Skip to main content

Aug 25, 2025

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်းပေါ်ရှိ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်း၌ အကောက်ခွန်ကုန်ပစ္စည်းစစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 25, 2025

တရုတ် - အာဆီယံစင်တာ အတွင်းရေးမှူးချုပ် Mr. Shi Zhongjun နှင့်အဖွဲ့သည် မြန်မာ- တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို)ရုံး၌ ယနေ့နံနက်ပိုင်းက လာရောက်ကာ ဥက္ကဋ္ဌဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အားတွေ့ဆုံ၍ ချစ်ကြည်ရေး၊ ပညာရေး၊ လူမှုရေး၊ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 25, 2025

တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်းက ကြီးမှူးပြုလုပ်သည့် မြန်မာနိုင်ငံရှိ တရုတ်စီးပွားရေးလုပ်ငန်းများ၏ လူမှုအကျိုးပြုလုပ်ငန်းများ တာဝန်ယူဆောင်ရွက်ခြင်း အစီရင်ခံစာ-၂၀၂၅ ဖွင့်ပွဲနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (Ministry of Commerce- MOFCOM) ပညာသင်ဆုပေးအပ်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ M-Gallery Hotel ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 25, 2025

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အနုပညာရှင်များသည် ယနေ့နံနက်ပိုင်းတွင် ကယားပြည်နယ် လွိုင်ကော်မြို့သို့ သွားရောက်၍ ဒေသတည်ငြိမ်အေးချမ်းမှုအခြေအနေများကိုကြည့်ရှုပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများအား တေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်၍ ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 25, 2025

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးသည် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင် တို့နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် ရှေးဟောင်းအဆောက်အအုံအား ရှေးမူမပျက် ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ရန် ဆောင်ရွက်မည့်လုပ်ငန်းအခြေအနေတို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 25, 2025

​​​​​​​မြန်မာနိုင်ငံတွင် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲအပိုင်း(၁)အဖြစ် ကျင်းပတော့မည်ဖြစ်သည်။ ရွေးကောက်ပွဲကျင်းပပြုလုပ်ချိန်တွင် သိက္ခာရှိသောရွေးကောက်ပွဲ၊ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ၊ မသမာမှု ကင်းရှင်းသည့် ရွေးကောက်ပွဲဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် ၂၀၂၀ ရွေးကောက်ပွဲကာလက ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုမျိုးမဖြစ်စေရန်အတွက် အီလက်ထရောနစ်မဲပေးစနစ်ကို နိုင်ငံတော်က ငွေကြေးများစွာအကုန်အကျခံ၍ ဆောင်ရွက်ပေးထားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 25, 2025

​​​​​​​ကမ္ဘာကျော်ဂုတ်ထိပ်တံတားကြီးကို မိုင်းခွဲဖျက်ဆီးလိုက်သည့် လုပ်ရပ်က အကြမ်းဖက်သောင်းကျန်းသူ TNLA နှင့် အပေါင်းအပါ အကြမ်းဖက်သမားများ၏ အသိပညာနှင့်ဉာဏ်ရည်နိမ့်ကျမှုကို လက်တွေ့ပြသလိုက်ခြင်းပင်ဖြစ်သည်။ ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၅ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း မန္တလေး-လားရှိုး ရထားလမ်း ပေါ်ရှိ ဂုတ်ထိပ်တံတားကြီးကို TNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ထိန်းချုပ်လိုက်ကြောင်းဟူ၍ ဓာတ်ပုံများနှင့်တကွ ပြည်ပြေးပြည်ဖျက်မီဒီယာများက ဂုဏ်ယူဝင့်ကြွားစွာ ထုတ်လွှင့်ခဲ့ကြစဉ်ကပင် မြန်မာပြည်သူလူထုအတွင်း တံတားကြီးအတွက် စိုးရိမ်ပူပန်မှုတို့ ဖြစ်ပေါ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2025

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဩဂုတ်လ ၇ ရက်နေ့ ည ၈ နာရီခွဲအချိန် တောင်ကြီးမြို့ ၊ အေးသာယာကားကြီးဝင်းတွင် မူဆယ်မြို့နေ သိန်းထွန်းဦး(ခ)ဘိုဘိုမှ မန္တလေးသို့ လူမဲ့တန်ဆာဖြင့်တင်ပို့မည့် WATER COOLER ၈ လုံးအား ဖွင့်ဖောက်စစ်ဆေးခဲ့ရာ WATER COOLER များအတွင်းမှ ပလတ်စတစ်ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူ ၇ ဒသမ ၀၂ ကီလို (၎င်းဒေသတန်ဖိုး ငွေကျပ် ၁,၀၅၃ သိန်း)အား တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ အလားတူ WATER COOLER များအတွင်း ဘိန်းဖြူများထည့်သွင်း၍ ကားဂိတ်များမှတစ်ဆင့် လူမဲ့တန်ဆာဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊

ဆက်လက်ဖတ်ရှုရန်

Aug 24, 2025

TNLA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် တပ်မတော်၏ စနစ်တကျဖြင့် အဆင့်ဆင့်ခြေကုပ်ယူ ထိုးစစ်ဆင်မှုများကို ဆက်လက်ခုခံနိုင်ခြင်းမရှိဘဲ ကစဉ့်ကလျားဖြင့် ဖရိုဖရဲဆုတ်ခွာထွက်ပြေးစဉ် စစ်ရေးနှင့် မသက်ဆိုင်သည့် မြန်မာနိုင်ငံ၏ အထင်ကရ အမှတ်အသားတစ်ခုဖြစ်သည့် ဂုတ်ထိပ်တံတားအား အသိတရားကင်းမဲ့စွာဖြင့် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2025

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးနှင့် ဘာသာတွဲအလိုက် အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိဇေယျာသီရိဗိမာန်၌ကျင်းပရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်စား ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီစျေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Aug 24, 2025

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ရှိ ရေနံချောင်းစက်မှုဇုန်သို့ စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် မကွေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ဦးစွာစက်မှုဇုန်ခန်းမ၌ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စက်မှုလုပ်ငန်းရှင်များ၊ ရေနံချောင်းတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဓာတုဗေဒဌာန ပါမောက္ခ/ဌာနမှူး၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီး၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်လျှင် နိုင်ငံ၏ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်လာမည့်အပြင် ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိ၍ ဒေသရှိပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း၊ စက်မှုဇုန်များစနစ်တကျဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေများကို ပြဋ္ဌာန်းပြီးဖြစ်၍ ဥပဒေအရ စက်မှုဇုန်အဆင့်အတန်းသတ်မှတ်နိုင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များအနေဖြင့် အပြန်အလှန်စစ်ဆေးပြီးဖြစ်ကြောင်း။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2025

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်နှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ဝန်ကြီးဌာနအောက်ရှိ ဌာနအဖွဲ့အစည်းများအား ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး လုပ်ငန်းဆိုင်ရာများ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2025

ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လွှမ်းခြုံမှုတိုးတက်စေရန် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်၌ ပဏာမကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်ရှိ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲ ၂၀ ကို ပြန်လည်ဖွင့်လှစ်ထားပြီး အားဖြည့်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2025

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ် ဝမ်ပုံကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် နယ်မြေခံတပ်မှ နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျေးရွာဘုန်းတော်ကြီးကျောင်း၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့က နေပြည်တော်ပုဗ္ဗသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်အတွင်းရှိ တောင်သူများအား ကျေးရွာအရောက် ကွင်းဆင်း၍ သွားရောက်တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2025

ဒုတိယအကြိမ်မြောက် ဆီးချိုသွေးချိုနှင့် ဟော်မုန်းရောဂါပညာအဖွဲ့ နိုင်ငံတကာဆေးပညာညီလာခံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Melia Hotel ရန်ကုန်၌ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါ‌မောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်အသင်းနှင့် နှီးနွှယ်ပညာရှင်အသင်းများမှ ဥက္ကဋ္ဌများ၊ အငြိမ်းစားဆေးပညာရှင်ကြီးများ၊ ပြည်တွင်း/ပြည်ပမှ အထွေထွေရောဂါဆေးပညာနှင့် ဆီးချိုသွေးချိုနှင့်ဟော်မုန်းရောဂါ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2025

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရခရိုင် တပ်ကုန်းမြို့နယ် ဆင်သေချောင်းရေဝေ ရေလဲဧရိယာအတွင်းရှိ လွှဘုံကြိုးဝိုင်းအတွင်းနှင့် ရှမ်းပြည်နယ်တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေကန်ရေဝေရေလဲ ဧရိယာအတွင်းရှိ အင်းလေးအနောက် ကြိုးပြင်ကာကွယ်တောတို့အတွင်းရှိ တောနိမ့်တောပါး၊ ကွက်လပ်ဖြစ်ပေါ်နေသော တောင်ကုန်းများတွင် တပ်မတော်ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံးများကြဲချခြင်းကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2025

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ညီနောင်အသင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်