Skip to main content

နေပြည်တော်၏ ဒေသဆိုင်ရာအချက်အလက်များ

Submitted by admin on 29 June 2020

*ဇေယျာသီရိမြို့နယ်ဒေသဆိုင်ရာအချက်အလက်များ*

ဒေသသမိုင်းအကျဉ်း


ဇေယျာသီရိမြို့နယ်အား ပြည်ထဲရေး၀န်ကြီးဌာန၏ (၂၆-၃-၂၀၀၉) ရက်စွဲပါအမိန့်ကြော်ငြာစာဖြင့် နေပြည်တော်(၅)မြို့နယ်ကို စတင်ဖွဲ့ စည်းရာတွင်ပါ၀င်ခဲ့ပါသည်။ဖွဲ့စည်းစဉ်က ရပ်ကွက်(၅)ရပ်ကွက်၊ ကျေးရွာ အုပ်စု (၁၃)အုပ်စု၊ ကျေးရွာ(၆၆)ရွာဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ ပြည်ထဲရေး ၀န်ကြီးဌာန၏ (၂၂-၁၀-၂၀၁၀) ရက်စွဲပါစာအမှတ်၊ ၂၀၀/၃၁-၁/ဦး၁ဖြင့် ကျေးရွာအုပ်စု(၂)အုပ် စုမှ ပြည်ထဲရေး၀န်ကြီးဌာန အမည်မပေါက်သေးသော ကျေးရွာ(၈)ရွာအား တိုးချဲ့ခြင်း၊ ငုတ်ချောင်းကျေးရွာအုပ်စုနှင့် ကျေးရွာ(၃)ရွာမှာ မြေပြင်တွင် မရှိ ခြင်းတို့ကြောင့် ပယ်ဖျက်ခဲ့ပြီး ကျေးရွာအုပ်စု(၁၁)အုပ်စု၊ ကျေးရွာ(၅၈)ရွာဖြင့် ပြန်လည်ဖွဲ့စည်း ခဲ့ပါသည်။ ပြည်ထဲရေး၀န်ကြီးဌာန၏ (၂၀-၁-၂၀၁၂)ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ်၊ ၂၀၀/၂၃-၁၅၄/ဦး၁ ဖြင့် ပျဉ်းမနားမြို့နယ်မှ ကျေးရွာအုပ်စု (၂)ခုနှင့်၊ ကျေးရွာ(၇)ရွာ တိုးချဲ့ဖွဲ့စည်း ခြင်းတို့ကြောင့် ယခု အခါ ရပ်ကွက်(၅)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၃)အုပ်စု၊ ကျေးရွာ(၆၆)ရွာ ဖြင့်ဖွဲ့စည်းထားရှိပါသည်။

မကွေးတိုင်းဒေသကြီး၏ ဒေသဆိုင်ရာအချက်အလက်များ

Submitted by admin on 29 June 2020

မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာအချက်အလက်အကျဉ်း

ဒေသသမိုင်းအကျဉ်း

            ရှေးယခင်က မကာရအရပ်ဒေသဟု ခေါ်တွင်ခဲ့ပြီး ဧရာဝတီမြစ် အရှေ့ဘက်ကမ်းခြေ မြစ်ကွေ့နေရာ တည်ရှိခဲ့သဖြင့် မြစ်ကွေ့ဟူ၍လည်းကောင်း၊ ဂေါတမဘုရားရှင် လက်ထက်တော်၌ မြသားသလွန်ကို ကိုယ်စားတော်အဖြစ် ကိုးကွယ်ပူဇော်ရန် ပေးအပ်ခြင်းခံခဲ့ရသော ဘောသော၊ ဘောကျော် ဘီလူးညီနောင်တို့သည် လူသားဘဝသို့ ရှောက်ရှိလာကြသောအခါ မူလဘဝဟောင်းမှ ဇာတိမာန်စွယ်မာနတရားတို့သည် ဤမကာရအရပ်၌ အရိုင်းစိတ်သွေးမရှိကင်းဝေး၍ မာန်မာန ကျိုးနွံလာရခြင်းကြောင့် မာန်ကွေးဟူ၍လည်းကောင်း ခေါ်တွင်ခဲ့ရာမှ ကာလရွေ့လျားပြီး မကွေးဟု ခေါ်တွင်ခဲ့ပါသည်။

            ၁၉၇၂ ခုနှစ်အထိ မကွေးတိုင်းတွင် ပခုက္ကူခရိုင်၊ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ သရက်ခရိုင်တို့ ပါဝင်သည်။ ၁၉၇၂ အုပ်ချုပ်ရေးစနစ်ပြောင်းလဲသည့်အခါ မကွေးတိုင်း၏ ဖွဲ့စည်းပုံကို ပြောင်းလဲ လိုက်သည့်အတွက် ခရိုင် (၅)ခု၊ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ သရက်ခရိုင်၊ ပခုက္ကူခရိုင်၊ ဂန့်ဂေါခရိုင်၊ မြို့နယ် (၂၅) မြို့နယ်၊ မကွေး၊ ရေနံချောင်း၊ ချောက်၊ တောင်တွင်းကြီး၊ နတ်မောက်၊ မြို့သစ်၊ မင်းဘူး(စကု)၊ ပွင့်ဖြူ၊ စလင်း၊ ငဖဲ၊ စေတုတ္တရာ၊ သရက်၊ ကံမ၊ မင်းတုန်း၊ မင်းလှ၊ ဆင်ပေါင်ဝဲ၊ အောင်လံ၊ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူ၊ ဂန့်ဂေါ၊ ထီးလင်း၊ ဆောမြို့နယ်တို့ ဖွဲ့စည်းခဲ့ ပါသည်။ ၂၀၁၄ ခုနှစ်တွင် ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်အတွင်းရှိ ကျောက်ထုမြို့ကို ဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၅ ခုနှစ်တွင် မင်းဘူးခရိုင်မှ ဆင်ဖြူကျွန်းမြို့၊ ပခုက္ကူခရိုင်မှ ကမ္မမြို့၊ ဂန့်ဂေါခရိုင်မှ ကျောက်ထု မြို့နှင့် ကျောမြို့တို့ကို ဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင် မကွေးခရိုင်မှ စလေမြို့နှင့် ပခုက္ကူခရိုင်မှ မြစ်ခြေမြို့တို့ကို ဖွဲ့စည်းခဲ့ပါသည်။

နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စိတ်ကျန်းမာရေးနှင့် လူမှုဘဝအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်

နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စိတ်ကျန်းမာရေးနှင့် လူမှုဘဝအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ် နတ်မောက် မေ ၂၁ လှဝင်း

လားရှိုးမြို့၌ ကယ်ဆယ်ရေးပစ္စည်းများနှင့် ချီးမြှင့်ငွေများပေးအပ်ပွဲအခမ်းအနား ကျင်းပ

လားရှိုးမြို့၌ ကယ်ဆယ်ရေးပစ္စည်းများနှင့် ချီးမြှင့်ငွေများပေးအပ်ပွဲအခမ်းအနား ကျင်းပ လားရှိုး မေ ၂၁ လူမော် (ပြန်/ဆက်)

ကျောင်းပြင်ပရောက်ကလေးများ (မူလတန်းဆင့်နှင့် အလယ်တန်းဆင့်)ကျောင်းသို့ပြန်လည်ရောက်ရှိရေး Placement Test (အထူးအစီအစဉ်) ဆောင်ရွက်ပေးမည်

“ပညာသင်ယူခွင့်ရရှိရေး”သည် နိုင်ငံသားတိုင်း၏ မွေးရာပါအခွင့်အရေးတစ်ရပ်ဖြစ်ပါသည်။ အတန်းပညာရှိမှ အသိပညာ၊ အတတ်ပညာ ပြည့်စုံကြွယ်ဝပြီး အတွေးအခေါ်မြင့်မားမည်ဖြစ်ရာ “ကျောင်းနေ အရွယ်ကလေးတိုင်း ကျောင်းသို့ရောက်ရှိရေး” သည် ပညာသင်ယူမှု၏ ပထမခြေလှမ်းဖြစ်သည်။ ထိုမှတစ်ဆင့် စဉ်ဆက်မပြတ်လေ့လာသင်ယူပြီး သင်ယူမှုပန်းတိုင်သို့ အရောက်လှမ်းနိုင်မည်ဖြစ်သည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားသူများကြောင့် ကလေးများ၏ ပညာသင်ယူမှုတွင် အဟန့်အတားများ ဖြစ်ခဲ့ရသည့်အတွက် ကျောင်းမှထွက်ခွာ၍ ပြင်ပသို့ရောက်ရှိနေသော ကျောင်းနေအရွယ်ကလေးများ အရေအတွက် များစွာရှိနေပြီး ပညာရေးနှင့် အလှမ်းဝေးနေကြသည်ကို စိတ်မချမ်းမြေ့ဖွယ် မြင်တွေ့နေရပါသည်။

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုကုန်ကြမ်း ဝါသီးနှံထုတ်လုပ်မှုအကျိုးအမြတ်အား လေ့လာခြင်း

မြန်မာနိုင်ငံတွင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုကဏ္ဍကိုမြှင့်တင်ပြီး ပြည်ပပို့ကုန်ပိုမိုတင်ပို့ရေး၊ သွင်းကုန်အစားထိုးထုတ်လုပ်ရေးတို့ကို နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိသည်။

လူငယ်တွေကို အန္တရာယ်ထဲတွန်းပို့နေတဲ့ ဂိမ်းတွေကို . . . သတိပြု

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။

ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းဖို့ ရပ်ရွာဒေသမှ စတင်ဆောင်ရွက်စို့

၁၉၉၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင်ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံအစီအစဉ်၏ ဒုတိယအကြိမ်မြောက် ကော်မတီအစည်းအဝေးတွင် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ အကြောင်းကိစ္စရပ်များကို ပိုမိုနားလည်သဘောပေါက်စေရန်နှင့် ထိန်းသိမ်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်စေရန် ရည်ရွယ်၍ နှစ်စဉ် မေလ ၂၂ ရက်နေ့အား “အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့” အဖြစ် သတ်မှတ်ကြေညာခဲ့ပါသည်။

ရွှင်လန်းပွင့်ဖူးလာသော ကျောင်းပြင်ပရောက်ပန်းကလေးများ

Naypyitaw State Academy ၏ ခမ်းနားထည်ဝါသော ဘက်စုံသုံးခန်းမကြီး၌ ၅-၅-၂၀၂၆ ရက်နေ့တွင် ကျင်းပသော နိုင်ငံတော်သမ္မတထံမှ ဩဝါဒခံယူပွဲ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များ တက်ရောက်ခဲ့ကြပါသည်။
Subscribe to