ထမ်း ၃၂ ဦးနှင့် မိသားစုများ ယာယီနေထိုင်နိုင်ရန် နှစ်ခန်းတွဲ တစ်ထပ်အိမ်ရာ ၁၆ လုံး တည်ဆောက်ရန် ပြင်ဆင်ဆောင်ရွက်နေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား မေလပထမပတ်အတွင်း ပြီးစီးအောင်တည်ဆောက်ကြရန်မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 17, 2025

နေပြည်တော်ကောင်စီနယ်မြေ၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာသော သင်္ကြန် (အေးသင်္ကြန်) ကို ကျင်းပလျက်ရှိရာ ယနေ့ သင်္ကြန်အတက်နေ့တွင်လည်း လာရောက်ရေကစားကြသည့် ပြည်သူများက တစ်ဦးနှင့်တစ်ဦး ယဉ်ကျေးသိမ်မွေ့စွာ ရေပက်ဖျန်း၍ အေးသင်္ကြန်ကို ပါဝင်ဆင်နွှဲကြကာ အလှူရှင်များကလည်း နေ့ရက်အလိုက် စတုဒိသာအကျွေးအမွေးများဖြင့် ကုသိုလ်ပြုပါဝင်လျက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 17, 2025

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းပျက်စီးခဲ့သည့် ရုံးအဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာ အဆောက်အအုံများဘေးအန္တရာယ်ကင်းရှင်းမှု စစ်ဆေးခြင်းနှင့် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေတို့ကို ဧပြီ ၁၆ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 17, 2025

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယ ရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး၊ ဒုတိယရဲချုပ် (၁) ရဲဗိုလ်ချုပ် တင်ကိုကိုနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ဝန်ကြီးရုံး၊ တပ်ဖွဲ့၊ ဦးစီးဌာနများမှ ငလျင်ဒဏ်သင့်ဝန်ထမ်းနှင့် မိသားစုဝင်များ ပြောင်းရွှေ့နေထိုင်နိုင်ရေး ယာယီဘာရှာအဆောက်အအုံများ ဆောက်လုပ်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 17, 2025

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော်သို့ ဘုရားဖူးရန် လာရောက်သည့် ပြည်သူများအား ကင်မွန်းချောင်းကျေးရွာ၊ ကဒက်ချောင်းရှိ ဝါဆိုမိုးစားသောက်ဆိုင်၌ ထမင်းစားနေစဉ် PDFအမည်ခံ အကြမ်းဖက်သမားများက ဧပြီ ၁၅ရက် မွန်းလွဲ ၂နာရီခန့်တွင် အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 17, 2025

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်ကို ကူးပြောင်းရောက်ရှိလာတဲ့ ဒီနေ့လို မင်္ဂလာရှိလှတဲ့ မြန်မာနှစ်သစ်ကူးအခါသမယမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်ထောင်စုဖွားတိုင်းရင်းသား မိဘပြည်သူအားလုံးအပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာရှိကြတဲ့ ကမ္ဘာသူကမ္ဘာသားများအားလုံး ဘေးဘယာများကင်းဝေးပြီး စိတ္တသုခ၊ ကာယသုခတို့ဖြင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Apr 17, 2025

“ဗြဟ္မစိုရ်လေးဖြာ ပွားကြပါ” ယနေ့သည် မြန်မာတို့၏ သက္ကရာဇ်ဖြစ်သော ၁၃၈၆ - ခုနှစ်ဟု ဆိုအပ်သော ကုန်ပျောက်၍ ၁၃၈၇-ခုနှစ်ဟု ဆိုအပ်သော နှစ်သစ်မင်္ဂလာသို့ရောက်ရှိသည့်ကောင်းမြတ်သော မင်္ဂလာရှိသော အချိန်အခါ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 17, 2025

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများ၊ အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ အမြောက်အမြား ဖြစ်ပေါ်ခဲ့ခြင်းအတွက် ဘော့စ်နီးယားနှင့် ဟာဇီးဂိုးဗီးနားနိုင်ငံ သမ္မတရုံးဥက္ကဋ္ဌ မစ္စဂျယ်လီကာ ဆီဂျန်နိုဗစ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2025

နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အလျင်အမြန် စုံစမ်းစစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတကာမှလည်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများပေးလျက်ရှိရာ သက်ဆိုင်ရာနိုင်ငံများအလိုက် ကယ်ဆယ်ရေးအဖွဲ့များ၊ ဆရာဝန်များနှင့် သူနာပြုဆေးအဖွဲ့များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများသည် မြန်မာနိုင်ငံသို့ နေ့ရက်အလိုက်ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2025

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်မှ ၁၃၈၇ ခုနှစ်သို့ ကူးပြောင်းမည့် နှစ်သစ်အခါသမယတွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာများနှင့်အညီ ယဉ်ကျေးသိမ်မွေ့ပြီး အေးချမ်းသာယာသည့် နှစ်သစ်ကူးအတာသင်္ကြန်အဖြစ်ကျင်းပ၍ နှစ်သစ်အတာကူးကြသည်။

ဆက်လက်ဖတ်ရှုရန်