နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအရည်အသွေးကို နိုင်ငံ၏ပထဝီဝင်ဒေသအတွင်း စီးပွားရေး ကြီးထွားမှု၊ နိုင်ငံရေးတည်ငြိမ်မှု၊ ဘာသာရေးဆိုင်ရာ လွတ်လပ်မှု၊ သဘာဝသယံဇာတအရင်းအမြစ်များအား ထိန်းသိမ်းနိုင်မှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုမဖြစ်အောင် ကာကွယ်စောင့်ရှောက်နိုင်မှု၊ ရာသီဥတုဖောက်ပြန်မှုအပေါ် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိနိုင်မှု၊ အလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်မှု၊ စုစုပေါင်းပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP) တိုးတက်မှု၊ ငွေကြေးဖောင်းပွမှုနှုန်း၊ ဆင်းရဲမှုကွာဟမှုနှုန်း၊ အိမ်ရာတတ်နိုင်မှုနှင့် အိမ်ရာ၏ အရည်အသွေးကောင်းမွန်မှု၊ အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုတတ်နိုင်မှု (သို့) အခမဲ့ရရှိနိုင်မှု၊ ပညာရေးတတ်မြောက်ရရှိနိုင်မှုနှင့် ပညာရေး၏အရည်အသွေးမြင့်မားမှု၊ မျှော်လင့်ခန့်မှန်းနိုင်သည့် ဘဝသက်တမ်းတွက်ချက်နိုင်မှု၊ ရောဂါဖြစ်ပွားမှုနှုန်းနည်းပါးမှု၊ အခြေခံအဆောက်အအုံများတည်ရှိမှုနှုန်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုတို့၏ အရည်အသွေးတန်ဖိုးရှိမှု၊ ကောင်းမွန်သောလူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်ကိုပိုင်ဆိုင်ထားရှိမှု အစရှိသည့်အထွေထွေ သဘာဝတရားများအရ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ နှိုင်းယှဉ်တိုင်းတာ သတ်မှတ်လေ့ရှိကြောင်း သိရသည်။ အနာဂတ်တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အထက်ဖော်ပြပါအချက်များ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေး နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံသူနိုင်ငံသား များအားလုံး စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်သွားရမည်ဖြစ်ပါသည်။