ရေကြီးရေလျှံမှုဖြစ်ပေါ်ချိန် သတိထားရမည့် မြွေဆိုးများအန္တရာယ်
“မြွေပူရာကင်းမှောင့်၊ ဘူးလေးရာ ဖရုံဆင့်” စသည့်စကားပုံအချို့သည် မြန်မာတို့၏ လူမှုဘဝနယ်ပယ်တွင် ဆိုစမှတ်ရှိကြသည်။ တစ်ပူပေါ်နှစ်ပူဆင့်ဆိုသကဲ့သို့ ဒုက္ခတစ်ခု တွေ့ကြုံခံစားနေရချိန် အခြားသော ပူပင်သောကတစ်ခု ရောက်ရသည်ကို ဆိုလိုခြင်းပင်ဖြစ်သည်။ ယခုအချိန်တွင် မြန်မာနိုင်ငံရှိဒေသ အတော်များများ၌ ရေကြီးရေလျှံမှု များဖြစ်ပေါ်နေချိန်ရေစီးနှင့်အတူ မျောပါလာတတ်သည့် အဆိပ်ပြင်းမြွေဆိုးများ၏ အန္တရာယ်ကိုလည်း သတိပြုရမည့်အချိန်ဟုပင် ဆိုနိုင်သည်။