ထိုင်းနိုင်ငံ၏ သမဝါယမစနစ်ကို လေ့လာခြင်း
ထိုင်းနိုင်ငံတွင် သမဝါယမစနစ်ကို လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်၊ ၁၉၁၅ ခုနှစ်ဝန်းကျင်ကတည်းက စတင်ခဲ့ပြီး ၁၉၁၆ ခုနှစ်တွင် ပထမဆုံးသော သမဝါယမ အသင်း Wat Chan Cooperative Unlimited Liability ကို Phitsanulok ၌ အစိုးရက ဖွဲ့စည်းတည်ထောင်ခဲ့သည်။ အကြွေးမဆပ်နိုင်သည့် တောင်သူများအား အကူအညီပေးနိုင်ရန် ကျေးရွာချေးငွေသမဝါယမအသင်းငယ်လေးတစ်ခုအဖြစ် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် လုပ်ကွက်ငယ်တောင်သူများ၏ စီးပွားရေးဖူလုံမှုမှတစ်ဆင့် ကုန်သွယ်နိုင်မှုအဆင့်အထိ စီးပွားရေးလုပ်ငန်းများ တိုးတက်လာအောင် ရည်ရွယ်ခဲ့ပြီးသမဝါယမစနစ်တွင် စိုက်ပျိုးရေး၊ ချေးငွေနှင့် ဝန်ဆောင်မှုကဏ္ဍများပါ ပါဝင်လာခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။