လူတိုင်းဟာ ဘဝတစ်ခုရှင်သန်ရပ်တည်နေနိုင်ဖို့ စားရေး၊ ဝတ်ရေး၊ နေရေးဆိုတဲ့ အလုပ်သုံးမျိုးကို နေ့စဉ်လုပ်ကိုင်နေကြပါတယ်။ လူချင်းတူပေမယ့် အတိတ်ကံ၊ ပစ္စုပ္ပန်အခြေအနေနဲ့ ပတ်ဝန်းကျင် အခြေအနေတွေကြောင့် ဆင်းရဲချမ်းသာ၊ ရာထူးဂုဏ်ရှိန်ဆိုတဲ့ လူနေမှုအဆင့်အတန်းတွေ ကွဲပြားခြားနားသွားပါတယ်။ အတိတ်ကံဆိုတာကတော့ မွေးကတည်းက ပါလာတာဖြစ်လို့ပြင်မရနိုင်ပါ။ အတိတ်ကံကပါလာတဲ့ ကောင်းကျိုးဆိုးကျိုးတွေကို မလွဲမသွေခံစားကြရမှာ ဖြစ်ပါတယ်။ ပစ္စုပ္ပန်အခြေအနေကတော့ ကာယကံရှင်ကိုယ်တိုင် ကြိုးပမ်းအားထုတ်မှုတွေအပေါ် မူတည်ပါတယ်။ အလားတူတိုးတက်မှု၊ ဆုတ်ယုတ်မှုတွေ ဖြစ်ပေါ်ဖို့အတွက် ပတ်ဝန်းကျင်ဆိုတာကလည်းရှိနေပါတယ်။ ဒါကြောင့် လူတွေတိုးတက်အောင်မြင်ကြဖို့ ပစ္စုပ္ပန်နဲ့ ပတ်ဝန်းကျင်အခြေအနေတွေအပေါ်မှာ မူတည်နေတယ်လို့ ယေဘုယျအားဖြင့် ဆိုနိုင်ပါတယ်။