လေးစားအတုယူသင့်သော ပင်တိုင်ဆောင်းပါးရှင်ကြီးများ
စာတည်းများနှင့်တွေ့ဆုံခြင်း
တစ်နေ့က စာတည်းများ၊ သတင်းထောက်များနှင့် တွေ့ဆုံကြသည်။ သတင်းမီဒီယာ မွမ်းမံသင်တန်း ဖြစ်ပါ သည်။ ကျောင်းဆရာနှင့် တပည့် စာသင်ခန်းမှာ ပညာသင်ကြားသည့်ပုံစံ မဟုတ်ပါ။ ပွင့်ပွင့်လင်းလင်း ဆွေးနွေး ချင်တာ ဆွေးနွေးကြပါ။ သတင်းမီဒီယာ ဥပဒေအကြောင်း အပ်ကြောင်းထပ် နေပြီမို့ လေးစား အတုယူ သင့်သော အယ်ဒီတာကြီးများ (စာတည်းကြီးများ)၊စာရေးဆရာ၊ သတင်းစာဆရာ၊ ပင်တိုင် ဆောင်းပါး ရှင် ကြီးများ အကြောင်း ပြောပြသည်။ လူငယ်ပေါက်စ စာတည်းများ ဖြစ်ကြ၍ ရှေးခေတ်ဟောင်းက သတင်းစာ ဆရာကြီး များကို နာမည်ပင် ကြားဖူးပါ မည်လား။ ကျွန်တော် စိတ်ပူသည်။ ထို့ကြောင့် ဤစာရေးခြင်း ဖြစ်ပါ သည်။
သတင်းစာသမိုင်း
ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာများ၏ နောက်ခံသမိုင်း (အကျဉ်းမျှ) ကိုတော့ သူတို့လူငယ်တွေ သိကြ၍ တော်သေးသည်။ အချို့လည်း အလွတ်ကျက် ထားဟန်တူသည်။ မဝေးလှသော အတိတ်ကို ပြန်ပြော ရင်း သတင်းစာ ခေါင်းကြီးပိုင်း ရေးပုံရေးနည်း ဆွေးနွေးကြသေးသည်။ အတွေ့အကြုံအချို့ အောက်မေ့ သတိရ သည်။
ခေါင်းကြီးပိုင်း
အိမ်တစ်အိမ်၊ တိုက်တစ်တိုက်၊ အခန်းတစ်ခန်း၌ အမွန်အမြတ်ထားသည့် နေရာရှိစမြဲ၊ သတင်းစာ မှာလည်း အရေးအကြီးဆုံး အခန်းကဏ္ဍရှိသည်။ ခေါင်းကြီးပိုင်း ဖြစ်ပါသည်။ စာဖတ်သူတိုင်း မျက်စိကျသော၊ ဂရုမူသော၊ မူဝါဒကို ဖော်ဆောင်သော ခေါင်းကြီးပိုင်း ဖြစ်ပါပေသည်။
ခေါင်းကြီးပိုင်းရေးသူ၏ အရည်အချင်း
သတင်းစာခေါင်းကြီးပိုင်းရေးသူသည်-
(၁) ဘက်စုံကျွမ်းကျင်သူ
(၂) စာဖတ်အား ကောင်းသူ
(၃) အကြားအမြင်၊ အတွေ့အကြုံ၊ ဗဟုသုတ ကြွယ်ဝသူ
(၄) စာဖတ်သူ၏စိတ်ကို ဆွဲဆောင်အားအပြည့် ဖန်ဆင်းနိုင်သူ
(၅) ဘက်လိုက်ခြင်းကင်း၍ သမာသမတ်ကျသူ ဖြစ်သင့်ကြောင်း ကွယ်လွန်သူ ဆရာကြီး ဦးကြည်ညွန့် (မြန်မာ့အလင်း စာတည်းမှူးချုပ်) က ပြောဖူး၊ ရေးဖူးလေသည်။
ငယ်ဆရာ ဦးလေးလှ(လူထုဦးလှ)
အထက်တန်း (ဆယ်တန်းကျောင်းသား) ဘဝတွင် ”ကျောင်းသား သတင်းထောက်” ဖြစ်အောင် ကျွန်တော့်အား သင်ကြားပေးခဲ့သော ငယ်ဆရာဦးလေးလှ (သတင်းစာ ဆရာကြီး လူထုဦးလှ) ကို လွမ်းဆွတ် သတိရမိပါသည်။ ယနေ့လူငယ် စာတည်းပေါက်စများ၊ သတင်းထောက် ပေါက်စများကို ဆရာကြီး လူထုဦးလှ အကြောင်း ပြောပြရပါသည်။ ခေါင်းကြီးပိုင်း ရေးသူအဖြစ်ရော ပင်တိုင်ဆောင်းပါးရှင် ရေးသူအဖြစ်ပါ အားကျ စရာ၊ ဂုဏ်ယူစရာ၊ မှတ်သားစရာ၊ လေ့လာစရာများကို ကိုယ်တွေ့ ပြောပြရပါသည်။ လူထုသတင်းစာ၏ တစ်ခေတ် တစ်ခါက ထွန်းတောက် ပေါက်မြောက် အောင်မြင်ခဲ့ပုံများကို ဖောက်သည်ချပြပါသည်။ တာဝန်အရ စာတည်း မလုပ်ဖို့၊ ဝါသနာပါသော စာတည်းဖြစ်ဖို့ ကျွန်တော် မေတ္တာရပ်ခံပါသည်။ လခစားစာတည်းစိတ် မမွေးဖို့ လည်း ပြောခဲ့ပါသည်။
ကျွန်မရေးတဲ့ သူ့ဘ၀ လူထုဦးလှ
အန်တီမာ(သတင်းစာဆရာမကြီး လူထုဒေါ်အမာ)ရေးသော “ကျွန်မရေးတဲ့ သူ့ဘ၀ လူထုဦးလှ” စာအုပ် (လူထု ဦးလှနှစ် (၁၀၀) ပြည့်အထိမ်းအမှတ်) ကို အမျိုးသမီး စာတည်း ပေါက်စတွေ (ထိုနေ့က သင်တန်းတွင် အမျိုးသားများထက် အမျိုးသမီးများ အရေအတွက် ပို၍များ နေသည်တွေ့ရ) ရှာပြီး ဖတ်ကြပါ။ ဦးလေးလှနှင့် အန်တီမာတို့ကို အားကျပါ။ ဂုဏ်ယူပါ။ စံပြုပါဟုလည်း ရှင်းပြခဲ့ပါသည်။ သင်တန်းသူ စာတည်းမ များငေး၍ တွေး၍ နေရှာပြီ။
ဦးလှနှင့် စာအုပ်စာပေ
လူထုဦးလှအကြောင်းကို လူထုဒေါ်အမာက ဤသို့ ရေးခဲ့ပါသည်။ ဖတ်ကြည့်ပါဦး။
“ကိုယ်ကြိုက်နှစ်သက်တာ၊ ကိုယ်ဝါသနာပါတာကို တစ်သက်လုံး လုပ်သွားခွင့်ရတဲ့လူဟာ ကံကောင်းတဲ့ လူပဲလို့ လူ့ဘောင်မှာ သတ်မှတ်တယ်ဆိုရင် ဦးလှဟာ ကံကောင်းတဲ့သူပါ။ သူက စာရေးချင်တယ်။ စာအုပ်၊ ဂျာနယ်၊ မဂ္ဂဇင်း၊ သတင်းစာထုတ်ဝေချင်တယ်။ ပြီးတော့ သူထုတ်ဝေတာတွေကို သူများဖတ်စေချင်တယ်။ ခင်မင်တဲ့ မိတ်ဆွေတွေကို စာအုပ်လက်ဆောင် ပေးချင်တယ်။ အဲဒီသူလုပ်ချင်တာတွေ အားလုံးကို သူ့တစ်သက်လုံး လုပ်သွားနိုင်သူပါပဲ။
လူထုဦးလှ စာပေနယ်ကို ပထမသူရိယသတင်းစာ၊ ညနေဈေးနှုန်း၊ သတင်းစာတို့မှာ သတင်းဆောင်းပါး ဝင်ရေးပေးရင်း စဝင်တယ်။ ဒီလိုနဲ့ အရေးအသား လေ့ကျင့် တယ်။ သူဆယ်တန်းအောင်ခါစ အသက် (၁၉) နှစ်၊ ကိုးတန်း၊ ဆယ်တန်းကျောင်းသား ဘဝကတည်းက ကျောင်း မဂ္ဂဇင်းမှာစပြီး အရေးလေ့ကျင့်တာပါ။ ကျောင်းက ထွက်တော့ သူရိယ သတင်းထောက်ကြီး ဦးပုကလေးတို့လို သတင်းစာ သမားတွေနဲ့ တွေ့ဆုံရင်းနှီးပြီး သတင်းစာ အရေးအသားတွေ လေ့ကျင့်ခွင့်၊ ဝင်ရောက် ရေးသားခွင့်ရ ခဲ့တာပါ။
လူထုဦးလှ ထုတ်ဝေခဲ့ဖူးတဲ့ ကြီးပွားရေးမဂ္ဂဇင်းက စောင်ရေကောင်းတယ်။ မြတ်တဲ့စွန်းတဲ့ မဂ္ဂဇင်းတော့ ဖြစ်မလာဘူး။ စီးပွားရေးပုံစံနဲ့ လုပ်တာမဟုတ်လို့ပါ။ ၁၉-၄-၁၉၄၆ နေ့မှာ လူထုသတင်းစာ စတင်ထုတ်ဝေ ခဲ့တယ်။ ကိုယ်က တရားမပျက်နဲ့။ ပြည်သူတွေ အကျိုး အတွက် ရေးသားဖော်ပြတယ်။ ဝေဖန်ရေးသားတယ်။ ဘယ်သူ့ကိုမှ ဝန်တိုမုန်းထားတဲ့ စေတနာနဲ့ ရေးတာမဟုတ် ဘူးဆိုတာ ထင်ရှားစေရမယ်....တဲ့။
ဆရာကြီး ဦးသိန်းဖေမြင့်
ဆရာကြီး လူထုဦးလှ၊ ဆရာမကြီး လူထုဒေါ်အမာတို့ ဆရာကြီး လူထုဦးလှ၊ ဆရာမကြီး လူထု ဒေါ်အမာတို့ အကြောင်း မိတ်ဆက်ပေးပြီးနောက် ကျွန်တော့်၏ ငယ် အကြောင်း မိတ်ဆက်ပေးပြီးနောက် ကျွန်တော့် ၏ ငယ်ဆရာ ကျေးဇူးရှင် ဆရာကြီး ဦးသိန်းဖေမြင့် အကြောင်း ဆရာ ကျေးဇူးရှင် ဆရာကြီး ဦးသိန်းဖေမြင့် အကြောင်း ပြောပြခဲ့ပါသေးသည်။ ဆရာကြီး ဦးသိန်းဖေမြင့်သည် ပြောပြခဲ့ပါသေးသည်။ ဆရာကြီး ဦးသိန်းဖေမြင့်သည် ၁၉၁၄ ခုနှစ်တွင် မွေးဖွားသူပါ။ ယနေ့ ၂၀၁၄ ခုနှစ်တွင် ၁၉၁၄ ခုနှစ်တွင် မွေးဖွားသူပါ။ ယနေ့ ၂၀၁၄ ခုနှစ်တွင် နှစ်(၁၀၀) ပြည့်ပါပြီ။ ဆရာကြီးနှင့်ကျွန်တော်စတင် နှစ်(၁၀၀) ပြည့်ပါပြီ။ ဆရာကြီးနှင့် ကျွန်တော်စတင် တွေ့ဆုံခဲ့ပုံကို သင်တန်းသားများအား ပြောပြပါသည်။ တွေ့ဆုံခဲ့ပုံကို သင်တန်း သားများအား ပြောပြပါသည်။ ၁၉၆၇-၁၉၆၈ ရန်ကုန်တက္ကသိုလ်
၁၉၆၇-၁၉၆၈ စာသင်နှစ်။ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်သို့ ကျွန်တော် ဥပဒေပညာ သင်ယူခွင့် ရသည်။ ဥပဒေကျောင်းသားဘဝမှာ ဗိုလ်တထောင်သတင်းစာ၊ တက္ကသိုလ်ကျောင်းသား သတင်းထောက် ဖြစ်ခဲ့သည်။ ဗိုလ်တထောင် သတင်းစာ အယ်ဒီတာချုပ် လည်းဖြစ်၊ နောင်တွင် ပင်တိုင် ဆောင်းပါးရှင် လည်း ဖြစ်သော ဆရာကြီး ဦးသိန်းဖေမြင့်၏ တပည့် ဖြစ်ခွင့်ရသည်။ ဆောင်းပါးရေးနည်း၊ သတင်းရေးနည်း၊ ဟောပြောပုံ ဟောပြောနည်း၊ သတင်းစာပညာ အခြေခံသင်ယူခွင့်ရခဲ့သည်။ ခေါင်းကြီး ပိုင်းရေးပုံ၊ ပွင့်ပွင့် လင်းလင်း ပြောပါရစေ အခန်း၊ ဝတ္ထု၊ ဇာတ်ညွှန်း၊ ဝေဖန်သုံးသပ်ချက် မှအစ လေ့လာသင်ယူခွင့် ရခဲ့သည်။ ကျွန်တော် အလွန်ကံကောင်းသည်။
ပင်တိုင်ဆောင်းပါးရှင် “ပင်တိုင်ဆောင်းပါးရှင် တစ်ဦး၏ အတွေ့အကြုံ” ခေါင်းစဉ်ဖြင့် ဆရာကြီး ဦးသိန်းဖေမြင့် ကိုယ်တိုင်ရေးခဲ့သော ဆောင်းပါးမှာ အထူးထင်ရှား လှပါသည်။ယနေ့လူငယ် ဩဇာကလည်း ကြီးလှသည်။ သတင်းစာ ခေါင်းကြီးသည် သူ့ဟာနှင့်သူ ဩဇာကြီးသည်မှာ မှန်၏။ သို့သော် စာဖတ် ပရိသတ် သည် ခေါင်းကြီးကို ဖတ်ရရုံဖြင့် အားမရ။ ပင်တိုင် ဆောင်းပါးရှင်တို့၏ အာဘော်ကိုပါ ဖတ်ရမှ ကျေနပ်အားရ သည်။ ပြဿနာတစ်ရပ် ပေါ်လျှင် ဘယ်သူကတော့ ဘယ်လို ဆိုတယ် စသည်ဖြင့် နှိုင်းယှဉ် ဝေဖန် ထည့်သွင်း စဉ်းစား ကြသည်။
ပရိသတ်အပေါ်မှာ ဩဇာကြီး သည့်အတိုင်း ပင်တိုင် ဆောင်းပါးရှင် တို့ကလည်း တာဝန်ရှိရှိ ကြိုးစား ကြရပါသည်။ ပြည်သူတို့ အပေါ်ထားရမည့် မိမိတာဝန်ကို အမြဲ နှလုံးသွင်းထားရပါသည်။ ပင်တိုင် ဆောင်းပါးရှင်သည် ဟိုဟိုသည်သည်ကို မော့ကြည့်ကာ ငဲ့ကွက်ရသည်ထက် စာဖတ် ပရိသတ်ကို လှည့်ကြည့် ကာ ငဲ့ကွက်ရပါသည်။ တစ်စုံတစ်ရာကို ထင်မြင်ချက်၊ ဝေဖန်ချက်ပေးတော့ မည်ဆိုလျှင် အများပြည်သူတို့ ဘက်မှရပ်ပြီး ထင်မြင်ချက်၊ ဝေဖန်ချက်ပေးရန် ကြိုးစားကြရပါသည်။ မိမိအာဘော်ဟု မိမိကိုယ်ကို သီးခြား ကင်းလွတ်စွာ ထားပြီး ဖော်ထုတ် ၍မရ။ မိမိအာဘော်ဟု ဆိုလင့်ကစား စာဖတ်ပရိသတ်များ (ဝါ) လုပ်သား ပြည်သူတို့နှင့် တစ်သားတည်း ထားကာ အာဘော်ကို ဖော်ပြရပါသည်။ ဤအချက်ကို ပင်တိုင် ဆောင်းပါးရှင်က မမေ့အပ်သလို ပင်တိုင်ဆောင်းပါးရှင် ကို စိစစ်ကြီးကြပ် အာဏာပိုင် သူတို့ကလည်း သတိပြုအပ်ပါသည်။ သို့မဟုတ်ပါက တိုင်းပြည်က အားထားနိုင် လောက်သော ပင်တိုင် ဆောင်းပါးရှင်များ မပေါ်ပေါက်နိုင်ပါ။
ဘာသာရပ်မျိုးစုံကို ရေးနိုင်ရန် ကျွန်တော်တို့၏ စိတ်ဝင်စားမှု၊ စိတ်ကိုင်းညွတ်မှုနှင့် ဝါသနာတို့သည် မျိုးစုံရပါသည်။ နေရာမျိုးစုံသွား၊ အစည်းအဝေး မျိုးစုံတက်၊ ပွဲမျိုးစုံကြည့်၊ အငြိမ်မနေရပါ။ စာမျိုးစုံကိုလည်း ဖတ်ရ၏။ အအားမနေရပါ။ ကျွန်တော်တို့၏ဘဝသည် စာပေသမား ပညာရှိဘ၀နှင့်မတူဘဲ နိုင်ငံရေး စည်းရုံးရေး သမားဘ၀နှင့် ပိုမိုနီးစပ်ရပါသည်။
ကျွန်တော်တို့ ရေးလိုက်သော စာများကို နေ့စဉ်နှင့် အမျှ စာဖတ်ပရိသတ် ထောင်ပေါင်းများစွာက စောင့်ဖတ် နေကြသည်။ ကျွန်တော်တို့၏ စာများက အနည်းနှင့် အများ အမြဲတမ်း ဂယက်ရိုက်နေသည်။
ကျွန်တော်တို့ အာဘော်ကို လူကြိုက် ဘယ်လောက် များများ မကြိုက်သူကတော့ ရှိမြဲပင်။ ထို့အတူ မကြိုက်သူ ဘယ်လောက်များများ ကြိုက်သူကတော့ ရှိမြဲပင်။ စာဖတ် ပရိသတ်၏ တုံ့ပြန်ချက်ကလည်း မြန်သည်။
၁၉၇၄ ခုနှစ် ဒီဇင်ဘာလထုတ် ဆရာကြီးဦးသိန်းဖေမြင့်၏ “ပြည်သူတို့၏ စကားပြန်” စာအုပ်မှ ကောက်နုတ် ချက်များ
နမူနာယူသင့်
ဆရာကြီး ဦးသိန်းဖေမြင့်၏ အထက်ပါဆောင်းပါး ကို ဖတ်ကြည့်လျှင် ပင်တိုင်ဆောင်းပါးရှင် တစ်ဦး၏ ဘဝကို အတော်အတန် သိကြပါမည်။ ယနေ့ခေတ် လူငယ်တွေသည် ခေတ်မီကြသည်၊ အတွေးအခေါ်ထက် မြက်ကြသည်၊ စာဖတ်အားတော့ နည်းသည်ဟု ကျွန်တော်ထင်သည်။ Facebook လည်းဖတ်ကြပါ။ အသစ်တွေ ဘယ်လို ကောင်းကောင်း အဟောင်းကိုတော့ တလည်လည် ဆိုရိုးကဲ့သို့ပင် ထုံးဟောင်းတွေလည်း လေ့လာ သင့် ပါသည်။ နမူနာယူ သင့်ပါသည်။
အင်္ဂလိပ်စာ ကျွမ်းကျင်ပါ
နိုင်ငံတကာနှင့် ဆက်ဆံရသော ယနေ့ချိန်ခါမှာ အင်္ဂလိပ်စာ ကျွမ်းကျင်ဖို့ အရေးကြီးလာပြီ။ ကမ္ဘာ့ သတင်း၊ မြန်မာ့သတင်းတွေ ပေါင်းစပ်နိုင်ဖို့၊ နောက်မကျဖို့၊ ရင်ပေါင် တန်းနိုင်ဖို့ လူငယ်စာတည်းတွေ၊ လူငယ် သတင်းထောက်တွေ ကြိုးပမ်းကြပါ။ သာမန်အဆင့် ထက်ကျော်မှ၊ တော်မှ ဖြစ်မည်။ လက်ဖက်ရည် ဆိုင်မှာ အချိန်ကုန်မည်လား၊ ဘီယာဆိုင်မှာ အချိန်ဖြုန်းမည်လား၊ စာကြည့်တိုက်တွေ ရောက်ရဲ့ လား၊ ဖတ်ရဲ့ လား၊ မှတ်ရဲ့လား၊ ကမ္ဘာသိအောင် ကြံဆောင်မည်လား၊ မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ ထိုးထွက်ပစ်မှ ဖြစ်တော့မည်။
လူကြီးတွေနှင့်လူငယ်တွေ
အဘိုးကြီး၊ လူကြီးတွေကို၊ လူငယ်တွေက အထင် သေးတတ်ကြသည်။ လူငယ်တွေ တက်ကြွသည်၊ သစ်လွင်သည်၊ အကင်းပါးသည်ကို လက်ခံပါသည်။ ငြင်းစရာ မလိုပါဘူး။ သို့သော် အဘိုးကြီး၊ လူကြီးတွေ လောက်တော့ အတွေ့အကြုံ မစုံသေး။ ဆိုးတာလည်းရှိ၊ ကောင်းတာလည်းရှိ၊ ကောင်းတာမှန်သမျှကိုမူ လက်ဆင့်ကမ်း ရမည်။ ယူတတ်ရမည်။ သတင်းစာပညာကလည်း ကျယ်ပြောလှပေသည်။ ဆရာကြီး လူထုဦးလှ၊ ဒေါ်အမာ၊ ဆရာကြီး ဦးသိန်းဖေမြင့်တို့မှာ ဥပမာနမူနာ သတင်းစာ ဆရာကြီးများအဖြစ် ထုတ်နုတ်ပြ တာပါ။ စံပြပုဂ္ဂိုလ်တွေ အများကြီးကျန်သေးသည်။
အများပြည်သူဗဟိုပြု
ကိုယ့်အလုပ်၊ ကိုယ့်သတင်းစာ၊ ကိုယ့်အတတ်ပညာသည် ဘယ်သူ့အတွက်လဲ။ အများပြည်သူ အတွက်။ ထက်ထက်မြက်မြက် ဖြစ်ရမည်။ အပြစ်အနာအဆာ ကင်းရမည်။ အမှားကို ဝန်ခံရဲရမည်။ လူထုကြား ထဲမှာ အဖြေ ရှာတတ်ရမည်။ ကိုယ်သာလျှင် ကိုယ့်ဘဝပဲ့ကိုင်ဖြစ် သည်။ စာဖတ်ပရိသတ်က အမြဲစောင့်ကြည့် နေသည်။ “သတိပြု” ဟု ကျွန်တော် ဆွေးနွေးခဲ့သည်။ ပြီးပြည့်စုံသည် ဟုတော့ မမှတ်ယူသင့်။ အကောင်းဆုံး ဖြစ်ဖို့သာ ကြိုးစားရဦးမည်။
ဘယ်ရာထူးနှင့်မျှ မလဲနိုင်
သတင်းထောက် အလုပ်ကို ဘယ်ရာထူးနှင့် မျှမလဲနိုင်။ အယ်ဒီတာ (စာတည်း) အလုပ်ကို ဘယ် တာဝန် နှင့်မျှ မလဲနိုင်။ မြတ်နိုးသည်၊ ဂုဏ်ယူသည်၊ ဝါသနာထုံသည်။ ဆင်းရဲ ဆင်းရဲ၊ ချမ်းသာ ချမ်းသာ ဘယ်အခါမှ နောင်တမရ၊ ဘ၀၏ အလင်းရောင်သည် သတင်းအလုပ်၊ ကြိုး ကုတ်အားထုတ်ရသော သတင်း မီဒီယာ အပေါ် ထာဝရ သစ္စာတည်ပါသည်။ အိပ်ရေးပျက်သော မီဒီယာ၊ ထမင်း နပ်မမှန်သော မီဒီယာ၊ အမြဲသစ်လွင် ဆန်းသစ်နေသော မီဒီယာ၊ ပြည်သူ့အတွက် အချိန်ပြည့် တာဝန်ယူနေသော မီဒီယာကို ယနေ့ လူငယ်တို့ စိတ်ဝင်စားလာကြသည်။ သမိုင်းအမွေ ဆက်ခံပေသည်။
တင်ပြချက်
(၁) အဘိုးကြီး၊ အဘွားကြီး သတင်းစာဆရာကြီးတွေမှာ သေသူသေ၊ အိုသူအို၊ နာသူနာ၊ ခရီးသည်များ ပမာ--။
(၂) လူငယ်မျိုးဆက်သစ် မီဒီယာသတင်းသမားများကို အားထားပါရစေ။ ခရီးဆက်နိုင်ကြပါစေ။
(၃) လေးစားအတုယူ စံပြုနိုင်ကြပါစေကြောင်း--။ ။
ဦးဟန်ညွန့် (ဥပဒေ)