မြန်မာ့စာမျက်နှာသစ် - ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ
ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်နေ့)တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးက မြန်မာနိုင်ငံအတွက် ပဋိပက္ခများနှင့်အကျပ်အတည်းများကြားမှ နိုင်ငံတစ်နိုင်ငံက ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် စီးပွားရေးပြန်လည်ထူထောင် ရေးဟူသော မျှော်လင့်ချက်စာမျက်နှာသစ်ဆီသို့ ကူးပြောင်းပေးနိုင်မည့် အခွင့်အလမ်းဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အတိတ်သမိုင်းတွင်လည်း ယခုကဲ့သို့စိန်ခေါ်မှုများနှင့် အားနည်းချက်များကြားမှ ကျင်းပခဲ့ရသည့် နိုင်ငံထူထောင်ရေး သမိုင်းဝင်ရွေးကောက် ပွဲများမှတစ်ဆင့် နိုင်ငံ၏ပဋိပက္ခများကို ဖြေရှင်းရန်နှင့် နိုင်ငံတကာအသိုက်အဝန်းတွင် တာဝန်သိစွာဖြင့် ပြန်လည်ရပ်တည်နိုင်မည့် အခွင့်အလမ်းကောင်းများကို ရယူပေးနိုင်ခဲ့သည့်သာဓကများ ရှိခဲ့ဖူးပါသည်။
