Skip to main content

နေပြည်တော်၏ ဒေသဆိုင်ရာအချက်အလက်များ

Submitted by admin on 29 June 2020

*ဇေယျာသီရိမြို့နယ်ဒေသဆိုင်ရာအချက်အလက်များ*

ဒေသသမိုင်းအကျဉ်း


ဇေယျာသီရိမြို့နယ်အား ပြည်ထဲရေး၀န်ကြီးဌာန၏ (၂၆-၃-၂၀၀၉) ရက်စွဲပါအမိန့်ကြော်ငြာစာဖြင့် နေပြည်တော်(၅)မြို့နယ်ကို စတင်ဖွဲ့ စည်းရာတွင်ပါ၀င်ခဲ့ပါသည်။ဖွဲ့စည်းစဉ်က ရပ်ကွက်(၅)ရပ်ကွက်၊ ကျေးရွာ အုပ်စု (၁၃)အုပ်စု၊ ကျေးရွာ(၆၆)ရွာဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ ပြည်ထဲရေး ၀န်ကြီးဌာန၏ (၂၂-၁၀-၂၀၁၀) ရက်စွဲပါစာအမှတ်၊ ၂၀၀/၃၁-၁/ဦး၁ဖြင့် ကျေးရွာအုပ်စု(၂)အုပ် စုမှ ပြည်ထဲရေး၀န်ကြီးဌာန အမည်မပေါက်သေးသော ကျေးရွာ(၈)ရွာအား တိုးချဲ့ခြင်း၊ ငုတ်ချောင်းကျေးရွာအုပ်စုနှင့် ကျေးရွာ(၃)ရွာမှာ မြေပြင်တွင် မရှိ ခြင်းတို့ကြောင့် ပယ်ဖျက်ခဲ့ပြီး ကျေးရွာအုပ်စု(၁၁)အုပ်စု၊ ကျေးရွာ(၅၈)ရွာဖြင့် ပြန်လည်ဖွဲ့စည်း ခဲ့ပါသည်။ ပြည်ထဲရေး၀န်ကြီးဌာန၏ (၂၀-၁-၂၀၁၂)ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ်၊ ၂၀၀/၂၃-၁၅၄/ဦး၁ ဖြင့် ပျဉ်းမနားမြို့နယ်မှ ကျေးရွာအုပ်စု (၂)ခုနှင့်၊ ကျေးရွာ(၇)ရွာ တိုးချဲ့ဖွဲ့စည်း ခြင်းတို့ကြောင့် ယခု အခါ ရပ်ကွက်(၅)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၃)အုပ်စု၊ ကျေးရွာ(၆၆)ရွာ ဖြင့်ဖွဲ့စည်းထားရှိပါသည်။

မကွေးတိုင်းဒေသကြီး၏ ဒေသဆိုင်ရာအချက်အလက်များ

Submitted by admin on 29 June 2020

မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာအချက်အလက်အကျဉ်း

ဒေသသမိုင်းအကျဉ်း

            ရှေးယခင်က မကာရအရပ်ဒေသဟု ခေါ်တွင်ခဲ့ပြီး ဧရာဝတီမြစ် အရှေ့ဘက်ကမ်းခြေ မြစ်ကွေ့နေရာ တည်ရှိခဲ့သဖြင့် မြစ်ကွေ့ဟူ၍လည်းကောင်း၊ ဂေါတမဘုရားရှင် လက်ထက်တော်၌ မြသားသလွန်ကို ကိုယ်စားတော်အဖြစ် ကိုးကွယ်ပူဇော်ရန် ပေးအပ်ခြင်းခံခဲ့ရသော ဘောသော၊ ဘောကျော် ဘီလူးညီနောင်တို့သည် လူသားဘဝသို့ ရှောက်ရှိလာကြသောအခါ မူလဘဝဟောင်းမှ ဇာတိမာန်စွယ်မာနတရားတို့သည် ဤမကာရအရပ်၌ အရိုင်းစိတ်သွေးမရှိကင်းဝေး၍ မာန်မာန ကျိုးနွံလာရခြင်းကြောင့် မာန်ကွေးဟူ၍လည်းကောင်း ခေါ်တွင်ခဲ့ရာမှ ကာလရွေ့လျားပြီး မကွေးဟု ခေါ်တွင်ခဲ့ပါသည်။

            ၁၉၇၂ ခုနှစ်အထိ မကွေးတိုင်းတွင် ပခုက္ကူခရိုင်၊ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ သရက်ခရိုင်တို့ ပါဝင်သည်။ ၁၉၇၂ အုပ်ချုပ်ရေးစနစ်ပြောင်းလဲသည့်အခါ မကွေးတိုင်း၏ ဖွဲ့စည်းပုံကို ပြောင်းလဲ လိုက်သည့်အတွက် ခရိုင် (၅)ခု၊ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ သရက်ခရိုင်၊ ပခုက္ကူခရိုင်၊ ဂန့်ဂေါခရိုင်၊ မြို့နယ် (၂၅) မြို့နယ်၊ မကွေး၊ ရေနံချောင်း၊ ချောက်၊ တောင်တွင်းကြီး၊ နတ်မောက်၊ မြို့သစ်၊ မင်းဘူး(စကု)၊ ပွင့်ဖြူ၊ စလင်း၊ ငဖဲ၊ စေတုတ္တရာ၊ သရက်၊ ကံမ၊ မင်းတုန်း၊ မင်းလှ၊ ဆင်ပေါင်ဝဲ၊ အောင်လံ၊ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူ၊ ဂန့်ဂေါ၊ ထီးလင်း၊ ဆောမြို့နယ်တို့ ဖွဲ့စည်းခဲ့ ပါသည်။ ၂၀၁၄ ခုနှစ်တွင် ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်အတွင်းရှိ ကျောက်ထုမြို့ကို ဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၅ ခုနှစ်တွင် မင်းဘူးခရိုင်မှ ဆင်ဖြူကျွန်းမြို့၊ ပခုက္ကူခရိုင်မှ ကမ္မမြို့၊ ဂန့်ဂေါခရိုင်မှ ကျောက်ထု မြို့နှင့် ကျောမြို့တို့ကို ဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင် မကွေးခရိုင်မှ စလေမြို့နှင့် ပခုက္ကူခရိုင်မှ မြစ်ခြေမြို့တို့ကို ဖွဲ့စည်းခဲ့ပါသည်။

မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ

မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ မြစ်သား ဒီဇင်ဘာ ၃၀ ရဲနိုင်ဦး(မြစ်သား)

ဓမ္မနှင့်ညီသည့် ပုံစံအသစ်ဖြင့် နှစ်သစ်မှသည် ရှေ့သို့ဆီ ….

နှစ်ဟောင်းတစ်နှစ်ကုန်သည်နှင့် နှစ်သစ်တစ်ခု ဆုံကြရတော့မည်။ နှစ်ဟောင်းတို့ ပြောင်းခါနီးနှစ်သစ်တို့ ဆီးကြိုမြဲဖြစ်၍ အဟောင်းပြီးလျှင် အသစ်တို့လာသည်မှာ ဖြစ်ပျက်ဓမ္မတာ၊ ဒဿနအရသာဖြစ်ပေသည်။ သတ္တဝါအားလုံး ဘေးကင်းရန်ကွာဖို့၊ စိတ်ချမ်းသာကိုယ်ကျန်းမာဖြစ်ဖို့၊ လိုအင်ဆန္ဒများ တောင့်တအရာရာ ဖြစ်စေဖို့ရန်မှာ နေ့စဉ်ဆုတောင်းမြဲဖြစ်သော်လည်း နှစ်ဟောင်းအကုန် နှစ်သစ်အကူးမှာ အထူးအလေးမူဂရုပြု၍ ကောင်းတာများဖြစ်ဖို့ နှစ်စဉ်ဆန္ဒပြုကာ ဆုတောင်းမြဲခဲ့သည်မှာလည်း အစဉ်အလာတစ်ခုအဖြစ်ရှိခဲ့ပါပြီ။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှသည် စွမ်းဆောင်ရည်မြင့်မားသော အစိုးရအဖွဲ့ဆီသို့ . . .

နိုင်ငံရေးပါတီများ၏ အဓိကရည်မှန်းချက်မှာ မိမိပါတီက ဦးဆောင်၍ အစိုးရတစ်ရပ်ဖွဲ့စည်းကာ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နိုင်ရေးပင်ဖြစ်သည်။ နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်များ ဝင်ရောက်ယှဉ်ပြိုင်၍ သက်ဆိုင်ရာလွှတ်တော်အသီးသီးတွင် မိမိပါတီမှ အနိုင်ရရှိသော ကိုယ်စားလှယ်များဖြင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးကဏ္ဍများတွင် ပါတီ၏ မူဝါဒလုပ်ငန်းစဉ်များကို ပါဝင်ဆောင်ရွက်ခွင့်ရရှိခြင်းနှင့်အတူ မိမိပါတီမှ ဦးဆောင်ကာ အစိုးရဖွဲ့စည်းဆောင်ရွက်နိုင်ရန် ကြိုးပမ်းကြရသည်။
Subscribe to