ကမ္ဘာမြေကို ကာကွယ်ဖို့ ပလတ်စတစ်သုံးစွဲမှု လျှော့ချပါစို
လူတစ်ခု ပူမှုဆယ်ကုဋေဟု ဆိုရမလိုပင်။ လူတို့၏ အတ္တ၊ လောဘ၊ မာန်မာနတို့ကြောင့် အပူမီးများ တောက်လောင်နေကြ သည်။ အလိုလိုနေရင်း ဒေါသစိတ်တွ ကြေီးထွားနေကြသည်။ အဆင်အခြင် မဲ့လာသည်။ သာမန်ကိစ္စလေးများကို အကြောင်းပြု၍ ကြောက်စရာကောင်းလှသော ပြစ်မှုများကို လွယ်လွယ်ကျူးလွန်လာနေ ကြသည်။ ကိုယ်ချင်းစာတရား၊ မေတ္တာတရားများ ပွားများရန် မေ့လာကြသည်။ ပြစ်မှုဆိုင်ရာ သုတေသနပညာရှင်များကလည်း ပြောကြသည်။ လူတို့ယခုကဲ့သို့ ဖြစ်ပွားရာတွင် ကမ္ဘာကြီးပူနွေးလာမှုကလည်း အခန်းကဏ္ဍတစ်ခု အနေဖြင့် ပါဝင်နေသတဲ့လေ။ ဘာမှတော့မဆိုင်သလိုပဲ။ ဒါပေမယ့် သုတေသနရလဒ်တွေအရ အအေးပိုင်းနိုင်ငံတွေထက် အပူပိုင်းနိုင်ငံတွေက ပြစ်မှုကြီးတွေ ကျူးလွန်မှု ပိုမိုမျ