(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့မှသည် ရှေ့သို့ချီမည် ပန်းတိုင်ဆီ …
မြန်မာ့လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက “လွတ်လပ်ရေးရတယ်ဆိုတဲ့ကိစ္စဟာ လွယ်တဲ့ကိစ္စမဟုတ်ဘူး။ လွတ်လပ်ရေးရရုံနဲ့ ကျုပ်တို့ပြဿနာတွေဖြေရှင်းသွားကြမှာမဟုတ်ဘူး။ အဲဒီအခါကျမှ တကယ့်ပြဿနာတွေ ပေါ်လာလိမ့်မယ်။ လွတ်လပ်ရေးဟာ လမ်းဆုံးမဟုတ်ဘဲ လူတွေရဲ့ကောင်းစားရေးကိုရောက်စေမယ့် လမ်းကြောင်းသာဖြစ်တယ်” ဟု မိန့်ကြားခဲ့ဖူးပါသည်။
