ကိုရိုနာဗိုင်းရပ်စ်၊ ဂလိုဘယ်လိုက်ဇေးရှင်းပြိုလဲမှုနဲ့ ခေါင်းဆောင်မှု
နှစ်သစ်ဦးမှာစတင်ပြီး ဇန်နဝါရီလ ၂၃ ရက်နေ့လောက်မှာ စတင်ဝုန်းဒိုင်းကြဲခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဟာ နှစ်လအကြာ မတ်လ ၂၃ ရက်နေ့ကစလို့ တရုတ်မှာ သေဆုံးသူ မရှိတာ၊ ရောဂါပိုးထပ်မံကူးစက်ခံရသူ သိသိသာသာ လျော့နည်းသွားတာစသဖြင့် နိုင်နိုင်နင်းနင်းရှိသွားပြီး ကြောက်မက်ဖွယ် ကူးစက်ရောဂါက လေကြောင်းလိုင်း တွေကတစ်ဆင့် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၅ နိုင်ငံအထိ အံ့အားသင့်ဖွယ် ပျံ့နှံ့သွားပါတယ်။