နီကိုတင်းနှင့် ဆေးရွက်ကြီးစွဲလမ်းမှုကိုတိုက်ဖျက်ဖို့ အားလုံးဝိုင်းဝန်းဆောင်ရွက်စို့
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ အချက်အလက်များအရ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါများ၊ ဆီးချိုရောဂါနှင့် နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ စသည့်မကူးစက်နိုင်သော ရောဂါများကြောင့် နှစ်စဉ်လူပေါင်း ၄၁ သန်းခန့် သေဆုံးလျက်ရှိကြောင်း သိရှိရပါသည်။
