နှစ်စဉ် အောက်တိုဘာလ ၇ ရက်နေ့တွင် ဝါသီးနှံ၏ အရေးပါပုံကို သတိပြုမိကြပြီး လယ်သမားများမှ အထည်ချုပ်လုပ်သားများအထိ ဝါဂွမ်းကဏ္ဍတွင် ပါဝင်ပတ်သက်သူအားလုံး၏ ပံ့ပိုးကူညီမှုများကို အသိအမှတ်ပြုရန် ကမ္ဘာ့ဝါသီးနှံနေ့ကို နှစ်စဉ်ကျင်းပကြသည်။ ကမ္ဘာ့ဝါသီးနှံနေ့ကို နေ့စဉ်လူနေမှုဘဝတွင် ဝါသီးနှံ၏ အရေးပါမှုကို အသိအမှတ်ပြုရန်နှင့် ဝါဂွမ်းကဏ္ဍ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်နိုင်သော တိုးတက်မှုကို မြှင့်တင်ရန်ရည်ရွယ်၍ ကျင်းပပြုလုပ်သည်။ ယနေ့အထိ ၂၀၂၄ ခုနှစ် ကမ္ဘာ့ဝါသီးနှံနေ့ (World Cotton Day 2024) အတွက် ဆောင်ပုဒ်ကို မကြေညာသေးသော်လည်း ၂၀၂၃ ခုနှစ် ကမ္ဘာ့ဝါသီးနှံနေ့ (World Cotton Day) ၏ ဆောင်ပုဒ်မှာ “လယ်ယာမှသည် ဖက်ရှင်အထိ လူတိုင်းအတွက် ဝါသီးနှံကိုမျှတပြီး ရေရှည်တည်တံ့စေရန် ဖန်တီးကြပါစို့” (''Making cotton fair and sustainable for all, from farm to fashion.") ဖြစ်ပါသည်။ ကုလသမဂ္ဂက ဝါ၏ကဏ္ဍကို မြင်သာစေရန်နှင့် ကုန်သွယ်မှုနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စသည့်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေသည်ကို သတိပြုစေလို၍ ကျင်းပခြင်းဖြစ်ပါသည်။