May 21, 2023
“ပညာပြည့်ဝနှလုံးလှသည့် လူငယ်များ၏အားကသာနိုင်ငံတော်ကို စစ်မှန်သည့် အကျိုးဖြစ်ထွန်းစေခြင်းကြောင့် မောင်တို့မယ်တို့သည် ပညာပြည့်ဝနှလုံးလှသည့် လူငယ်များ ဖြစ်အောင် ကျင့်ကြံကြိုးစားကြရမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေလ ၁၉ ရက် နေ့ နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်တွင် ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်မောင်မယ်များ၊ အုပ်ချုပ်သူနည်းပြများ အား တွေ့ဆုံအမှာစကားပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ရေကြောင်းနှင့်လေကြောင်း လူငယ်မောင်မယ်များ နေပြည်တော်ရှိ စေတီပုထိုးများနှင့် အထင်ကရနေရာများ သို့လေ့လာ
May 21, 2023
နေပြည်တော်သို့ ရောက်ရှိနေသော ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၃) နှင့် အခြေခံလေကြောင်းလူငယ်သင်တန်း(အကြီးတန်း အဆင့်) နှင့် (အငယ်တန်းအဆင့်) (၁/၂၀၂၃)မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများသည် ယနေ့တွင် နေပြည်တော်ရှိစေတီပုထိုးများနှင့် အထင်ကရနေရာများသို့ လေ့လာခဲ့ကြသည်။
May 21, 2023
သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင်လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
May 21, 2023
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ် သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့မှုများပေးနိုင်ရန် တပ်မတော်(ရေ)မှ ၂၉ မီတာ ကမ်းထိုးရေယာဉ်ပထမအစီးသည် စစ်ထောက်ချုပ်ရုံးမှရေသယ်ယာဉ် ၁ စီး၊ ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်ရင်းမှ ဒီဇယ်ဆီ ၉ လုံး၊ နယ်မြေခံခဲယမ်းမီးကျောက်တပ်ရင်းမှ ကယ်ဆယ်ရေးပစ္စည်းများ စုစုပေါင်းကုန်တန်ချိန် ၁၀ တန်တို့အားလည်းကောင်း၊ ၂၉ မီတာ ကမ်းထိုးရေယာဉ် ဒုတိယမြောက်အစီးသည် ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်မှ ကယ်ဆယ်ရေးဆန် ၈၀ အိတ်၊ ရေသန့် ၄၀၀ ဗူး စုစုပေါင်းကုန်တန်ချိန် ၄.၅ တန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၇၂ ဦးတို့အားလည်းကောင်း၊ ၂၉ မီတာ ကမ်းထိုးရေယာဉ် တတိယမြောက်အစီးသည် စစ်ထောက်ချုပ်ရုံးမှ Sino Truck ယာဉ် ၁ စီး၊ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းမှ ဒီဇယ်ဆီ ၈ လုံး၊ နယ်မြေခံခဲယမ်းမီးကျောက်တပ်မှ ကယ်ဆယ်ရေးပစ္စည်းများ စုစုပေါင်းကုန်တန်ချိန် ၉.၈ တန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂၃ ဦးတို့အားလည်းကောင်း ယနေ့နံနက်ပိုင်းတွင် ရေချမ်းပြင်ချောင်းဝ အနီးမှတင်ဆောင်၍ ရသေ့တောင်သို့ပို့ဆောင်ပေးခဲ့ပြီးနောက် ထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထပ်မံသယ်ဆောင်ပေးရန်အတွက် ရေချမ်းပြင်၌ ပြန်လည်အခြေပြုခဲ့သည်။
May 20, 2023
တပ်မတော်အနေဖြင့် ဆိုင်ကလုံးမုန်တိုင်းမိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ပျက်စီဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများသို့ ကူညီကယ်ဆယ်ရေးဖွဲ့များ အားစုဖွဲ့စေလွှတ်၍ လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုန်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိ သည့်အပြင် တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများ၊ စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့် ပစ္စည်းများကိုလည်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့် ကူညီ ပို့ဆောင်ပေးလျက်ရှိသည်။
May 20, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
May 20, 2023
စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရောက်ရှိနေသော တပ်မတော်နှင့်ကျန်းမာရေး ဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့်သူနာပြုများပါဝင်သည့် နယ်လှည့်အထူးဆေးကုသရေးအဖွဲ့သည် ယနေ့တွင် ရွှေဘိုမြို့ရှိမြို့တော်ခန်းမ၌အခြေပြု၍ မြို့ပေါ်ရပ်ကွက်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူစုစုပေါင်း ၁၂၆၂ ဦး တို့ကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
May 20, 2023
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း မိုခါမုန်တိုင်းတိုက်ခတ်ခံရသည့် လေဘေးသင့်ပြည်သူများအား ရခိုင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ ထောက်ပံ့လှူဒါန်းသော အခြေခံစားသောက်ကုန်ပစ္စည်းများပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် အမ်းမြို့ရှိရွှေအမ်းတောင်ခန်းမ၌ပြုလုပ်ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်အောင်ကျော်မင်း၊ အမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌဒုတိယဗိုလ်မှူးကြီးမောင်မောင်ခိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လေဘေးသင့်ပြည်သူများတက်ရောက်ကြသည်။
May 20, 2023
၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့လယ်ပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူသည် ဇနီးဖြစ်သူအား “အောင်ရတနာ” အထူးကုဆေးရုံသို့ မော်တော်ယာဉ်ဖြင့်ပို့ဆောင်ပြီးပြန်လာခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်၊ (၁၆/၂) ရပ်ကွက်၊ ဝေဇယန္တာလမ်း၊ အမှတ် (၁၆) လမ်းဆုံအနီးသို့ ရောက်ရှိစဉ် (စိစစ်ဆဲ) ကျား ၂ ဦးမှ မော်တော်ယာဉ်ရှေ့၌ပိတ်ရပ်၍ ပစ္စတို ၂ လက်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဦးစိုင်းကျော်သူသည် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ ကြောင်း သိရှိရပါသည်။
May 20, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၉-၅-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၀-၅-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၇,၄၆၀) ခုအား စစ်ဆေးပြီးစီးခဲ့ ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၉၉) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့ အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၁.၃၃) ရာခိုင်နှုန်း ရှိပါသည်။
May 20, 2023
မြန်မာနိုင်ငံအတွင်း (၁၄-၅-၂၀၂၃)ရက်နေ့က ဖြစ်ပွားခဲ့သော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့်သူများအတွက် ပြည်တွင်း ပြည်ပစေတနာရှင်များအနေဖြင့် အလှူငွေနှင့်ပစ္စည်းများ လှူဒါန်းနိုင်ပါသည်။
May 20, 2023
အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများကို လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့မှုများပေးနိုင်ရန် တပ်မတော်(ရေ)မှ ၂၉ မီတာ ကမ်းထိုးရေယာဉ် တစ်စင်းသည် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီမှ World Bank မိုးကာလိပ် ၆၀၊ World Bank (5.5m X 6m) မိုးကာစ ၅၀၊ World Bank မိုးကာတဲကိုးလုံး၊ စင်ကာပူ မိုးကာတဲအလုံး ၃၀၊ ကျားဝတ်လုံချည်အထည် ၁၀၀၀၊ မဝတ်လုံချည်အထည်၁၀၀၀၊ တီရှပ်အထည် ၂၀၀၀၊ စောင်အထည် ၁၀၀၀၊ တဘက်အထည် ၁၀၀၀၊ ခြင်ထောင်အထည် ၁၀၀၀၊ ဆပ်ပြာတောင့် ၁၀၀၀၊ ကလေး(ကျား) ကျောင်းဝတ်စုံ ၁၀၀၀၊ ကလေး(မ) ကျောင်းဝတ်စုံ ၁၀၀၀၊ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်မှ ဒီဇယ်ဆီအလုံး ၂၀၊ ဓာတ်ဆီ ငါးလုံး စုစုပေါင်း ၁၀ တန်တို့ကို ရေချမ်းပြင်ချောင်းဝအနီးမှတင်ဆောင်ပြီး ထွက်ခွာလာခဲ့ရာ ရသေ့တောင်သို့ မေ ၁၉ ရက် နံနက်ပိုင်းတွင် ရောက်ရှိခဲ့သည်။
May 20, 2023
အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအားလိုအပ်သည့် သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ် ရေးလုပ်ငန်းများဆောင်ရွက်ရန် တပ်မတော်(ရေ)မှ တပ်ဖွဲ့တင်ရေယာဉ်(ချင်းတွင်း)သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၆၈၅ ဦး၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ အရပ်သားဝန်ထမ်း ၁၀၇ ဦး၊ ကယ်ဆယ်ရေးသုံးပစ္စည်းများ၊ ရိက္ခာအမယ်စုံ၊ အထောက်အကူပြုပစ္စည်းများ၊ ဆန်အိတ် ၂၀၀ နှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ စုစုပေါင်း ၂၅ တန် ခန့်တင်ဆောင်၍ ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်-စစ်တွေခရီးစဉ်အတိုင်း ထွက်ခွာကြသည်။
May 20, 2023
သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်မှကြိုတင်စုဖွဲ့ စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
May 20, 2023
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
May 20, 2023
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၉ နာရီတွင် လင်ချန်းမြို့ ဘူတာရုံ၌ တရုတ် - မြန်မာအိန္ဒိယသမုဒ္ဒရာ ရေလမ်းကြောင်းသစ်တည်ဆောက်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးဇုန်တည်ဆောက်ရေးနှင့် အနာဂတ်စီမံကိန်းများကို လင်ချန်းမြို့ ဒုတိယမြို့တော်ဝန် Mr. Zhao Zijie က မြေပုံကားချပ်များဖြင့် အသေးစိတ်ရှင်းလင်းတင်ပြသည်။
May 20, 2023
ကန့်ကွက်နိုင်ကြောင်း အများသိစေရန်ကြေညာခြင်း
May 20, 2023
ကန့်ကွက်နိုင်ကြောင်း အများသိစေရန်ကြေညာခြင်း
May 20, 2023
တည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့် ဆက်လက်လျှောက်ထားလျက်ရှိ
May 20, 2023
ရခိုင်ကမ်းရိုးတန်းဒေသသို့ ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရပ်ကွက်/ကျေးရွာများမှ မုန်တိုင်းဒဏ်သင့်ပြည်သူများကို ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရန် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ တင်ဆောင်လာသော အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS Gharial သည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သီလဝါဆိပ်ကမ်း ရှိ MITT တံတားသို့ ထပ်မံဆိုက်ရောက်လာခဲ့ပြီး အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS Gharial အား တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယရေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။